ဂျပန်၏ အမြင့်ဆုံးအဆောက်အအုံ ထပ်မံပိုင်ဆိုင်မည့် တိုကျို
ဂျပန်၏ အမြင့်ဆုံးအဆောက်အအုံ ထပ်မံပိုင်ဆိုင်မည့် တိုကျို - Property News in Myanmar from iMyanmarHouse.com
29 Aug 2019 11:06 am တွင် တင်ခဲ့သည်
1059 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဂျပန်အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရေး) Mori Building ကုမ္ပဏီက ဂျပန်တွင် စံချိန်ချိုးမည့် ၆၄ ထပ်မြင့် အဆောက်အအုံစီမံကိန်းတစ်ခုကို ယခုလအတွင်း စတင်လိုက်ပြီဖြစ်သည်။
တိုကျိုအလယ်ပိုင်းဝေဟင်ထက်တွင် ၃၃၀ မီတာထိုးထွက်နေမည့် မိုးမျှော်တိုက်သည် လက်ရှိဂျပန်အမြင့်ဆုံးအဆောက်အအုံဖြစ်သည့် အိုဆာကာရှိ Abeno Harukas အဆောက်အအုံထက် မီတာ ၃၀ ပိုမိုမြင့်မားမည်ဖြစ်သည်။ ၎င်းမိုးမျှော်တိုက်စီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။
ယင်းမိုးမျှော်တိုက်သည် မြို့တော်တိုကျို၏ အဇာဘူဒိုင်-တိုရာနိုမွန်ခရိုင်ရှိ စတုရန်းမီတာ ၈၁,၀၀၀ ကျယ်ဝန်းသော မြို့ပြပြန်လည်စည်ပင်သာသာရေးဖော်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ တိုကျို၏ အကြီးဆုံးနိုင်ငံတကာစာသင်ကျောင်း၊ ဇိမ်ခံဟိုတယ်နှင့် ဆေးရုံတို့ ပါဝင်မည့် ၎င်းဖော်ဆောင်နေမှုသည် တိုကျို၏ဧရိယာတစ်ခုကို နယူးယောက်ရှိ Rockefeller Center complex ကဲ့သို့ ပြန်လည်အားဖြည့်အသက်သွင်းရန် ရည်ရွယ်သည်။
၎င်းဖော်ဆောင်မှုက Mori Building အား အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံမှ ၅ ဒသမ ၆ ဘီလျံအကြား ငွေကြေးသုံးစွဲစေလိမ့်မည်ဟု ခန့်မှန်းရသည်။ ယင်းဒေသတွင် Great East Japan Earthquake အင်အားပြင်းငလျင်ဒဏ်သင့်ခဲ့သည့်တိုင် complex ဖော်ဆောင်မှုစီမံကိန်းက ဒေသခံ ၃,၅၀၀ နှင့် အလုပ်သမား ၂ သောင်းခန့်၏ ရှင်သန်ရပ်တည်လုပ်ကိုင်မှုဆက်လက်လည်ပတ်စေမည်ဟု ခန့်မှန်းရကြောင်း Mori Building က ထုတ်ပြန်ခဲ့သည်။
Complex သည် ဆောက်လုပ်မှုဧရိယာစုစုပေါင်း စတုရန်းမီတာ ၈၆၀,၀၀၀ ရှိမည်ဖြစ်ပြီး ၂၁၀,၀၀၀ ကျော်က ရုံးခန်းများဖြစ်မည်ဖြစ်ကာ လူနေအိမ်ခန်းများက ၁,၄၀၀ ရှိမည်ဖြစ်သည်။
“မြို့ပြသစ်ဖော်ဆောင်မှုအတွင်းမှ မြို့ပြအဆောက်အအုံစီမံကိန်း”သည် Mori Building အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း စီအီးအို (အမှုဆောင်အရာရှိချုပ်) ရှင်းဂိုးစုဂျိက ယခုလ ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“မြို့ပြများအကြား ပြိုင်ဆိုင်မှုပြင်းထန်လာချိန် ကျွန်တော်တို့အနေနဲ့ တိုကျိုမှာ နိုင်ငံတကာအဆင့်မီ ရုံးခန်းနဲ့အိမ်ရာတွေ ပိုမိုဖော်ဆောင်နိုင်ဖို့လိုပါတယ်” ဟုလည်း သူက ပြောကြားခဲ့သည်။
Mori Building နှင့် လုပ်ငန်းပြိုင်ဘက် အိမ်ခြံမြေ developer ကုမ္ပဏီ Mitsubishi Estate မှ စီစဉ်နေသည့် မိုးမျှော်တိုက်တစ်လုံးကလည်း ဂျပန်၏အမြင့်ဆုံးအဆောက်အအုံဘွဲ့ကို ဆွတ်ခူးနိုင်ဖွယ်ရှိနေသည်။ ထိုမိုးမျှော်တိုက်ကို အမြင့် ၃၉၀ မီတာအထိ မြင့်စေရန်နှင့် ၂၀၂၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးစေရန် လျာထားကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service