တြစ္တာ အမႈေဆာင္အရာရွိခ်ဳပ္ ဂ်က္ခ္ေဒၚေဆး၏ ေလာ့စ္အိန္ဂ်လိစံအိမ္ အေရာင္းေစ်းကြက္တင္ျပီး တစ္လမၾကာမီ ဝယ္လက္ေပၚေပါက္

တြစ္တာ အမႈေဆာင္အရာရွိခ်ဳပ္ ဂ်က္ခ္ေဒၚေဆး၏ ေလာ့စ္အိန္ဂ်လိစံအိမ္ အေရာင္းေစ်းကြက္တင္ျပီး တစ္လမၾကာမီ ဝယ္လက္ေပၚေပါက္ - Property News in Myanmar from iMyanmarHouse.com
10 Sep 2019 11:53 am တွင် တင်ခဲ့သည်
679 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ လူမႈကြန္ယက္ တြစ္တာႏွင့္ ဖုန္းေငြေပးေခ်သည့္ဝန္ေဆာင္မႈကုမၸဏီၾကီး Square တို႔၏ အမႈေဆာင္အရာရွိခ်ဳပ္ ဂ်က္ခ္ေဒၚေဆး ပိုင္ဆိုင္ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္သည္ အေရာင္းေစ်းကြက္တင္ျပီးေနာက္ တစ္လမၾကာမီ ဝယ္လက္ေပၚေပါက္လာေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

အိပ္ခန္း ၅ ခန္းပါဝင္ကာ ေလဝင္ေလထြက္ေကာင္းမြန္သည့္ စံအိမ္ကို ဂ်က္ခ္ေဒၚေဆးက ကန္ေဒၚလာ ၄ ဒသမ ၄၉၅ သန္း ေစ်းေခၚကာ ေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။

ကမၻာေက်ာ္ ၾကယ္ပြင့္မ်ားေျခခ်ရာ ေလာ့စ္အိန္ဂ်လိျမိဳ႕ ေဟာလိဝုဒ္ေဟးလ္အရပ္၊ Mulholland Drive တြင္တည္ရွိျပီး မၾကာေသးမီးကမွ ေခတ္ျပိဳင္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ခဲ့သည့္ စံအိမ္ျဖစ္ကာ ၾသဂုတ္လလယ္ပိုင္းတြင္ The Agency ကုမၸဏီမွအက်ဳိးေဆာင္ ဘင္ဘီလက္ခ္က ေစ်းကြက္တင္ေပးခဲ့ျခင္းျဖစ္သည္။

ဗိသုကာဆိုင္ရာ ဆုတံဆိပ္မ်ားရရွိထားသည့္ ဗိသုကာကုမၸဏီ AND Studio က ဒီဇိုင္းေရးဆြဲေပးေသာ စတုရန္းေပ ၄၀၀၀ နီးပါးရွိစံအိမ္ၾကီးသည္ ၂၀၁၈ ခုႏွစ္ကမွ ေဆာက္လုပ္ျပီးစီးထားသည့္ စံအိမ္ျဖစ္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ပင္မဧည့္ခန္းႏွင့္ မီးဖိုေဆာင္မ်ားကို ဒုတိယထပ္တြင္ ထည့္သြင္းေပးထားျပီး က်ယ္ဝန္းေသာ လသာေဆာင္ႏွင့္ ဆက္သြယ္ထားသည္။

ဒုတိယထပ္တြင္ master bedroom လည္းပါဝင္ျပီး ေရကူးကန္ႏွင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီးကို လွမ္းေမွ်ာ္ၾကည့္ရႈႏိုင္သည့္ ကိုယ္ပိုင္လသာေဆာင္လည္း ပါဝင္ေၾကာင္း ေစ်းကြက္တင္ဓာတ္ပံုမ်ားတြင္ ေတြ႔ရသည္။

ပထမထပ္တြင္ အိပ္ခန္း ၄ ခန္းႏွင့္ မိသားစုခန္းမတစ္ခု ပါဝင္ေသးသည္။

အသက္ ၄၂ ႏွစ္ရွိျပီျဖစ္ေသာ မစၥတာေဒၚေဆးသည္ ဆန္ဖရန္စစၥကိုတြင္ အဓိကေနထိုင္သူတစ္ဦးျဖစ္ျပီး ဂိုးလ္ဒင္းဂိတ္တံတားၾကီးကို စီးမိုးၾကည့္ရႈႏိုင္သည့္ေနရာ၌ ေျမကြက္ႏွစ္ခုပိုင္ဆိုင္ထားကာ ကန္ေဒၚလာ သန္း ၃၀ ေက်ာ္တန္ေၾကးရွိ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

ဆန္ဖရန္စစၥကိုေနအိမ္ကို ပိုင္ဆိုင္ထားသည့္ကုမၸဏီတစ္ခုမွပင္ ေဟာလိဝုဒ္ေဟးလ္စံအိမ္ကို လြန္ခဲ့ေသာ တစ္ႏွစ္ခန္႔က ကန္ေဒၚလာ ၄ ဒသမ ၂၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

မစၥတာေဒၚေဆးက ေဟာလိဝုဒ္ေဟးလ္စံအိမ္တြင္ ေနထိုင္ခဲ့ဖူးျခင္း ရွိ၊ မရွိကိုမူ မသိရေသးေခ်။

မစၥတာေဒၚေဆး၏ မိတ္ေဆြ ေမာ္ဒယ္လ္မိန္းကေလး ေရဗန္ လင္း ေကာ္ေနးလ္သည္ အဆိုပါေနအိမ္တြင္ ေနထိုင္ခဲ့ဖူးျပီး ျပီးခဲ့ေသာႏွစ္အတြင္း သူမ၏ အင္စတာဂရမ္အေကာင့္မွတဆင့္ အဆိုပါစံအိမ္ၾကီးတြင္ ရိုက္ကူးထားသည့္ ဓာတ္ပံုမ်ား တင္ခဲ့ဖူးသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ကမ္ဘာကျော် လူမှုကွန်ယက် တွစ်တာနှင့် ဖုန်းငွေပေးချေသည့်ဝန်ဆောင်မှုကုမ္ပဏီကြီး Square တို့၏ အမှုဆောင်အရာရှိချုပ် ဂျက်ခ်ဒေါ်ဆေး ပိုင်ဆိုင်သော လော့စ်အိန်ဂျလိစံအိမ်သည် အရောင်းဈေးကွက်တင်ပြီးနောက် တစ်လမကြာမီ ဝယ်လက်ပေါ်ပေါက်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိပ်ခန်း ၅ ခန်းပါဝင်ကာ လေဝင်လေထွက်ကောင်းမွန်သည့် စံအိမ်ကို ဂျက်ခ်ဒေါ်ဆေးက ကန်ဒေါ်လာ ၄ ဒသမ ၄၉၅ သန်း ဈေးခေါ်ကာ ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကျော် ကြယ်ပွင့်များခြေချရာ လော့စ်အိန်ဂျလိမြို့ ဟောလိဝုဒ်ဟေးလ်အရပ်၊ Mulholland Drive တွင်တည်ရှိပြီး မကြာသေးမီးကမှ ခေတ်ပြိုင်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်ကာ သြဂုတ်လလယ်ပိုင်းတွင် The Agency ကုမ္ပဏီမှအကျိုးဆောင် ဘင်ဘီလက်ခ်က ဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်သည်။ ဗိသုကာဆိုင်ရာ ဆုတံဆိပ်များရရှိထားသည့် ဗိသုကာကုမ္ပဏီ AND Studio က ဒီဇိုင်းရေးဆွဲပေးသော စတုရန်းပေ ၄၀၀၀ နီးပါးရှိစံအိမ်ကြီးသည် ၂၀၁၈ ခုနှစ်ကမှ ဆောက်လုပ်ပြီးစီးထားသည့် စံအိမ်ဖြစ်ကြောင်း ဈေးကွက်တင်မှတ်တမ်းများတွင် ဖော်ပြသည်။

ပင်မဧည့်ခန်းနှင့် မီးဖိုဆောင်များကို ဒုတိယထပ်တွင် ထည့်သွင်းပေးထားပြီး ကျယ်ဝန်းသော လသာဆောင်နှင့် ဆက်သွယ်ထားသည်။

ဒုတိယထပ်တွင် master bedroom လည်းပါဝင်ပြီး ရေကူးကန်နှင့် လော့စ်အိန်ဂျလိမြို့ကြီးကို လှမ်းမျှော်ကြည့်ရှုနိုင်သည့် ကိုယ်ပိုင်လသာဆောင်လည်း ပါဝင်ကြောင်း ဈေးကွက်တင်ဓာတ်ပုံများတွင် တွေ့ရသည်။

ပထမထပ်တွင် အိပ်ခန်း ၄ ခန်းနှင့် မိသားစုခန်းမတစ်ခု ပါဝင်သေးသည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သော မစ္စတာဒေါ်ဆေးသည် ဆန်ဖရန်စစ္စကိုတွင် အဓိကနေထိုင်သူတစ်ဦးဖြစ်ပြီး ဂိုးလ်ဒင်းဂိတ်တံတားကြီးကို စီးမိုးကြည့်ရှုနိုင်သည့်နေရာ၌ မြေကွက်နှစ်ခုပိုင်ဆိုင်ထားကာ ကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိ စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

ဆန်ဖရန်စစ္စကိုနေအိမ်ကို ပိုင်ဆိုင်ထားသည့်ကုမ္ပဏီတစ်ခုမှပင် ဟောလိဝုဒ်ဟေးလ်စံအိမ်ကို လွန်ခဲ့သော တစ်နှစ်ခန့်က ကန်ဒေါ်လာ ၄ ဒသမ ၂၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

မစ္စတာဒေါ်ဆေးက ဟောလိဝုဒ်ဟေးလ်စံအိမ်တွင် နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိကိုမူ မသိရသေးချေ။

မစ္စတာဒေါ်ဆေး၏ မိတ်ဆွေ မော်ဒယ်လ်မိန်းကလေး ရေဗန် လင်း ကော်နေးလ်သည် အဆိုပါနေအိမ်တွင် နေထိုင်ခဲ့ဖူးပြီး ပြီးခဲ့သောနှစ်အတွင်း သူမ၏ အင်စတာဂရမ်အကောင့်မှတဆင့် အဆိုပါစံအိမ်ကြီးတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများ တင်ခဲ့ဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service