အိမ္ျခံေျမအေရာင္းထက္ အငွါးသြက္ ၊ အငွါးထက္ အေပါင္သြက္ ရွင္းရတာခပ္ခက္ခက္

အိမ္ျခံေျမအေရာင္းထက္ အငွါးသြက္ ၊ အငွါးထက္ အေပါင္သြက္ ရွင္းရတာခပ္ခက္ခက္ - Property Knowledge in Myanmar from iMyanmarHouse.com
29 Oct 2019 1:22 pm တွင် တင်ခဲ့သည်
1007 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

ယခုတေလာ အိမ္ျခံေျမအေရာင္းအဝယ္မ်ားလာတာ ျမင္ေတြ႕ရပါတယ္။ အိမ္ျခံေျမအက်ိဳးေဆာင္မ်ားလည္ အလုပ္ရႈပ္ေနၾကပါတယ္။ အခ်ိဳ႕ အိမ္ျခံေျမအက်ိဳးေဆာင္ေတြကလည္း ဒီကေန ဘယ္ျမိဳ႕နယ္ ၊ ဘယ္ေျမကြက္ကို တန္ဖိုးဘယ္ေလာက္နဲ႕အေရာင္းအဝယ္ျဖစ္သြားတဲ့အေၾကာင္း စာခ်ဳပ္ခ်ဳပ္ေနစဥ္မွာ ေငြထုတ္ၾကီးကို လူအမ်ားျမင္ေအာင္ ဓာတ္ပံုရုိက္ျပျပီး Facebook မွာ တင္ထားၾကတာကို ေတြ႕ရပါတယ္ ။ ဂုဏ္ယူမဆံုး “ လက္မ ” ေထာင္ျပီး လိုင္းေပၚမွာ တင္ေနၾကတာျပံဳးလို႕ရြင္လို႕ ျမင္ရသူေတြၾကည္ႏူးအားက်စရာပါဘဲေနာ္……..

အေရာင္းထက္အငွါးသြက္

အခ်ိဳ႕အက်ိဳးေဆာင္ေတြက်ေတာ့လည္း တိုက္ခန္းငွါးရမ္းလိုသူမ်ားလြန္းလို႕ လံုးခ်င္းတိုက္ေတြ ၊ တိုက္ခန္းေတြ ။ အိမ္ေတြလိုက္ရွာေနၾကတယ္။ ပြဲစားအခ်င္းခ်င္းခ်ိတ္ဆက္ျပီး ဖုန္းတဂြမ္ဂြမ္နဲ႕အလုပ္ရႈပ္ေနၾကတာ ဆိုတာသိႏိုင္ပါတယ္။ ျမိဳ႕တြင္းျမိဳ႕ျပင္ေတြမွာ သူေနရာနဲ႕သူအဆင္ေျပေနၾကတာကိုျမင္ေတြ႕ေနရလို႕အားက်ေနမိပါတယ္။ အိမ္ျခံေျမတိုက္ခန္းအငွါးေဈးကြက္သြက္လာတယ္လို႕ ဆိုႏိုင္ပါတယ္။

လႈပ္ေလျမွပ္ေလ ၊ အရႈတ္ေပြ

အခ်ိဳ႕ေရာင္းလိုသူ ေငြလိုသူ တခ်ိဳ႕က်ေတာ့လည္း၊ အခုလိုအိမ္ျခံေျမအေရာင္းအဝယ္ေတြလိုက္လာတဲ့အထိ မေစာင့္ႏိုင္လို႕ မိမိရဲ႕ပိုင္ဆိုင္တဲ့ ေျမနဲ႔အိမ္တို႕ကို အရပ္ထဲက ေငြတိုးေပးစားသူထံမွာ မ်က္နွာငယ္ငယ္နဲ႕ ေပါင္နွံၾကရတယ္။ ဒီလို ေပါင္နွံရျခင္းကလည္း အျခားတစ္ဖက္မွာ စီးပြားေရးလုပ္ငန္းတစ္ခုလုပ္ရင္းေငြျမွဳပ္သြားလို႕ ေခ်းငွါးရတာမ်ိဳးျဖစ္ပါတယ္။ လုပ္ငန္းတစ္ခုခုမွာ ေငြျမွဳပ္သြားရင္လည္း ၁၀ သိန္း ၊ ၁၅ သိန္း မဟုတ္ဘဲ သိန္းတစ္ရာ ၊ နွစ္ရာ မ်ိဳးျဖစ္တတ္ပါတယ္။လိုအပ္ၾကတာပါ ၊ ဒီလိုအရင္းအနွီးကိုလိုခ်င္ရင္ ပိုင္ဆိုင္မႈတစ္ခုခုေပးမွ ေငြတိုးေပးစားသူကလည္း ေငြထုတ္ေပးမွာေလ။ ဒီေတာ့ ေျမနဲ႕အိမ္ကိုေပါင္ၾကရတယ္။ ဒီလိုေပါင္နွံရသူေတြအထဲမွာ ၊ လိႈင္သာယာက မျပံဳးလည္းပါတာေပါ့ “ မျပံဳး” က လပြတၱာျမိဳ႕နယ္က လမ္းေဖာက္လုပ္ေရးမွာ တစ္ႏိုင္တစ္ပိုင္ “ဆပ္ ” ကန္ထရုိက္ဝင္လုပ္တယ္။ သက္ဆိုင္ရာအဖြဲ႕က ေငြခ်မေပးခင္စပ္ၾကားမွာ အလုပ္သမားခ ေငြရွင္းေပးဖို႕လိုအပ္တာေၾကာင့္ လိႈင္သာယာကရပ္ကြက္တစ္ခုမွေငြကို ေပးစားသူတစ္ဦးထံမွာ အေဆာင္ေဆာက္လုပ္ထားတဲ့ မိမိပိုင္ေျမနဲ႕ အိမ္ဂရန္ကို ေပါင္နွံျပီး ေငြသိန္း ၁၀၀ ေခ်းခဲ့တယ္ ။

ပထမေခ်းငွါးစဥ္ကေတာ့ ရမယ့္ေငြေတြက ၃ လေလာက္ပဲၾကာမယ္ထင္တာနဲ႕ ေငြရွင္ထံက သိန္း ၁၀၀ ဘဲ ေခ်းလိုက္တာပါ။ ဒါေပမယ့္ (၃) လေလာက္ၾကာလည္း သက္ဆိုင္ရာက တစ္လံုးတစ္ခဲတည္း မေပးဘဲခြဲေပးေတာ့ ေရွ႕ဆက္လည္ပတ္ဖို႕ အခက္အခဲျဖစ္ရေတာ့တာေပါ့။ ဒီေတာ့ အတိုးကို ပံုမွန္ေပးျပီး ေနာက္ထပ္ သိန္း ၅၀ ေလာက္ထပ္ေခ်းရျပန္ေရာ ။အရင္က သိန္း ၁၅၀ ရွထားိလို႕အတိုးမွန္မွန္ေပးႏိုင္ေအာင္ၾကိဳးစားေနရတယ္။

လုပ္ငန္းေတြကိုလည္း မိုးမက်မွီ အျပီးလုပ္ႏိုင္ေအာင္ၾကိဳးစားရင္းဘဲ မျပီးစီးႏိုင္ျဖစ္ခဲ့ပါတယ္။ ပိုဆိုးတာက ဒီနွစ္မိုးရာသီမွာျပီးခဲ့တဲ့နွစ္ထက္ ပိုျပီး ေရၾကီးေရလွ်ံေတြျဖစ္ေတာ့လုပ္ငန္းကို ဆက္လက္ျပီး မလည္ပတ္ႏိုင္ေတာ့ဘူးေလ ။ အလုပ္ေတြရပ္ဆိုင္းေနရေပမယ့္ ၊ ေခ်းထားတဲ့ အတိုးေတြက ရပ္မေနဘူးေလ။ ၅ လနီးပါးျဖစ္သြားတယ္။ ဒီအခ်ိန္အထိ လပြတၱာက ရန္ကုန္ကို မျပန္ႏိုင္ေသးဘူးျဖစ္ေနတယ္။

ဒီလိုအေျခအေနေရာက္ေနတဲ့ အခ်ိန္မွာ မျပံဳးေပါင္နွံထားတဲ့ ေငြရွင္ကမျပံဳးရဲ႕ အိမ္/အေဆာင္ေရွ႕မွာ ေရာက္လာျပီး “ အေဆာင္” ေပၚကအိမ္ငွါးေတြ အခုခ်က္ခ်င္းဆင္းဒီအခ်ိ္န္ကစျပီး ဒီအိမ္ဟာ ငါ့အိမ္ျဖစ္သြားျပီ နင္တို႕အိမ္ရွင္ မျပံဳးက ငါ့ကိုေရာင္းထားတာ အားလံုးဆင္းၾက လို႕ တစ္ရပ္ကြက္လံုးၾကားေအာင္ေအာ္ဟစ္ေျပာဆိုပါေတာ့တယ္။ ပါစပ္ကၾကမ္းၾကမ္းတမ္းတမ္း ေျပာလည္းေျပာတယ္သူေခၚလာတဲ့ သဲကား (၂) စီးနဲ႕ အုတ္ကား (၁) စီးေပၚကသဲေတြအုတ္ေတြကို အိမ္ေရွ႕တည့္တည့္မွာ ခ်ပါေတာ့တယ္။ ရည္ရြယ္ခ်က္ကေတာ့ အိမ္ျပင္ေဆာက္မယ္/ျခံခတ္မယ္ ဆိုတဲ့သေဘာပါဘဲ။

ဒီအေၾကာင္းကို လပၸတၱာျမိဳ႕နယ္မွာ ေရာက္ေနတဲ့ အိမ္ပိုင္ရွင္ မျပံဳးကို အိမ္ငွါးေတြက ဖုန္းဆက္တိုင္ၾကေတာ့တာေပါ့။ ဒီေတာ့မွ မျပံဳးလည္း ေျခမကိုင္မိလက္မကိုင္မိျဖစ္ျပီး အဲဒီအေဆာင္နဲ႕ မနီးမေဝးမွာရွိတဲ့ အေဖနဲ႕ေမာင္နွမေတြလွမ္းေခၚျပီး အေဆာင္ကိုသြားခိုင္ရပါတယ္။ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးထံမွာ အျဖစ္မွန္ေပါင္နွံတာျဖစ္တဲ့အေၾကာင္းေျပာရတာေပါ့ အေပါင္သာေျပာကာေငြရွင္ကလည္း ဂ်င္ဂ်င္လည္သူဆိုေတာ့ အေပါင္စာခ်ဳပ္ထဲမွာ အတိုးအရင္းဘယ္ေလာက္ကိုေငြေခ်းထားတာပါလို႕ အမွန္မေျပာဘူးရွင္းျပလည္းမရဘူး၊ ဟန္ေဆာင္အေရာင္းအဝယ္စာခ်ဳပ္ကို ထုတ္ျပတယ္။ ဝယ္သူကိုယ္တိုင္လက္မွတ္ထိုးထာတယ္။ လက္ေဗြႏွိပ္ခိုင္းထားတယ္။ခိုင္မာေအာင္လုပ္ထားတဲ့သေဘာေပါ့။

ေလာဘမီး ျငိမ္းေစဖို႕ေျဖရွင္းေပးၾကစို႕

ဟန္ေဆာင္စာခ်ဳပ္ဆိုတာ တရားမဝင္ဘူးလို႕ေျပာမွာစိုးတဲ့အတြက္ ေငြရွင္ေတြကလည္း အေရာင္းအဝယ္စာခ်ဳပ္ျပီး “ ႏိုၾတီ ” အရာရွိ္လက္မွတ္ထိုးခိုင္းထားတယ္။ တကယ္အေရာင္းအဝယ္လုပ္ထားတဲ့ သေဘာေပါ့။ မျပံဳးကလည္း ေခတၱေစာင့္အေဝးက ဖုန္းနဲ႕ေတာင္းပန္ရတာေပါ့ ေငြရွင္ကလည္းတစ္ပါတ္ျပည့္လို႕မွ မလာရင္ သိမ္းမယ္လို႕ရာဇသံေပးပါေတာ့တယ္။ မျပံဳးလည္း လပၸတၱာျမိဳ႕က အခ်ိန္မွီလာခဲ့ရပါေတာ့တယ္။

မျပံဳးလည္း ရန္ကုန္ေရာက္တာနဲ႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးထံအေျပးအလႊာသြားျပီး ခရီးသြားလို႕ေငြအခက္အခဲျဖစ္သြားတဲ့ အေၾကာင္းရွင္းျပရတာေပါ့ ေနာက္ဆံုးေတာ့လည္း အက်ယ္က်ယ္မျငိမ္းဖြယ္ေတြျဖစ္မွာစိုးတဲ့အတြက္ နွစ္ဘက္ညွိႏိႈင္းၾကရပါေတာ့တယ္။ ကာလတစ္ခုအထိ ေစာင့္ျပီး အေျပေက်ေပးပါ့မယ္လို႕ ညွိႏိႈင္းလိုက္ေတာ့မွ ေလာဘမီးကေခတၱျငိမ္းႏိုင္လိုက္ပါတယ္။ဒီလိုအေပါင္ကိစၥမ်ိဳးေတြဆိုတာကေအာက္ေျခမွာအဆင္ေျပေအာင္ညွိႏိႈင္းရင္ညွိႏိႈင္းလို႕အဆင္ေျပရင္အေကာင္းဆံုးပါဘဲ။ညွိႏိႈင္းလို႕မရဘဲ တစ္ဖက္နဲ႕တစ္ဖက္တင္းခံေနၾကရင္ေတာ့ တရားရုံးေရာက္ၾကမွာအမွန္ဘဲ ။

ဒီလို ဟန္ေဆာင္အေရာင္းအဝယ္စာခ်ဳပ္ ကိစၥေတြကလည္း အခုေခတ္မွေပၚလာတဲ့ ကိစၥမဟုတ္ပါဘူး အရင္ေခတ္ေတြကလည္းရွိခဲ့တာဘဲ ျမန္မာႏိုင္ငံတရားစီရင္ထံုးေတြေလ့လာၾကည့္ရင္ သိႏို္င္ပါတယ္။

ဒီကေန ေငြတိုးေပးစားသူေတြကေတာ့ အတိုးရခ်င္လို႕ေငြေခ်းတာဘဲ တရားစြဲျပီးေတာ့ေတာင္းယူရတဲ့ အခ်ိန္ကာလကို မေစာင့္ႏိုင္ၾကဘူး။ဒါေၾကာင့္ ညွိႏိႈင္းမႈကိုပိုျပီးသေဘာက်သူမ်ားပါတယ္။ အိမ္ဂရန္ေပါင္ျပီး အတိုးနဲ႕ ေငြယူတဲ့လူေတြကေတာ့ အရင္းထက္အတိုးကမ်ားပါတယ္ အိမ္ဂရန္ေပါင္ျပီး အတိုးနဲ႕ေငြယူတဲ့လူေတြကေတာ့ အရင္းထက္အတိုးကမ်ားလာ ၾကရင္ေတာ့ ဘယ္ညွိႏိႈင္းခ်င္ၾကပါမလဲ။ “ ေပါက္တဲ့ နဖူး မထူးေတာ့ဘူး ” ဆိုတဲ့စိတ္နဲ႕ ေငြရွင္ထံကယုူထားတဲ့ေငြကို ျပန္လည္ေပးဆပ္လိုမႈနဲ႕လက္ဦးမႈရယူျပီး တရားစြဲခ်င္ၾကတယ္။

အခုလည္း မျပံဳး အေနနဲ႕ ဂရန္ေပါင္ေငြေခ်းတဲ့ကိစၥညွိၾကမလား ေငြရွင္ဖက္ကတရားစြဲရင္ဘယ္လိုေျဖရွင္းရမလဲဆိုတာ ပိတ္ကားေပၚမွာဘဲ ေစာင့္ၾကည့္ရေတာ့မယ့္အေျခအေနမ်ိဳးေရာက္ေနျပီး ေငြေခ်းသူနဲ႕ ေငြလက္ခံသူတို႕ဘာလုပ္သင့္သလဲဆံုးျဖတ္ဖို႕ဘဲရွိ္ေတာ့တယ္။ ( YES Or No) ဘဲ

စာဖတ္သူမ်ား သင္ခန္းစာယူႏိုင္ၾကပါေစ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ယခုတလော အိမ်ခြံမြေအရောင်းအဝယ်များလာတာ မြင်တွေ့ရပါတယ်။ အိမ်ခြံမြေအကျိုးဆောင်များလည် အလုပ်ရှုပ်နေကြပါတယ်။ အချို့ အိမ်ခြံမြေအကျိုးဆောင်တွေကလည်း ဒီကနေ ဘယ်မြို့နယ် ၊ ဘယ်မြေကွက်ကို တန်ဖိုးဘယ်လောက်နဲ့အရောင်းအဝယ်ဖြစ်သွားတဲ့အကြောင်း စာချုပ်ချုပ်နေစဉ်မှာ ငွေထုတ်ကြီးကို လူအများမြင်အောင် ဓာတ်ပုံရိုက်ပြပြီး Facebook မှာ တင်ထားကြတာကို တွေ့ရပါတယ် ။ ဂုဏ်ယူမဆုံး “ လက်မ ” ထောင်ပြီး လိုင်းပေါ်မှာ တင်နေကြတာပြုံးလို့ရွင်လို့ မြင်ရသူတွေကြည်နူးအားကျစရာပါဘဲနော်……..

အရောင်းထက်အငှါးသွက်…

အချို့အကျိုးဆောင်တွေကျတော့လည်း တိုက်ခန်းငှါးရမ်းလိုသူများလွန်းလို့ လုံးချင်းတိုက်တွေ ၊ တိုက်ခန်းတွေ ။ အိမ်တွေလိုက်ရှာနေကြတယ်။ ပွဲစားအချင်းချင်းချိတ်ဆက်ပြီး ဖုန်းတဂွမ်ဂွမ်နဲ့အလုပ်ရှုပ်နေကြတာ ဆိုတာသိနိုင်ပါတယ်။ မြို့တွင်းမြို့ပြင်တွေမှာ သူနေရာနဲ့သူအဆင်ပြေနေကြတာကိုမြင်တွေ့နေရလို့အားကျနေမိပါတယ်။ အိမ်ခြံမြေတိုက်ခန်းအငှါးဈေးကွက်သွက်လာတယ်လို့ ဆိုနိုင်ပါတယ်။

လှုပ်လေမြှပ်လေ ၊ အရှုတ်ပွေ

အချို့ရောင်းလိုသူ ငွေလိုသူ တချို့ကျတော့လည်း၊ အခုလိုအိမ်ခြံမြေအရောင်းအဝယ်တွေလိုက်လာတဲ့အထိ မစောင့်နိုင်လို့ မိမိရဲ့ပိုင်ဆိုင်တဲ့ မြေနဲ့အိမ်တို့ကို အရပ်ထဲက ငွေတိုးပေးစားသူထံမှာ မျက်နှာငယ်ငယ်နဲ့ ပေါင်နှံကြရတယ်။ ဒီလို ပေါင်နှံရခြင်းကလည်း အခြားတစ်ဖက်မှာ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ရင်းငွေမြှုပ်သွားလို့ ချေးငှါးရတာမျိုးဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုခုမှာ ငွေမြှုပ်သွားရင်လည်း ၁၀ သိန်း ၊ ၁၅ သိန်း မဟုတ်ဘဲ သိန်းတစ်ရာ ၊ နှစ်ရာ မျိုးဖြစ်တတ်ပါတယ်။လိုအပ်ကြတာပါ ၊ ဒီလိုအရင်းအနှီးကိုလိုချင်ရင် ပိုင်ဆိုင်မှုတစ်ခုခုပေးမှ ငွေတိုးပေးစားသူကလည်း ငွေထုတ်ပေးမှာလေ။ ဒီတော့ မြေနဲ့အိမ်ကိုပေါင်ကြရတယ်။ ဒီလိုပေါင်နှံရသူတွေအထဲမှာ ၊ လှိုင်သာယာက မပြုံးလည်းပါတာပေါ့ “ မပြုံး” က လပွတ္တာမြို့နယ်က လမ်းဖောက်လုပ်ရေးမှာ တစ်နိုင်တစ်ပိုင် “ဆပ် ” ကန်ထရိုက်ဝင်လုပ်တယ်။ သက်ဆိုင်ရာအဖွဲ့က ငွေချမပေးခင်စပ်ကြားမှာ အလုပ်သမားခ ငွေရှင်းပေးဖို့လိုအပ်တာကြောင့် လှိုင်သာယာကရပ်ကွက်တစ်ခုမှငွေကို ပေးစားသူတစ်ဦးထံမှာ အဆောင်ဆောက်လုပ်ထားတဲ့ မိမိပိုင်မြေနဲ့ အိမ်ဂရန်ကို ပေါင်နှံပြီး ငွေသိန်း ၁၀၀ ချေးခဲ့တယ် ။

ပထမချေးငှါးစဉ်ကတော့ ရမယ့်ငွေတွေက ၃ လလောက်ပဲကြာမယ်ထင်တာနဲ့ ငွေရှင်ထံက သိန်း ၁၀၀ ဘဲ ချေးလိုက်တာပါ။ ဒါပေမယ့် (၃) လလောက်ကြာလည်း သက်ဆိုင်ရာက တစ်လုံးတစ်ခဲတည်း မပေးဘဲခွဲပေးတော့ ရှေ့ဆက်လည်ပတ်ဖို့ အခက်အခဲဖြစ်ရတော့တာပေါ့။ ဒီတော့ အတိုးကို ပုံမှန်ပေးပြီး နောက်ထပ် သိန်း ၅၀ လောက်ထပ်ချေးရပြန်ရော ။အရင်က သိန်း ၁၅၀ ရှထားိလို့အတိုးမှန်မှန်ပေးနိုင်အောင်ကြိုးစားနေရတယ်။

လုပ်ငန်းတွေကိုလည်း မိုးမကျမှီ အပြီးလုပ်နိုင်အောင်ကြိုးစားရင်းဘဲ မပြီးစီးနိုင်ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ဒီနှစ်မိုးရာသီမှာပြီးခဲ့တဲ့နှစ်ထက် ပိုပြီး ရေကြီးရေလျှံတွေဖြစ်တော့လုပ်ငန်းကို ဆက်လက်ပြီး မလည်ပတ်နိုင်တော့ဘူးလေ ။ အလုပ်တွေရပ်ဆိုင်းနေရပေမယ့် ၊ ချေးထားတဲ့ အတိုးတွေက ရပ်မနေဘူးလေ။ ၅ လနီးပါးဖြစ်သွားတယ်။ ဒီအချိန်အထိ လပွတ္တာက ရန်ကုန်ကို မပြန်နိုင်သေးဘူးဖြစ်နေတယ်။

ဒီလိုအခြေအနေရောက်နေတဲ့ အချိန်မှာ မပြုံးပေါင်နှံထားတဲ့ ငွေရှင်ကမပြုံးရဲ့ အိမ်/အဆောင်ရှေ့မှာ ရောက်လာပြီး “ အဆောင်” ပေါ်ကအိမ်ငှါးတွေ အခုချက်ချင်းဆင်းဒီအချိန်ကစပြီး ဒီအိမ်ဟာ ငါ့အိမ်ဖြစ်သွားပြီ နင်တို့အိမ်ရှင် မပြုံးက ငါ့ကိုရောင်းထားတာ အားလုံးဆင်းကြ လို့ တစ်ရပ်ကွက်လုံးကြားအောင်အော်ဟစ်ပြောဆိုပါတော့တယ်။ ပါစပ်ကကြမ်းကြမ်းတမ်းတမ်း ပြောလည်းပြောတယ်သူခေါ်လာတဲ့ သဲကား (၂) စီးနဲ့ အုတ်ကား (၁) စီးပေါ်ကသဲတွေအုတ်တွေကို အိမ်ရှေ့တည့်တည့်မှာ ချပါတော့တယ်။ ရည်ရွယ်ချက်ကတော့ အိမ်ပြင်ဆောက်မယ်/ခြံခတ်မယ် ဆိုတဲ့သဘောပါဘဲ။

ဒီအကြောင်းကို လပ္ပတ္တာမြို့နယ်မှာ ရောက်နေတဲ့ အိမ်ပိုင်ရှင် မပြုံးကို အိမ်ငှါးတွေက ဖုန်းဆက်တိုင်ကြတော့တာပေါ့။ ဒီတော့မှ မပြုံးလည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး အဲဒီအဆောင်နဲ့ မနီးမဝေးမှာရှိတဲ့ အဖေနဲ့မောင်နှမတွေလှမ်းခေါ်ပြီး အဆောင်ကိုသွားခိုင်ရပါတယ်။ရပ်ကွက်အုပ်ချုပ်ရေးမှုးထံမှာ အဖြစ်မှန်ပေါင်နှံတာဖြစ်တဲ့အကြောင်းပြောရတာပေါ့ အပေါင်သာပြောကာငွေရှင်ကလည်း ဂျင်ဂျင်လည်သူဆိုတော့ အပေါင်စာချုပ်ထဲမှာ အတိုးအရင်းဘယ်လောက်ကိုငွေချေးထားတာပါလို့ အမှန်မပြောဘူးရှင်းပြလည်းမရဘူး၊ ဟန်ဆောင်အရောင်းအဝယ်စာချုပ်ကို ထုတ်ပြတယ်။ ဝယ်သူကိုယ်တိုင်လက်မှတ်ထိုးထာတယ်။ လက်ဗွေနှိပ်ခိုင်းထားတယ်။ခိုင်မာအောင်လုပ်ထားတဲ့သဘောပေါ့။

လောဘမီး ငြိမ်းစေဖို့ဖြေရှင်းပေးကြစို့

ဟန်ဆောင်စာချုပ်ဆိုတာ တရားမဝင်ဘူးလို့ပြောမှာစိုးတဲ့အတွက် ငွေရှင်တွေကလည်း အရောင်းအဝယ်စာချုပ်ပြီး “ နိုတြီ ” အရာရှိလက်မှတ်ထိုးခိုင်းထားတယ်။ တကယ်အရောင်းအဝယ်လုပ်ထားတဲ့ သဘောပေါ့။ မပြုံးကလည်း ခေတ္တစောင့်အဝေးက ဖုန်းနဲ့တောင်းပန်ရတာပေါ့ ငွေရှင်ကလည်းတစ်ပါတ်ပြည့်လို့မှ မလာရင် သိမ်းမယ်လို့ရာဇသံပေးပါတော့တယ်။ မပြုံးလည်း လပ္ပတ္တာမြို့က အချိန်မှီလာခဲ့ရပါတော့တယ်။

မပြုံးလည်း ရန်ကုန်ရောက်တာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံအပြေးအလွှာသွားပြီး ခရီးသွားလို့ငွေအခက်အခဲဖြစ်သွားတဲ့ အကြောင်းရှင်းပြရတာပေါ့ နောက်ဆုံးတော့လည်း အကျယ်ကျယ်မငြိမ်းဖွယ်တွေဖြစ်မှာစိုးတဲ့အတွက် နှစ်ဘက်ညှိနှိုင်းကြရပါတော့တယ်။ ကာလတစ်ခုအထိ စောင့်ပြီး အပြေကျေပေးပါ့မယ်လို့ ညှိနှိုင်းလိုက်တော့မှ လောဘမီးကခေတ္တငြိမ်းနိုင်လိုက်ပါတယ်။ ဒီလိုအပေါင်ကိစ္စမျိုးတွေဆိုတာကအောက်ခြေမှာအဆင်ပြေအောင်ညှိနှိုင်းရင်ညှိနှိုင်းလို့အဆင်ပြေရင်အကောင်းဆုံးပါဘဲ။ညှိနှိုင်းလို့မရဘဲ တစ်ဖက်နဲ့တစ်ဖက်တင်းခံနေကြရင်တော့ တရားရုံးရောက်ကြမှာအမှန်ဘဲ ။

ဒီလို ဟန်ဆောင်အရောင်းအဝယ်စာချုပ် ကိစ္စတွေကလည်း အခုခေတ်မှပေါ်လာတဲ့ ကိစ္စမဟုတ်ပါဘူး အရင်ခေတ်တွေကလည်းရှိခဲ့တာဘဲ မြန်မာနိုင်ငံတရားစီရင်ထုံးတွေလေ့လာကြည့်ရင် သိနိုင်ပါတယ်။

ဒီကနေ ငွေတိုးပေးစားသူတွေကတော့ အတိုးရချင်လို့ငွေချေးတာဘဲ တရားစွဲပြီးတော့တောင်းယူရတဲ့ အချိန်ကာလကို မစောင့်နိုင်ကြဘူး။ဒါကြောင့် ညှိနှိုင်းမှုကိုပိုပြီးသဘောကျသူများပါတယ်။ အိမ်ဂရန်ပေါင်ပြီး အတိုးနဲ့ ငွေယူတဲ့လူတွေကတော့ အရင်းထက်အတိုးကများပါတယ် အိမ်ဂရန်ပေါင်ပြီး အတိုးနဲ့ငွေယူတဲ့လူတွေကတော့ အရင်းထက်အတိုးကများလာ ကြရင်တော့ ဘယ်ညှိနှိုင်းချင်ကြပါမလဲ။ “ ပေါက်တဲ့ နဖူး မထူးတော့ဘူး ” ဆိုတဲ့စိတ်နဲ့ ငွေရှင်ထံကယုူထားတဲ့ငွေကို ပြန်လည်ပေးဆပ်လိုမှုနဲ့လက်ဦးမှုရယူပြီး တရားစွဲချင်ကြတယ်။

အခုလည်း မပြုံး အနေနဲ့ ဂရန်ပေါင်ငွေချေးတဲ့ကိစ္စညှိကြမလား ငွေရှင်ဖက်ကတရားစွဲရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပိတ်ကားပေါ်မှာဘဲ စောင့်ကြည့်ရတော့မယ့်အခြေအနေမျိုးရောက်နေပြီး ငွေချေးသူနဲ့ ငွေလက်ခံသူတို့ဘာလုပ်သင့်သလဲဆုံးဖြတ်ဖို့ဘဲရှိတော့တယ်။ ( YES Or No) ဘဲ

စာဖတ်သူများ သင်ခန်းစာယူနိုင်ကြပါစေ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service