ဂ်ဴးလိယက္ဆီဇာကို လူယံုမ်ားက ၂၃ ခ်က္ ရိုက္ႏွက္ကာ လုပ္ၾကံခဲ့ေသာ ေရာမျမိဳ႕မွ သမိုင္းဝင္ရင္ျပင္မွာ ယခုအခါ လူသူကင္းမဲ့ေနကာ ပိုင္ရွင္မဲ့ လမ္းေဘးေၾကာင္မ်ား ခိုလံႈက်က္စားရာေနရာျဖစ္လ်က္ရွိ

ဂ်ဴးလိယက္ဆီဇာကို လူယံုမ်ားက ၂၃ ခ်က္ ရိုက္ႏွက္ကာ လုပ္ၾကံခဲ့ေသာ ေရာမျမိဳ႕မွ သမိုင္းဝင္ရင္ျပင္မွာ ယခုအခါ လူသူကင္းမဲ့ေနကာ ပိုင္ရွင္မဲ့ လမ္းေဘးေၾကာင္မ်ား ခိုလံႈက်က္စားရာေနရာျဖစ္လ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
6 Sep 2019 12:40 pm တွင် တင်ခဲ့သည်
2786 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဂ်ဴးလိယက္ဆီဇာႏွင့္ ကလီယိုပက္ထရာ၏ ဆြတ္ပ်ံ႕ဖြယ္ေကာင္းလွေသာ အခ်စ္ဇာတ္လမ္းကို ကမၻာေပၚတြင္ လူတိုင္းၾကားဖူးၾကသည္။

ဂ်ဴးလိယက္ဆီဇာသည္ ေရာမအင္ပါယာ၏ ဧကရာဇ္၊ ဂ်ဴလီယန္ျပကၡဒိန္ကို စတင္ဖန္တီးသူ၊ ကမၻာေက်ာ္ အခ်စ္ဇာတ္လမ္းကို ေမြးဖြာသူအျဖစ္ လူသိမ်ားသည္။

ဂ်ဴးလိယက္ဆီဇာသည္ ခရစ္ေတာ္ မေပၚမီ ဘီစီ ၁၀၀ ၊ ဇူလိုင္လ ၁၂ (သို႔မဟုတ္) ၁၃ ရက္တြင္ ေမြးဖြားျပီး ဘီစီ ၄၄၊ မတ္လ ၁၄ ရက္တြင္ ရိုက္ႏွက္သတ္ျဖတ္ လုပ္ၾကံခံရကာ နတ္ရြာစံသည္။

ဂ်ဴးလိယက္ဆီဇာက ဂ်ဴလီယန္ျပကၡဒိန္ကို စတင္တီထြင္ခဲ့သည္။ တစ္လလွ်င္ ၃၁ ရက္ႏွင့္ ရက္ ၃၀ တစ္လွည့္စီ ထားခဲ့ျပီး ေဖေဖာ္ဝါရီလကိုမူ ၂၈ ရက္သာထားကာ ၄ ႏွစ္တစ္ၾကိမ္ တစ္ရက္တိုးေပးျပီး ၂၉ ရက္ သတ္မွတ္ခဲ့သည္။

သူ၏ေမြးလျဖစ္ေသာ ဇူလိုင္လ၏ မူလအေခၚမွာ Quintilis ျဖစ္ျပီး ဂ်ဴးလိယက္ဆီဇာက July ဟု ေျပာင္းလဲသတ္မွတ္ခဲ့ျခင္း ျဖစ္သည္။

ဂ်ဴးလိယက္ဆီဇာေနာက္ပိုင္း ၾသဂတ္စ္တပ္က ဆက္ခံခ်ိန္တြင္ ၈ လပိုင္း၏ အမည္ Sextilis ကို Augustus ဟု ေျပာင္းလဲအမည္ေပးခဲ့ကာ ေနာက္ပိုင္းတြင္ August ဟု ေျပာင္းလဲလာျခင္း ျဖစ္သည္။

တူရကီႏိုင္ငံ၊ အစၥတန္ဘူတြင္ ေၾကာင္တို႔သည္ ျမိဳ႕၏ အသက္ဝိဥာဥ္တစ္ပါးသဖြယ္ျဖစ္သည္။

အစၥတန္ဘူသည္ ေၾကာင္အလြန္ေပါမ်ားေသာ ျမိဳ႕ၾကီးျဖစ္ျပီး ေထာင္ေပါင္းမ်ားစြာေသာ ေၾကာင္တို႔သည္ လူတို႔ႏွင့္ သဟဇာတ ေကာင္းစြာ ေနထုိင္လ်က္ရွိၾကျပီး တစ္ဦးတည္းအထီးက်န္စြာ ထိုင္ရင္း တူရကီလဘက္ရည္ေသာက္ေနခ်ိန္မ်ဳိးတြင္ ေၾကာင္မ်ားသည္ အေကာင္းဆံုးအေဖာ္မြန္မ်ား ျဖစ္သည္။

အျခား ေၾကာင္ေပါမ်ားလွေသာ ေနရာတစ္ခုမွာ မြန္တီနီဂရိုးရွိ ပင္လယ္ကမ္းေျချမိဳ႕ကေလး Kotor ျဖစ္သည္။

Kotor ျမိဳ႕ကေလးကို ေရာမတို႔က တည္ေထာင္ခဲ့ျခင္းျဖစ္ျပီး ေအဒရီေယးတစ္ပင္လယ္ကမ္းေျခတြင္ တည္ရွိသည္။

Kotor ျမိဳ႕ကေလး ေက်ာက္စရစ္ထူလွေသာ လမ္းတိုင္းနီးပါးတြင္ ေၾကာင္မ်ားကို မ်ားစြာေတြ႔ရႏိုင္သည္။

ေဒသခံမ်ားသည္ ေၾကာင္မ်ားႏွင့္ ပတ္သက္သည့္ ျပတိုက္တစ္ခုပင္ တည္ေထာင္ထားသည္။

ေၾကာင္မ်ား မပါလွ်င္ အစၥတန္ဘူႏွင့္ Kotor တို႔သည္ ျမိဳ႕၏ အေရးပါေသာျပယုဂ္တစ္ခု ေပ်ာက္ဆံုးေနမည္သာျဖစ္သည္။

အထက္ပါ ၂ ျမိဳ႕လံုးတြင္ ေၾကာင္မ်ားသည္ လမ္းမ်ားေပၚတြင္ လြတ္လပ္စြာ သြားလာေနၾကျပီး အိပ္ခ်င္သည့္ေနရာတြင္ အိပ္ေလ့ရွိၾကသည္။

ယင္းသို႔ေသာ ေနရာတစ္ခု အီတလီႏိုင္ငံတြင္လည္း ရွိေနျပီး ဂ်ဴးလိယက္ဆီဇာႏွင့္ ဆက္ႏႊယ္သည့္ေနရာတစ္ခု ျဖစ္သည္။

အီတလီႏိုင္ငံ၊ ေရာမျမိဳ႕မွ Largo di Torre Argentina ဟူေသာ ရင္ျပင္သည္ ေလလြင့္ေၾကာင္မ်ား မ်ားျပားစြာ စုေဝးေနထုိင္လ်က္ရွိေနသည့္ ေနရာတစ္ခုျဖစ္၏။

Largo di Torre Argentina ရင္ျပင္သည္ ဂ်ဴးလိယက္ဆီဇာကို သစၥာေဖာက္ ၆၀ ခန္႔က ၂၃ ခ်က္ခန္႔ ရိုက္ႏွက္လုပ္ၾကံခဲ့ေသာေၾကာင့္ ဂ်ဴးလိယက္ဆီဇာ နတ္ရြာစံခဲ့ရသည့္ သမိုင္းဝင္ေနရာၾကီးတစ္ခု ျဖစ္သည္။

Largo di Torre Argentina ရင္ျပင္သည္ ေရာမအင္ပါယာ၏ အေရးပါေသာ သမိုင္းျပယုဂ္ေနရာျဖစ္ျပီး ေရာမေခတ္ဘုရားေက်ာင္းမ်ား အျပင္ ပြမ္ေပကဇာတ္ရံုၾကီးတည္ရွိသည့္ေနရာလည္း ျဖစ္သည္။

ေရာမစစ္တပ္ၾကီးသည္ ဤရင္ျပင္တြင္ စစ္ေရးေလ့က်င့္ျခင္းမ်ား ျပဳလုပ္ခဲ့ဖြယ္ရွိရာ ေရာမစစ္နတ္ဖုရား Mars ကို ဂုဏ္ျပဳေသာ အားျဖင့္ Field of Mars ဟု အမည္တြင္ခဲ့ျခင္းလည္း ျဖစ္သည္။

ေရာမသည္ အင္အားၾကီးထြားလာျပီးေနာက္ ယင္း၏ ပိုင္နက္နယ္ကို ခ်ဲ႕ထြင္လာသည္။

Field of Mars ရင္ျပင္တြင္ ေဆာက္လုပ္ထားသည့္ အေဆာက္အအံုမ်ားမွာ အလြန္အေရးၾကီးေၾကာင္း ေရာမဧကရာဇ္အဆက္ဆက္က သတ္မွတ္ခဲ့ၾကသည္။

Field of Mars ရင္ျပင္တြင္ လူေနရန္ေနရာ၊ ဘုရားေက်ာင္း၊ အမ်ားျပည္သူ ေရခ်ဳိးရန္ေနရာမ်ား၊ ကဇာတ္ရံုမ်ားႏွင့္ ပြဲၾကည့္စင္ျမင့္ၾကီးမ်ား အစရွိသျဖင့္ အေဆာက္အအံုမ်ားစြာ ေပါင္းစည့္ ပါဝင္သည္။

အဆိုပါ သမိုင္းဝင္ေနရာကို ၁၉၂၉ ခုႏွစ္၊ မူဆိုလီနီေခတ္တြင္ တူးေဖာ္ေတြ႔ရွိခဲ့ျခင္းျဖစ္ျပီး ေျမေအာက္ ေပ ၂၀ ခန္႔တြင္ ေတြ႔ရွိခဲ့သည္။

ေရာမျမိဳ႕ေတာ္ဝန္ ဗာဂ်ီးနီးယား ရက္ဂီက ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ေၾကညာခဲ့ရာ၌ ၂၀၂၁ ႏွစ္ကုန္ပိုင္းသို႔ေရာက္လွ်င္ အဆိုပါေနရာကို ေလွ်ာက္လမ္းမ်ား ထည့္သြင္းေပးမည္ျဖစ္ျပီး အမ်ားျပည္သူကို ဝင္ေရာက္ၾကည့္ရႈခြင္ေပးသြားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ယေန႔အထိကား Field of Mars ရင္ျပင္သည္ ပိုင္ရွင္မဲ့ လမ္းေဘးေၾကာင္တို႔ ခိုလံႈက်က္စားရာျဖစ္ေနျပီး ေၾကာင္ေကာင္ေရ ၂၅၀ ခန္႔ ေနထိုင္လ်က္ရွိေနသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဂျူးလိယက်ဆီဇာနှင့် ကလီယိုပက်ထရာ၏ ဆွတ်ပျံ့ဖွယ်ကောင်းလှသော အချစ်ဇာတ်လမ်းကို ကမ္ဘာပေါ်တွင် လူတိုင်းကြားဖူးကြသည်။

ဂျူးလိယက်ဆီဇာသည် ရောမအင်ပါယာ၏ ဧကရာဇ်၊ ဂျူလီယန်ပြက္ခဒိန်ကို စတင်ဖန်တီးသူ၊ ကမ္ဘာကျော် အချစ်ဇာတ်လမ်းကို မွေးဖွာသူအဖြစ် လူသိများသည်။

ဂျူးလိယက်ဆီဇာသည် ခရစ်တော် မပေါ်မီ ဘီစီ ၁၀၀ ၊ ဇူလိုင်လ ၁၂ (သို့မဟုတ်) ၁၃ ရက်တွင် မွေးဖွားပြီး ဘီစီ ၄၄၊ မတ်လ ၁၄ ရက်တွင် ရိုက်နှက်သတ်ဖြတ် လုပ်ကြံခံရကာ နတ်ရွာစံသည်။

ဂျူးလိယက်ဆီဇာက ဂျူလီယန်ပြက္ခဒိန်ကို စတင်တီထွင်ခဲ့သည်။ တစ်လလျှင် ၃၁ ရက်နှင့် ရက် ၃၀ တစ်လှည့်စီ ထားခဲ့ပြီး ဖေဖော်ဝါရီလကိုမူ ၂၈ ရက်သာထားကာ ၄ နှစ်တစ်ကြိမ် တစ်ရက်တိုးပေးပြီး ၂၉ ရက် သတ်မှတ်ခဲ့သည်။

သူ၏မွေးလဖြစ်သော ဇူလိုင်လ၏ မူလအခေါ်မှာ Quintilis ဖြစ်ပြီး ဂျူးလိယက်ဆီဇာက July ဟု ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဂျူးလိယက်ဆီဇာနောက်ပိုင်း သြဂတ်စ်တပ်က ဆက်ခံချိန်တွင် ၈ လပိုင်း၏ အမည် Sextilis ကို Augustus ဟု ပြောင်းလဲအမည်ပေးခဲ့ကာ နောက်ပိုင်းတွင် August ဟု ပြောင်းလဲလာခြင်း ဖြစ်သည်။

တူရကီနိုင်ငံ၊ အစ္စတန်ဘူတွင် ကြောင်တို့သည် မြို့၏ အသက်ဝိဉာဉ်တစ်ပါးသဖွယ်ဖြစ်သည်။

အစ္စတန်ဘူသည် ကြောင်အလွန်ပေါများသော မြို့ကြီးဖြစ်ပြီး ထောင်ပေါင်းများစွာသော ကြောင်တို့သည် လူတို့နှင့် သဟဇာတ ကောင်းစွာ နေထိုင်လျက်ရှိကြပြီး တစ်ဦးတည်းအထီးကျန်စွာ ထိုင်ရင်း တူရကီလဘက်ရည်သောက်နေချိန်မျိုးတွင် ကြောင်များသည် အကောင်းဆုံးအဖော်မွန်များ ဖြစ်သည်။

အခြား ကြောင်ပေါများလှသော နေရာတစ်ခုမှာ မွန်တီနီဂရိုးရှိ ပင်လယ်ကမ်းခြေမြို့ကလေး Kotor ဖြစ်သည်။

Kotor မြို့ကလေးကို ရောမတို့က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အေဒရီယေးတစ်ပင်လယ်ကမ်းခြေတွင် တည်ရှိသည်။

Kotor မြို့ကလေး ကျောက်စရစ်ထူလှသော လမ်းတိုင်းနီးပါးတွင် ကြောင်များကို များစွာတွေ့ရနိုင်သည်။

ဒေသခံများသည် ကြောင်များနှင့် ပတ်သက်သည့် ပြတိုက်တစ်ခုပင် တည်ထောင်ထားသည်။

ကြောင်များ မပါလျှင် အစ္စတန်ဘူနှင့် Kotor တို့သည် မြို့၏ အရေးပါသောပြယုဂ်တစ်ခု ပျောက်ဆုံးနေမည်သာဖြစ်သည်။

အထက်ပါ ၂ မြို့လုံးတွင် ကြောင်များသည် လမ်းများပေါ်တွင် လွတ်လပ်စွာ သွားလာနေကြပြီး အိပ်ချင်သည့်နေရာတွင် အိပ်လေ့ရှိကြသည်။

ယင်းသို့သော နေရာတစ်ခု အီတလီနိုင်ငံတွင်လည်း ရှိနေပြီး ဂျူးလိယက်ဆီဇာနှင့် ဆက်နွှယ်သည့်နေရာတစ်ခု ဖြစ်သည်။

အီတလီနိုင်ငံ၊ ရောမမြို့မှ Largo di Torre Argentina ဟူသော ရင်ပြင်သည် လေလွင့်ကြောင်များ များပြားစွာ စုဝေးနေထိုင်လျက်ရှိနေသည့် နေရာတစ်ခုဖြစ်၏။

Largo di Torre Argentina ရင်ပြင်သည် ဂျူးလိယက်ဆီဇာကို သစ္စာဖောက် ၆၀ ခန့်က ၂၃ ချက်ခန့် ရိုက်နှက်လုပ်ကြံခဲ့သောကြောင့် ဂျူးလိယက်ဆီဇာ နတ်ရွာစံခဲ့ရသည့် သမိုင်းဝင်နေရာကြီးတစ်ခု ဖြစ်သည်။

Largo di Torre Argentina ရင်ပြင်သည် ရောမအင်ပါယာ၏ အရေးပါသော သမိုင်းပြယုဂ်နေရာဖြစ်ပြီး ရောမခေတ်ဘုရားကျောင်းများ အပြင် ပွမ်ပေကဇာတ်ရုံကြီးတည်ရှိသည့်နေရာလည်း ဖြစ်သည်။

ရောမစစ်တပ်ကြီးသည် ဤရင်ပြင်တွင် စစ်ရေးလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ဖွယ်ရှိရာ ရောမစစ်နတ်ဖုရား Mars ကို ဂုဏ်ပြုသော အားဖြင့် Field of Mars ဟု အမည်တွင်ခဲ့ခြင်းလည်း ဖြစ်သည်။

ရောမသည် အင်အားကြီးထွားလာပြီးနောက် ယင်း၏ ပိုင်နက်နယ်ကို ချဲ့ထွင်လာသည်။

Field of Mars ရင်ပြင်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများမှာ အလွန်အရေးကြီးကြောင်း ရောမဧကရာဇ်အဆက်ဆက်က သတ်မှတ်ခဲ့ကြသည်။

Field of Mars ရင်ပြင်တွင် လူနေရန်နေရာ၊ ဘုရားကျောင်း၊ အများပြည်သူ ရေချိုးရန်နေရာများ၊ ကဇာတ်ရုံများနှင့် ပွဲကြည့်စင်မြင့်ကြီးများ အစရှိသဖြင့် အဆောက်အအုံများစွာ ပေါင်းစည့် ပါဝင်သည်။

အဆိုပါ သမိုင်းဝင်နေရာကို ၁၉၂၉ ခုနှစ်၊ မူဆိုလီနီခေတ်တွင် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြေအောက် ပေ ၂၀ ခန့်တွင် တွေ့ရှိခဲ့သည်။

ရောမမြို့တော်ဝန် ဗာဂျီးနီးယား ရက်ဂီက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကြေညာခဲ့ရာ၌ ၂၀၂၁ နှစ်ကုန်ပိုင်းသို့ရောက်လျှင် အဆိုပါနေရာကို လျှောက်လမ်းများ ထည့်သွင်းပေးမည်ဖြစ်ပြီး အများပြည်သူကို ဝင်ရောက်ကြည့်ရှုခွင်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယနေ့အထိကား Field of Mars ရင်ပြင်သည် ပိုင်ရှင်မဲ့ လမ်းဘေးကြောင်တို့ ခိုလှုံကျက်စားရာဖြစ်နေပြီး ကြောင်ကောင်ရေ ၂၅၀ ခန့် နေထိုင်လျက်ရှိနေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service