ေဟာင္ေကာင္ဇိမ္ခံအိမ္ရင္းႏွီးျမႇဳပ္ႏွံသူမ်ား လအငွားမွ ေန႔အငွားသို႔ နည္းဗ်ဴဟာေျပာင္းလာ

ေဟာင္ေကာင္ဇိမ္ခံအိမ္ရင္းႏွီးျမႇဳပ္ႏွံသူမ်ား လအငွားမွ ေန႔အငွားသို႔ နည္းဗ်ဴဟာေျပာင္းလာ - Property News in Myanmar from iMyanmarHouse.com
29 Oct 2019 11:21 am တွင် တင်ခဲ့သည်
857 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္တြင္ အစိုးရဆန္႔က်င္ဆႏၵျပမႈမ်ားႏွင့္ ႏွစ္ခ်ီလာေသာ အေမရိကန္တ႐ုတ္ကုန္သြယ္ေရးစစ္ပြဲတို႔က ေဟာင္ေကာင္အိမ္ၿခံေျမေဈးကြက္ကို အစိတ္အစိတ္အမႊာအမႊာက်ဳိးပဲ့ေစၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအား သူတို႔၏အိမ္ၿခံေျမမ်ားကို အြန္လိုင္းအက်ဳိးေဆာင္ကုမၸဏီ Airbnb မွတစ္ဆင့္ ေန႔တြက္ျဖင့္ ငွားရမ္းရျခင္း သို႔မဟုတ္ ကာလလတ္ငွားရမ္းမည့္ အိမ္ငွားမ်ားကို ရွာေဖြရန္ အက်ဳိးေဆာင္မ်ားငွားရမ္းရျခင္းတို႔ ျဖစ္ေစေၾကာင္း South China Morning Post သတင္းစာက အစီရင္ခံခဲ့သည္။

ဥပမာ Sheung Sui အရပ္ Valais အိမ္ရာရွိ အိပ္ခန္းေလးခန္းပါတိုက္ခန္း (အက်ယ္အဝန္း ၁၈၄ စတုရန္းမီတာ) တစ္ခန္းအား တစ္ေန႔တာငွားရမ္းခႏႈန္းထားမွာ ေဟာင္ေကာင္ေဒၚလာ ၁၁၈၀၀ (အေမရိကန္ေဒၚလာ ၁,၅၀၅) ေဈးေခၚေၾကာင္း သိရသည္။

ထိုေဈးႏႈန္းက အိမ္ငွားအား အိမ္ရာရွိ ေရကူးကန္၊ အားကစားခန္းမ၊ အိမ္တြင္းရွိ စႏၵယား၊ ကား ၈ စီးစာ ပါကင္ေနရာတို႔ကို အသံုးျပဳခြင့္ရရွိေစမည္ျဖစ္သည္။ အိမ္ႏွင့္အတူ ပါဝင္ေသာ လူခုနစ္ဦးဆံ့ SUV ကားကို ငွားရမ္းသူမွမလိုအပ္ပါက အိမ္ငွားခေန႔တြက္စာထဲမွ ေဟာင္ေကာင္ေဒၚလာ ၂,၅၀၀ ျဖတ္ေတာက္ေလွ်ာ့ခ်ႏုိင္ေပသည္။

ျဖစ္ပြားလ်က္ရွိေသာ ႏုိင္ငံေရးခိုက္ရန္ပဋိပကၡႏွင့္ အေမရိကန္တ႐ုတ္ကုန္သြယ္ေရးစစ္ပြဲတို႔၏ ဟန္႔တားျခင္းမခံရမီအထိ ေဟာင္ေကာင္အိမ္ၿခံေျမေဈးကြက္သည္ ေဈးႏႈန္းျမင့္တက္ခ်ိန္ႏွင့္ ဆယ္စုႏွစ္ၾကာ ရင္ဆုိင္ခဲ့ရသည္။

၁၉ ပတ္တိုင္လာၿပီးေနာက္ လမ္းေပၚထြက္စုေဝးဆႏၵျပမႈမ်ားသည္ လက္သရမ္းရမ္းကားဖ်က္ဆီးမႈႏွင့္ အၾကမ္းဖက္ရက္စက္ၾကမ္းၾကဳတ္မႈအဆင့္သို႔ ဆိုးရြားစြာအေျခဆိုက္လာၿပီး ခရီးသြားမ်ားအား ေဒသတြင္းမွထြက္ေျပးေစကာ ေဒသတြင္းစီးပြားေရးအား က်ဆင္းေစသည္။

Sheng Shui ဧရိယာသည္ပင္ ႐ုန္းရင္းဆန္ခတ္မႈမ်ားမွ မလြတ္ခဲ့ဘဲ ဇူလိုင္ ၁၄ ၿငိမ္းခ်မ္းစြာဆႏၵျပမႈက ယင္းဧရိယာရွိ ေဈးဝယ္စင္တာတစ္ခုတြင္ ဝ႐ုန္းသုန္းကားဖ႐ိုဖရဲအေျခအေနျဖစ္ပ်က္ခဲ့သည္။

Valais villa ပိုင္ရွင္ကိုယ္စားျပဳ အိမ္ၿခံေျမအက်ဳိးေဆာင္ ဖရန္ကီလမ္က “ဒီလိုေဈးကြက္အေျခအေနမ်ဳိးမွာ ဘယ္သူကမွ ဝယ္ခ်င္စိတ္မရွိပါဘူး။ Valais မွာဆို ေရာင္းမယ့္အိမ္တိုင္း အ႐ႈံးခံၿပီး ျပန္ေရာင္းေနတာပါ” ဟု ေျပာၾကားခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္ ပထမသံုးလပတ္မကုန္မီ ဗီလာေဈးႏႈန္းမ်ားသည္ ၎တို႔၏အျမင့္ဆံုးအမွတ္မွ ၂၀ ရာခိုင္ႏႈန္းသို႔ က်ဆင္းႏိုင္ေၾကာင္း Centaline အိမ္ၿခံေျမေအဂ်င္စီ၏ ေဈးကြက္မန္ေနဂ်ာ Walter Tam က ေျပာၾကားခဲ့သည္။ ေဈးႏႈန္းမ်ားအား ထိုပမာဏသို႔ ေလွ်ာ့ခ်ေစရန္ ဗီလာပိုင္ရွင္မ်ားအတြက္ သံုးလမွငါးလအၾကား ပံုမွန္အားျဖင့္ ၾကာျမင့္သည္ဟုလည္း သူက ရွင္းျပခ့ဲသည္။ ထို႔အျပင္ အိမ္ႀကီးမ်ားသည္ ၾသဂုတ္လကုန္မွ ေအာက္တိုဘာ ၆ အထိ ၁ ဒသမ ၃ ရာခိုင္ႏႈန္း ေဈးႏႈန္းက်ဆင္းမႈႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္း Centaline ေအဂ်င္စီ၏ အိမ္ေဈးအပတ္စဥ္ညႊန္းကိန္း Centa-City Leading Index က ေဖာ္ျပခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ဟောင်ကောင်တွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများနှင့် နှစ်ချီလာသော အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲတို့က ဟောင်ကောင်အိမ်ခြံမြေဈေးကွက်ကို အစိတ်အစိတ်အမွှာအမွှာကျိုးပဲ့စေပြီး ရင်းနှီးမြှုပ်နှံသူများအား သူတို့၏အိမ်ခြံမြေများကို အွန်လိုင်းအကျိုးဆောင်ကုမ္ပဏီ Airbnb မှတစ်ဆင့် နေ့တွက်ဖြင့် ငှားရမ်းရခြင်း သို့မဟုတ် ကာလလတ်ငှားရမ်းမည့် အိမ်ငှားများကို ရှာဖွေရန် အကျိုးဆောင်များငှားရမ်းရခြင်းတို့ ဖြစ်စေကြောင်း South China Morning Post သတင်းစာက အစီရင်ခံခဲ့သည်။

ဥပမာ Sheung Sui အရပ် Valais အိမ်ရာရှိ အိပ်ခန်းလေးခန်းပါတိုက်ခန်း (အကျယ်အဝန်း ၁၈၄ စတုရန်းမီတာ) တစ်ခန်းအား တစ်နေ့တာငှားရမ်းခနှုန်းထားမှာ ဟောင်ကောင်ဒေါ်လာ ၁၁၈၀၀ (အမေရိကန်ဒေါ်လာ ၁,၅၀၅) ဈေးခေါ်ကြောင်း သိရသည်။

ထိုဈေးနှုန်းက အိမ်ငှားအား အိမ်ရာရှိ ရေကူးကန်၊ အားကစားခန်းမ၊ အိမ်တွင်းရှိ စန္ဒယား၊ ကား ၈ စီးစာ ပါကင်နေရာတို့ကို အသုံးပြုခွင့်ရရှိစေမည်ဖြစ်သည်။ အိမ်နှင့်အတူ ပါဝင်သော လူခုနစ်ဦးဆံ့ SUV ကားကို ငှားရမ်းသူမှမလိုအပ်ပါက အိမ်ငှားခနေ့တွက်စာထဲမှ ဟောင်ကောင်ဒေါ်လာ ၂,၅၀၀ ဖြတ်တောက်လျှော့ချနိုင်ပေသည်။

ဖြစ်ပွားလျက်ရှိသော နိုင်ငံရေးခိုက်ရန်ပဋိပက္ခနှင့် အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲတို့၏ ဟန့်တားခြင်းမခံရမီအထိ ဟောင်ကောင်အိမ်ခြံမြေဈေးကွက်သည် ဈေးနှုန်းမြင့်တက်ချိန်နှင့် ဆယ်စုနှစ်ကြာ ရင်ဆိုင်ခဲ့ရသည်။

၁၉ ပတ်တိုင်လာပြီးနောက် လမ်းပေါ်ထွက်စုဝေးဆန္ဒပြမှုများသည် လက်သရမ်းရမ်းကားဖျက်ဆီးမှုနှင့် အကြမ်းဖက်ရက်စက်ကြမ်းကြုတ်မှုအဆင့်သို့ ဆိုးရွားစွာအခြေဆိုက်လာပြီး ခရီးသွားများအား ဒေသတွင်းမှထွက်ပြေးစေကာ ဒေသတွင်းစီးပွားရေးအား ကျဆင်းစေသည်။

Sheng Shui ဧရိယာသည်ပင် ရုန်းရင်းဆန်ခတ်မှုများမှ မလွတ်ခဲ့ဘဲ ဇူလိုင် ၁၄ ငြိမ်းချမ်းစွာဆန္ဒပြမှုက ယင်းဧရိယာရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဝရုန်းသုန်းကားဖရိုဖရဲအခြေအနေဖြစ်ပျက်ခဲ့သည်။

Valais villa ပိုင်ရှင်ကိုယ်စားပြု အိမ်ခြံမြေအကျိုးဆောင် ဖရန်ကီလမ်က “ဒီလိုဈေးကွက်အခြေအနေမျိုးမှာ ဘယ်သူကမှ ဝယ်ချင်စိတ်မရှိပါဘူး။ Valais မှာဆို ရောင်းမယ့်အိမ်တိုင်း အရှုံးခံပြီး ပြန်ရောင်းနေတာပါ” ဟု ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်မကုန်မီ ဗီလာဈေးနှုန်းများသည် ၎င်းတို့၏အမြင့်ဆုံးအမှတ်မှ ၂၀ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ကြောင်း Centaline အိမ်ခြံမြေအေဂျင်စီ၏ ဈေးကွက်မန်နေဂျာ Walter Tam က ပြောကြားခဲ့သည်။ ဈေးနှုန်းများအား ထိုပမာဏသို့ လျှော့ချစေရန် ဗီလာပိုင်ရှင်များအတွက် သုံးလမှငါးလအကြား ပုံမှန်အားဖြင့် ကြာမြင့်သည်ဟုလည်း သူက ရှင်းပြခဲ့သည်။ ထို့အပြင် အိမ်ကြီးများသည် သြဂုတ်လကုန်မှ အောက်တိုဘာ ၆ အထိ ၁ ဒသမ ၃ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းမှုနှင့်ရင်ဆိုင်ခဲ့ရကြောင်း Centaline အေဂျင်စီ၏ အိမ်ဈေးအပတ်စဉ်ညွှန်းကိန်း Centa-City Leading Index က ဖော်ပြခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service