ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္နာ သူေဌးၾကီး Tommy Hilfiger တို႔ ဇနီးေမာင္ႏွံက နယူးေယာက္ျမိဳ ႔ ပလာဇာဟိုတယ္ရွိ penthouse ခန္းကို မူလေခၚေစ်းေအာက္ ကန္ေဒၚလာ သန္း ၄၀ ခန္႔ ေစ်းေလွ်ာ့ကာ ေရာင္းထုတ္လိုက္ျပီ

ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္နာ သူေဌးၾကီး Tommy Hilfiger တို႔ ဇနီးေမာင္ႏွံက နယူးေယာက္ျမိဳ ႔ ပလာဇာဟိုတယ္ရွိ penthouse ခန္းကို မူလေခၚေစ်းေအာက္ ကန္ေဒၚလာ သန္း ၄၀ ခန္႔ ေစ်းေလွ်ာ့ကာ ေရာင္းထုတ္လိုက္ျပီ - Property News in Myanmar from iMyanmarHouse.com
1 Oct 2019 11:36 am တွင် တင်ခဲ့သည်
978 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္နာ သူေဌးၾကီး Tommy Hilfiger ႏွင့္ ဒီးအိုကလက္ပိုတို႔ ဇနီးေမာင္ႏွံသည္ နယူးေယာက္ျမိဳ ႔ ပလာဇာဟိုတယ္ရွိ penthouse ခန္းအတြက္ ဝယ္လက္ရွာေတြ႔သြားျပီ ျဖစ္သည္။

အဆိုပါအခန္းသည္ အေရာင္းေစ်းကြက္တြင္ ၁၁ ႏွစ္ခန္႔ ဝင္ခ်ည္ထြက္ခ်ည္ျဖစ္ေနျပီး ကန္ေဒၚလာ သန္း ၈၀ ခန္႔အထိ ေစ်းေခၚခဲ့ဖူးသည္။

ယခုအခါ မူလေခၚေစ်းေအာက္ ကန္ေဒၚလာ သန္း ၄၀ ခန္႔ ေစ်းေလွ်ာ့ကာ ကန္ေဒၚလာ ၃၃ ဒသမ ၂၅ သန္းျဖင့္ ေစ်းတည့္သြားျပီ ျဖစ္သည္။

ယခုေရာင္းခ်မႈတြင္ အိပ္ခန္း ၄ ခန္းပါ ေနအိမ္ခန္းအတြင္းရွိ အလြန္လက္ရာေျမာက္ ခမ္းနားလွပသည့္ ပရိေဘာဂမ်ားလည္း ပါဝင္သည္ဟု ဆိုသည္။

ေတာ္မီက အဆိုပါအခန္းကို ၂၀၀၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၂၅ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ဝယ္ယူျပီး လအနည္းငယ္အၾကာတြင္ ကန္ေဒၚလာ သန္း ၅၀ ျဖင့္ ေရာင္းခ်ရန္ ေစ်းေခၚခဲ့ဖူးသည္။

၂၀၁၃ ခုႏွစ္အတြင္း ေငြအလံုးအရင္းသံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ျပီးေနာက္ပိုင္း စတုရန္းေပ ၆၀၅၀ က်ယ္ဝန္းသည့္အခန္းကို ကန္ေဒၚလာ သန္း ၈၀ ေစ်းေခၚကာ ေစ်းကြက္တင္ခဲ့သည္။

ယေန႔ကာလမ်ားတြင္ ေတာ္မီႏွင့္ ဇနီးျဖစ္သူတို႔သည္ အဆိုပါအခန္းတြင္ ေနထိုင္ျဖစ္ေတာ့ျခင္းမရွိဘဲ ကြန္နက္တီကပ္ျပည္နယ္၊ ဂရင္းဝစ္ခ်္ရွိ ခမ္းနားထည္ဝါလွေသာ ရဲတိုက္ၾကီးတြင္သာ ေနထုိင္ျဖစ္ေနၾကသည္။

ယခုအခန္းကို ေစ်းကြက္အၾကိမ္ၾကိမ္တင္ခဲ့ေသာ္လည္း ဝယ္လက္တစ္ဦးကိုမွ် ဆြဲေဆာင္ႏိုင္ခဲ့ျခင္းမရွိခဲ့။

၂၀၁၆ ခုႏွစ္တြင္ကား ေခၚေစ်းကို ကန္ေဒၚလာ ၅၈ ဒသမ ၉ သန္းအထိ ေလွ်ာ့ခ်ေပးခဲ့သည္။

အႏုပညာလက္ရာတို႔ျဖင့္ ျပည့္ႏွက္ေနေသာ အခန္းတြင္ စင္ထရယ္ပါ့ခ္ ပန္းျခံၾကီးႏွင့္ ပဥၥမရိပ္သာလမ္းတို႔၏ ရႈခင္းမ်ား ပိုင္ဆိုင္ထားျပီး အျမင့္ ၁၀ ေပမွ ၃၅ ေပအထိ ျမင့္မားသည့္ မ်က္ႏွာၾကက္မ်ား ပါဝင္သည္။

အေပၚထပ္သို႔ ခရုပတ္ေလွကားမွတဆင့္ တက္ေရာက္ႏိုင္ျပီး အေပၚထပ္ master bedroom ထဲတြင္ အလွဆင္မြမ္းမံထားေသာ မီးလင္းဖို၊ ပန္းျခံကို စီးမိုးေတြ႔ျမင္ရသည့္ လသာေဆာင္တို႔ ပါဝင္သည္။

ပလာဇာဟိုတယ္ အေဆာက္အအံုၾကီးကို ေဆာ္ဒီအာေရးဘီးယားမ် မင္းသားႏွင့္ အိမ္ျခံေျမ developer ျဖစ္ေသာ ashkenazy တို႔က ပူးတြဲ ပိုင္ဆိုင္ထားျခင္း ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ သူဌေးကြီး Tommy Hilfiger နှင့် ဒီး အိုကလက်ပိုတို့ ဇနီးမောင်နှံသည် နယူးယောက်မြို့ ပလာဇာဟိုတယ်ရှိ penthouse ခန်းအတွက် ဝယ်လက်ရှာတွေ့သွားပြီ ဖြစ်သည်။

အဆိုပါအခန်းသည် အရောင်းဈေးကွက်တွင် ၁၁ နှစ်ခန့် ဝင်ချည်ထွက်ချည်ဖြစ်နေပြီး ကန်ဒေါ်လာ သန်း ၈၀ ခန့်အထိ ဈေးခေါ်ခဲ့ဖူးသည်။

ယခုအခါ မူလခေါ်ဈေးအောက် ကန်ဒေါ်လာ သန်း ၄၀ ခန့် ဈေးလျှော့ကာ ကန်ဒေါ်လာ ၃၃ ဒသမ ၂၅ သန်းဖြင့် ဈေးတည့်သွားပြီ ဖြစ်သည်။

ယခုရောင်းချမှုတွင် အိပ်ခန်း ၄ ခန်းပါ နေအိမ်ခန်းအတွင်းရှိ အလွန်လက်ရာမြောက် ခမ်းနားလှပသည့် ပရိဘောဂများလည်း ပါဝင်သည်ဟု ဆိုသည်။

တော်မီက အဆိုပါအခန်းကို ၂၀၀၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူပြီး လအနည်းငယ်အကြာတွင် ကန်ဒေါ်လာ သန်း ၅၀ ဖြင့် ရောင်းချရန် ဈေးခေါ်ခဲ့ဖူးသည်။

၂၀၁၃ ခုနှစ်အတွင်း ငွေအလုံးအရင်းသုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက်ပိုင်း စတုရန်းပေ ၆၀၅၀ ကျယ်ဝန်းသည့်အခန်းကို ကန်ဒေါ်လာ သန်း ၈၀ ဈေးခေါ်ကာ ဈေးကွက်တင်ခဲ့သည်။

ယနေ့ကာလများတွင် တော်မီနှင့် ဇနီးဖြစ်သူတို့သည် အဆိုပါအခန်းတွင် နေထိုင်ဖြစ်တော့ခြင်းမရှိဘဲ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ချ်ရှိ ခမ်းနားထည်ဝါလှသော ရဲတိုက်ကြီးတွင်သာ နေထိုင်ဖြစ်နေကြသည်။

ယခုအခန်းကို ဈေးကွက်အကြိမ်ကြိမ်တင်ခဲ့သော်လည်း ဝယ်လက်တစ်ဦးကိုမျှ ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိခဲ့။

၂၀၁၆ ခုနှစ်တွင်ကား ခေါ်ဈေးကို ကန်ဒေါ်လာ ၅၈ ဒသမ ၉ သန်းအထိ လျှော့ချပေးခဲ့သည်။

အနုပညာလက်ရာတို့ဖြင့် ပြည့်နှက်နေသော အခန်းတွင် စင်ထရယ်ပါ့ခ် ပန်းခြံကြီးနှင့် ပဉ္စမရိပ်သာလမ်းတို့၏ ရှုခင်းများ ပိုင်ဆိုင်ထားပြီး အမြင့် ၁၀ ပေမှ ၃၅ ပေအထိ မြင့်မားသည့် မျက်နှာကြက်များ ပါဝင်သည်။

အပေါ်ထပ်သို့ ခရုပတ်လှေကားမှတဆင့် တက်ရောက်နိုင်ပြီး အပေါ်ထပ် master bedroom ထဲတွင် အလှဆင်မွမ်းမံထားသော မီးလင်းဖို၊ ပန်းခြံကို စီးမိုးတွေ့မြင်ရသည့် လသာဆောင်တို့ ပါဝင်သည်။

ပလာဇာဟိုတယ် အဆောက်အအုံကြီးကို ဆော်ဒီအာရေးဘီးယားမျ မင်းသားနှင့် အိမ်ခြံမြေ developer ဖြစ်သော ashkenazy တို့က ပူးတွဲ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
area-one-business-complex
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service