ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္တြင္ ေလာင္းကစားသမားမ်ားႏွင့္ ဆက္ႏႊယ္ေနသည့္ နာမည္ၾကီး ျခံဝန္းၾကီးမ်ားမွ တစ္ခုသည္ ကန္ေဒၚလာ ၁၂ သန္းနီးပါး ေစ်းေခၚကာ အေရာင္းေစ်းကြက္ဝင္လာသည္။
တကၠဆပ္ျပည္နယ္၊ ဒါးလက္စ္ျမိဳ႕မွ ေမာ္ေတာ္ကားျဖင့္ မိနစ္ ၉၀ ခရီးေဝးကြားသည့္ ဖင္းကက္စ္တယ္လ္အရပ္တြင္ တည္ရွိျပီး ေတာင္ကုန္းမ်ား၊ သစ္ေတာမ်ားျဖင့္ ဝန္းပတ္ေနသည္။
စမ္းေခ်ာင္းမ်ား စီးဝင္သည့္ ေရကန္ ၃ ခု ပါဝင္ျပီး ပင္မေနအိမ္မွာ ယခင္က ေလာင္းကစားဂိုဏ္းေခါင္းေဆာင္တစ္ဦးျဖစ္သူ အိုင္ဗီေမလာ ပုန္းခိုက်က္စားရာေနရာျဖစ္ခဲ့သည္။
အိုင္ဗီေမလာသည္ လာ့စ္ဗီးဂပ္မွ နာမည္ေက်ာ္ ေလာင္းကစားဂိုဏ္းေခါင္းေဆာင္၊ လူသတ္တရားခံ ဘင္နီ ဘီနီယန္၏ မိတ္ေဆြရင္းလည္း ျဖစ္သည္။
“ဒီ စံအိမ္ၾကီးဟာ ဒါးလက္စ္က လွ်ိဳ႕ဝွက္ေလာင္းကစားသမား အသိုက္အဝန္းအတြက္ ေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။ ဒီေနရာမွာ သူတို႔ဟာ ဆံုစည္းၾကတယ္။ ေျမေအာက္ေလာကသားေတြ လုပ္ေဆာင္တာမ်ဳိးေတြ လုပ္ေဆာင္ၾကပါတယ္”ဟု Sotheby’s International Realty ၏ ကုမၸဏီခြဲျဖစ္ေသာ Icon Global ကို တည္ေထာင္သူ၊ ယခုျခံဝန္းၾကီးကို ေစ်းကြက္တင္ေပးသူ ဘားနတ္ ယူထရစ္က ေျပာၾကားသည္။
ေမလာသည္ ပင္မစံအိမ္ကို ၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း ေဆာက္လုပ္ခဲ့ျခင္းျဖစ္၏။
ေမလာႏွင့္ ပတ္သက္ျပီး လူေျပာအမ်ားဆံုးမွာ ၁၉၄၀ ျပည့္ႏွစ္တြင္ ဒါးလက္စ္သို႔ နယ္ေက်ာ္လာသည့္ ျပိဳင္ဖက္တစ္ဦးကို သတ္ျဖတ္ခဲ့ျခင္း ျဖစ္သည္။
၎တို႔ ေလာင္းကစားဂိုဏ္းမ်ားအၾကား နယ္ေျမလုပြဲမ်ားမွာ ႏွစ္ေပါင္း ၂၀ ခန္႔ ျဖစ္ပြားေနခဲ့ျပီး အက္ဆစ္ကန္အတြင္း ပစ္ခ်ျခင္း အပါအဝင္ ရက္ရက္စက္စက္ သတ္ျဖတ္မႈမ်ားျဖင့္ အဆံုးသတ္ေလ့ရွိသည္။
၁၈၅၀ ျပည့္လြန္ကာလမ်ားတြင္ အဆိုပါေနရာသို႔ ပထမဆံုး အေျခခ်ေနထိုင္မည့္သူမ်ား စတင္ေရာက္ရွိလာခဲ့ျပီး အေမရိကန္ျပည္ အေရွ႕ဘက္ကမ္းရိုးတန္းေဒသမွ ျဖစ္သည္။
၎တို႔က ယခုေနရာတြင္ အသိုက္အဝန္းတစ္ခု တည္ေထာင္ခဲ့ၾကျပီး ဗာဂ်ီးနီးယားျပည္နယ္မွ ျဗိတိသွ် အုပ္ခ်ဳပ္ေရးမွဴး ေလာ့ဒ္ ဖင္းကက္စ္တဲလ္ကို ဂုဏ္ျပဳေသာအားျဖင့္ ၎၏အမည္ေပးအပ္ခဲ့သည္။
ႏွစ္ေပါင္း ၅၀ ကာလအတြင္း ပထမဆံုးအၾကိမ္ အေရာင္းေစ်းကြက္ဝင္လာျခင္းလည္း ျဖစ္သည္။
အိမ္ျခံေျမ မွတ္တမ္းမ်ားအရ ဂိုဏ္းေခါင္းေဆာင္ ကြယ္လြန္သြားျပီးေနာက္ပိုင္း ၁၉၆၀ ျပည့္လြန္ ကာလမ်ားတြင္ အိုင္ဗီေမလာ၏ စံအိမ္ၾကီးႏွင့္ ေျမဧက ၁၃၀၀ ေက်ာ္ကို ဒါးလက္စ္အေျခစိုက္ မိသားစုတစ္စုထံ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။
ႏွစ္ေပါင္းမ်ားစြာ ကာလတစ္ေလွ်ာက္ ပင္မေနအိမ္ကို ထပ္မံတိုးခ်ဲ႕မႈမ်ား ျပဳလုပ္လာရာ ယေန႔တြင္ စတုရန္းေပ ေထာင္ႏွင့္ခ်ီကာ က်ယ္ဝန္းေနျပီ ျဖစ္သည္။
ေက်းလက္ဆန္ေသာ ေအဒီရြန္ဒက္ခ္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး ထုတ္ေလ်ာက္ေဖာ္ မ်က္ႏွာၾကက္မ်ား၊ ေက်ာက္တံုးမီးလင္းဖို၊ သစ္အထပ္အလႊာ အလွဆင္မႈမ်ား ေတြ႔ရသည္။
ျခံဝန္းက်ယ္ၾကီးအတြင္းရွိ ေတာထူေသာ ျခံဝန္းေျမမ်ား၊ ေရကန္မ်ားႏွင့္ ျမစ္မ်ားသည္ အပန္းေျဖအမဲလိုက္ျခင္း ၊ ငါးဖမ္းျခင္းမ်ား ျပဳလုပ္ရန္ အလြန္ေကာင္းမြန္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် လောင်းကစားသမားများနှင့် ဆက်နွှယ်နေသည့် နာမည်ကြီး ခြံဝန်းကြီးများမှ တစ်ခုသည် ကန်ဒေါ်လာ ၁၂ သန်းနီးပါး ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာသည်။
တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်မြို့မှ မော်တော်ကားဖြင့် မိနစ် ၉၀ ခရီးဝေးကွားသည့် ဖင်းကက်စ်တယ်လ်အရပ်တွင် တည်ရှိပြီး တောင်ကုန်းများ၊ သစ်တောများဖြင့် ဝန်းပတ်နေသည်။
စမ်းချောင်းများ စီးဝင်သည့် ရေကန် ၃ ခု ပါဝင်ပြီး ပင်မနေအိမ်မှာ ယခင်က လောင်းကစားဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ အိုင်ဗီမေလာ ပုန်းခိုကျက်စားရာနေရာဖြစ်ခဲ့သည်။
အိုင်ဗီမေလာသည် လာ့စ်ဗီးဂပ်မှ နာမည်ကျော် လောင်းကစားဂိုဏ်းခေါင်းဆောင်၊ လူသတ်တရားခံ ဘင်နီ ဘီနီယန်၏ မိတ်ဆွေရင်းလည်း ဖြစ်သည်။
“ဒီ စံအိမ်ကြီးဟာ ဒါးလက်စ်က လျှို့ဝှက်လောင်းကစားသမား အသိုက်အဝန်းအတွက် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့ဟာ ဆုံစည်းကြတယ်။ မြေအောက်လောကသားတွေ လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ကြပါတယ်”ဟု Sotheby’s International Realty ၏ ကုမ္ပဏီခွဲဖြစ်သော Icon Global ကို တည်ထောင်သူ၊ ယခုခြံဝန်းကြီးကို ဈေးကွက်တင်ပေးသူ ဘားနတ် ယူထရစ်က ပြောကြားသည်။
မေလာသည် ပင်မစံအိမ်ကို ၁၉၅၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်၏။
မေလာနှင့် ပတ်သက်ပြီး လူပြောအများဆုံးမှာ ၁၉၄၀ ပြည့်နှစ်တွင် ဒါးလက်စ်သို့ နယ်ကျော်လာသည့် ပြိုင်ဖက်တစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ လောင်းကစားဂိုဏ်းများအကြား နယ်မြေလုပွဲများမှာ နှစ်ပေါင်း ၂၀ ခန့် ဖြစ်ပွားနေခဲ့ပြီး အက်ဆစ်ကန်အတွင်း ပစ်ချခြင်း အပါအဝင် ရက်ရက်စက်စက် သတ်ဖြတ်မှုများဖြင့် အဆုံးသတ်လေ့ရှိသည်။
၁၈၅၀ ပြည့်လွန်ကာလများတွင် အဆိုပါနေရာသို့ ပထမဆုံး အခြေချနေထိုင်မည့်သူများ စတင်ရောက်ရှိလာခဲ့ပြီး အမေရိကန်ပြည် အရှေ့ဘက်ကမ်းရိုးတန်းဒေသမှ ဖြစ်သည်။
၎င်းတို့က ယခုနေရာတွင် အသိုက်အဝန်းတစ်ခု တည်ထောင်ခဲ့ကြပြီး ဗာဂျီးနီးယားပြည်နယ်မှ ဗြိတိသျှ အုပ်ချုပ်ရေးမှူး လော့ဒ် ဖင်းကက်စ်တဲလ်ကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏အမည်ပေးအပ်ခဲ့သည်။
နှစ်ပေါင်း ၅၀ ကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။
အိမ်ခြံမြေ မှတ်တမ်းများအရ ဂိုဏ်းခေါင်းဆောင် ကွယ်လွန်သွားပြီးနောက်ပိုင်း ၁၉၆၀ ပြည့်လွန် ကာလများတွင် အိုင်ဗီမေလာ၏ စံအိမ်ကြီးနှင့် မြေဧက ၁၃၀၀ ကျော်ကို ဒါးလက်စ်အခြေစိုက် မိသားစုတစ်စုထံ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နှစ်ပေါင်းများစွာ ကာလတစ်လျှောက် ပင်မနေအိမ်ကို ထပ်မံတိုးချဲ့မှုများ ပြုလုပ်လာရာ ယနေ့တွင် စတုရန်းပေ ထောင်နှင့်ချီကာ ကျယ်ဝန်းနေပြီ ဖြစ်သည်။
ကျေးလက်ဆန်သော အေဒီရွန်ဒက်ခ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ထုတ်လျောက်ဖော် မျက်နှာကြက်များ၊ ကျောက်တုံးမီးလင်းဖို၊ သစ်အထပ်အလွှာ အလှဆင်မှုများ တွေ့ရသည်။
ခြံဝန်းကျယ်ကြီးအတွင်းရှိ တောထူသော ခြံဝန်းမြေများ၊ ရေကန်များနှင့် မြစ်များသည် အပန်းဖြေအမဲလိုက်ခြင်း ၊ ငါးဖမ်းခြင်းများ ပြုလုပ်ရန် အလွန်ကောင်းမွန်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)