မန္တလေးမှာရွှေဈေးနှုန်းတစ်မျိုးတည်း သတ်မှတ်ရောင်းချတာကို လက်မခံဘူးလို့ ဆို - Property News in Myanmar from iMyanmarHouse.com
519 ကြိမ် ကြည့်ရှု့ ပြီး

မန္တလေးမှာရွှေဈေးနှုန်းတစ်မျိုးတည်း သတ်မှတ်ရောင်းချတာကို လက်မခံဘူးလို့ ဆို

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

 ### Zawgyi Version ###










### Unicode Version ###

ရွှေရောင်းတဲ့ နေရာမှာ မန္တလေးရွှေအရောင်းဆိုင်တွေအနေနဲ့ ရောင်းဈေးနှုန်းတစ်မျိုးတည်းသတ်မှတ်ရောင်းချခြင်းကို လက်မခံဘူးလို့ မန္တလေးရွှေလုပ်ငန်းရှင်များအသင်းက ပြောလိုက်ပါတယ်။

ဒါ့ကြောင့် ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ရွှေအသင်းက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ညီညီညွတ်ညွတ်လိုက်နာကြဖို့လိုတယ်လို့ အသင်းဥက္ကဌ ဦးဝင်းစိန်ကပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ရွှေဈေးတက်နေခြင်းအပေါ် အခွင့်ကောင်းယူပြီး ရွှေဈေးကို ကမ္ဘာ့ရွှေ၊ ဒေါ်လာဈေးတွေနဲ့ တွက်ချက်ပြီး လုံးဝအရောင်းအဝယ်မလုပ်ကြဖို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ရန်ကုန်မြို့မှ အပ ကျန်မြို့နယ်ပေါင်းစုံကို ရွှေရောင်းဝယ်ရာမှာ ရွှေဈေးကို ပတ်ကားလုံးဝမရိုက်ဘဲ လက်တွေ့ရွှေငွေလက်တွေ့လဲလှယ်တဲ့ စနစ်နဲ့သာ ရောင်းဝယ်ကြဖို့ အသင်းက တိုက်တွန်းထားပါတယ်။

မန္တလေးရွှေအသင်းက သတ်မှတ်ထားတဲ့စည်းကမ်းတွေကို ဖောက်ဖျက်ပါက သတိပေးခြင်းအပါအဝင် စာရင်းပြုစုထားမှာဖြစ်ပြီး ရွှေအလေးချိန်သတ်မှတ်ရောင်းချသူတွေအနေနဲ့ အလေးချိန်လျော့ချဖို့လည်း ပြောပါတယ်။

ရွှေဈေးမြင့်တက်နေတာကြောင့် မှောင်ခိုရောင်းချမှုတွေလည်း ဖြစ်ပေါ်နိုင်ပြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ရောင်းချတာတွေရှိနိုင်တယ်လို့ သိရပါတယ်။ ဒီလို ရောင်းချခဲ့ပါက တရုတ်နိုင်ငံဟာ အရောင်းအဝယ် အပြန်အလှန်ရှိပြီး အိန္ဒိယနိုင်ငံကတော့ ပြန်လည်ရောင်းချတာမရှိခြင်းကြောင့် မရောင်းသင့်ဘူးလို့ဆိုပါတယ်။

လက်ရှိ ပြည်တွင်းရွှေဈေးဟာ ၁၁ သိန်းကျော်ရှိနေပြီး ဒါဟာ ဇွန်လပိုင်းက စတင်ပြီး တရှိန်ထိုးတက်လာတာဖြစ်ပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Location ကောင်းမွန်ပြီး ၊ သံရုံးများအနီးရှိ Magical World ကွန်ဒို နှစ်သစ်အထူးအရောင်းပြပွဲ
Location ကောင်းမွန်ပြီး ၊ သံရုံးများအနီးရှိ Magical World ကွန်ဒို နှစ်သစ်အထူးအရောင်းပြပွဲ
နမ့်လန်ခေတ်မီဈေးသစ်ကြီး ဖွင့်လှစ်
နမ့်လန်ခေတ်မီဈေးသစ်ကြီး ဖွင့်လှစ်
မြေငှားဂရန်လျှောက်ထားတင်ပြထားသော ပြည်သူများထံ နှစ် (၃၀) မြေငှားဂရန်များ ထုတ်ပေး
မြေငှားဂရန်လျှောက်ထားတင်ပြထားသော ပြည်သူများထံ နှစ် (၃၀) မြေငှားဂရန်များ ထုတ်ပေး
ပြည်တွင်းရွှေဈေးနှုန်း အတက်အကျ ၁၀၀၀၀ အောက်တွင်သာရှိ
ပြည်တွင်းရွှေဈေးနှုန်း အတက်အကျ ၁၀၀၀၀ အောက်တွင်သာရှိ
ဟောင်ကောင်ကုမ္ပဏီ၏ မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် ဓာတ်အားပေးစီမံကိန်းကို ရင်းနှီးမြှပ်နှံမှုကော်မရှင်ကခွင့်ပြုချက်ပေး...
ဟောင်ကောင်ကုမ္ပဏီ၏ မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် ဓာတ်အားပေးစီမံကိန်းကို ရင်းနှီးမြှပ်နှံမှုကော်မရှင်ကခွင့်ပြုချက်ပေး...
ရန်ကုန်မြို့သစ်စတင်ရန် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်စောင့်နေသည်ဟု NYDC အမှု ဆောင်အရာရှိချုပ်ပြော...
ရန်ကုန်မြို့သစ်စတင်ရန် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်စောင့်နေသည်ဟု NYDC အမှု ဆောင်အရာရှိချုပ်ပြော...
ကမ္ဘာတစ်ဝန်း ရေးပန်းအစားဆုံးသော ဇိမ်ခံအိမ်ဈေးကွက်များ
ကမ္ဘာတစ်ဝန်း ရေးပန်းအစားဆုံးသော ဇိမ်ခံအိမ်ဈေးကွက်များ
Yangon Amata Smart and Eco City စီမံကိန်းအတွက် ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်၊ မြေငှားစာချုပ်နှင့် စီမံကိန်းနှင့်ဆက်စပ်သည့် မူဘောင်သဘောတူညီချက် စာချုပ်များအား လက်မှတ်ရေးထိုး...
Yangon Amata Smart and Eco City စီမံကိန်းအတွက် ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်၊ မြေငှားစာချုပ်နှင့် စီမံကိန်းနှင့်ဆက်စပ်သည့် မူဘောင်သဘောတူညီချက် စာချုပ်များအား လက်မှတ်ရေးထိုး...
ဂျပန်က မြန်မာကို ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဒေါ်လာ ၁ ဘီလီယံကျော် ချေး
ဂျပန်က မြန်မာကို ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဒေါ်လာ ၁ ဘီလီယံကျော် ချေး
“Expendables,” “Transporter” နှင့် “Fast & Furious” ဇာတ်ကားများ၏ သရုပ်ဆောင် ဂျေဆင် စတာသမ်နှင့် ချစ်သူတို့က လော့စ်အိန်ဂျလိအိမ်ကို ရောင်းချလိုက်ပြီ...
“Expendables,” “Transporter” နှင့် “Fast & Furious” ဇာတ်ကားများ၏ သရုပ်ဆောင် ဂျေဆင် စတာသမ်နှင့် ချစ်သူတို့က လော့စ်အိန်ဂျလိအိမ်ကို ရောင်းချလိုက်ပြီ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)