ကမၻာေပၚတြင္ အၾကီးမားဆံုး အြန္လိုင္းကူးသန္းေရာင္းဝယ္ေရးကုမၸဏီၾကီး Amazon ၏ ကမၻာ့အၾကီးမားဆံုး ရံုးအေဆာက္အအံုဝန္းကို အိႏိၵယတြင္ လာမည့္ရက္သတၱပတ္အတြင္း ဖြင့္လွစ္မည္

ကမၻာေပၚတြင္ အၾကီးမားဆံုး အြန္လိုင္းကူးသန္းေရာင္းဝယ္ေရးကုမၸဏီၾကီး Amazon ၏ ကမၻာ့အၾကီးမားဆံုး ရံုးအေဆာက္အအံုဝန္းကို အိႏိၵယတြင္ လာမည့္ရက္သတၱပတ္အတြင္း ဖြင့္လွစ္မည္ - Property News in Myanmar from iMyanmarHouse.com
23 Aug 2019 11:54 am တွင် တင်ခဲ့သည်
1106 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေပၚတြင္ အၾကီးမားဆံုး အြန္လိုင္းကူးသန္းေရာင္းဝယ္ေရးကုမၸဏီၾကီး Amazon ၏ ကမၻာ့အၾကီးမားဆံုး ရံုးအေဆာက္အအံုဝန္းကို အိႏိၵယႏုိင္ငံေတာင္ပိုင္း တီလန္ဂါနာျပည္နယ္၏ျမိဳ႕ေတာ္ ဟိုက္ဒရာဘက္ဒ္တြင္ လာမည့္ရက္သတၱပတ္အတြင္း ဖြင့္လွစ္ေတာ့မည္ ျဖစ္ေၾကာင္း အိႏိၵယတိုင္းမ္သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဟိုက္ဒရာဘက္ျမိဳ႕ေတာ္၏ နည္းပညာအခ်က္အျခာေဒသျဖစ္ေသာ နာနာကရမ္ဂူဒါအရပ္ရွိ ၁၀ ဧကက်ယ္ဝန္းေသာ ေျမေနရာတြင္ Amazon ၏ ရံုးအေဆာက္အအံုဝန္းၾကီးကို တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။

ရံုးအေဆာက္အအံုမွာ ၁၅ ထပ္အျမင့္ရွိျပီး ၾကမ္းခင္းဧရိယာအားျဖင့္ စတုရန္းေပ ၃ သန္းခန္႔ က်ယ္ဝန္းကာ ကားရပ္နားရန္ေနရာပင္လွ်င္ စတုရန္းေပ ၁ သန္းခန္႔က်ယ္ဝန္းသည္ဟု သိရသည္။

သတင္းမ်ားအရ အဆိုပါအေဆာက္အအံုၾကီးကို ျပီးခဲ့ေသာ ဇူလိုင္လလယ္ပိုင္းကတည္းက ဖြင့္လွစ္ လည္ပတ္ေနခဲ့ျခင္းျဖစ္ေသာ္လည္း အျပည့္အဝ လည္ပတ္ခဲ့ျခင္းမရွိေသးဘဲ တရားဝင္ဖြင့္ပြဲ အခမ္းအနားကို ေစာင့္ဆိုင္းေနခဲ့ျခင္း ျဖစ္သည္။

လက္ရွိအားျဖင့္ ဝန္ထမ္းေပါင္း ၇၀၀၀ ခန္႔ျဖင့္ လည္ပတ္ေနျပီး စက္တင္ဘာလကုန္တြင္ ဝန္ထမ္းေပါင္း ၉၀၀၀ ခန္႔အထိ တိုးျမွင့္ရန္ ရည္မွန္းထားသည္။

လာမည့္ ရက္သတၱပတ္တြင္ တီလန္ဂါနာျပည္နယ္ ဝန္ၾကီးခ်ဳပ္ ေက- ခ်န္ဒရာဆီခါ ေရာင္တက္ေရာက္ကာ ဖြင့္လွစ္ေပးမည္ျဖစ္ျပီး Amazon မွ ကမၻာလံုးဆိုင္ရာ အိမ္ျခံေျမႏွင့္ facilities မ်ားဆိုင္ရာ ဒါရိုက္တာ ဂၽြန္ ရွက္တ္လာ (John Schoettler) ၊ Amazon ၏ အိႏိၵယႏိုင္ငံဆိုင္ရာ ဒုတိယဥကၠဌႏွင့္ အိႏိၵယဆိုင္ရာ မန္ေနဂ်ာ ေအမစ္ အဂါဝါတို႔လည္း တက္ေရာက္မည္ ျဖစ္သည္။

အိပ္ျခံေျမေလာက သတင္းရင္းျမစ္မ်ားထံမွ ေျပာၾကားခ်က္မ်ားအရ အေမဇုန္၏ ရံုးအေဆာက္အအံုဝန္းသစ္ၾကီးတြင္ လူေပါင္း ၁၂၀၀၀ ခန္႔အတြက္ ေနရာဖန္တီးေပးႏိုင္ရန္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တီလန္ဂါနာျပည္နယ္မွ အိုင္တီေရးရာဝန္ၾကီး ဂ်ာယက္ ရန္ဂ်န္၏ ေျပာၾကားခ်က္အရမူ အေမဇုန္မွ အရာရွိတို႔က ျပည္နယ္အစိုးရကို ေပးထားသည့္အခ်က္အလက္မ်ားအရကား ရံုးအေဆာက္အအံုသစ္ ၾကီးသည္ လူေပါင္း ၂၆၀၀၀ မွ ၃၀၀၀၀ အၾကား ထားရွိႏိုင္ရန္ ေဆာက္လုပ္ျခင္းျဖစ္သည္ဟု ဆိုသည္။

အေမဇုန္အရာရွိတို႔ကမူ အေသးစိတ္အခ်က္အလက္မ်ား ထုတ္ေဖာ္ေျပာၾကားရန္ ျငင္းပယ္ထားသည္။

အဆိုပါ ရံုးအေဆာက္အအံုဝန္းၾကီးကို အုတ္ျမစ္ခ် အခမ္းအနားက်င္းပစဥ္က အေမဇုန္က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့ရာ၌ “ဒီေခတ္မီရံုးအေဆာက္အအံုဝန္းသစ္ၾကီးကို ၂၀၁၉ ခုႏွစ္မွာ အသင့္ျဖစ္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ အေမဇုန္ရဲ႕ ကမၻာလံုးဆိုင္ရာ လုပ္န္းအမ်ဳိးမ်ဳိးနဲ႔ နည္းပညာအဖြဲ႔ေတြအတြက္ လုပ္ငန္းလည္ပတ္မႈစီမံကြပ္ကဲမယ့္ ဝန္ထမ္းေထာင္ေပါင္းမ်ားစြာကို ထားရွိႏိုင္လိမ့္မွာ ျဖစ္ပါတယ္”ဟု ေဖာ္ျပထားသည္။

အေမဇုန္သည္ ဟိုက္ဒရာဘက္ဒ္ျမိဳ႕ေတာ္အား အလားအလာေကာင္းမ်ားရွိမည္ဟု ရႈျမင္ထားသည္။

အေမဇုန္တည္ေထာင္သူ၊ အမႈေဆာင္အရာရွိခ်ဳပ္ ဂ်က္ဘီေဇာ့စ္က အိႏိၵယတြင္ ကန္ေဒၚလာ ၂ ဘီလီယံခန္႔ ရင္းႏွီးျမွဳပ္ႏွံသြားမည္ ျဖစ္ေၾကာင္း ကတိျပဳထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

 

ကမ္ဘာပေါ်တွင် အကြီးမားဆုံး အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီး Amazon ၏ ကမ္ဘာ့အကြီးမားဆုံး ရုံးအဆောက်အအုံဝန်းကို အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်၏မြို့တော် ဟိုက်ဒရာဘက်ဒ်တွင် လာမည့်ရက်သတ္တပတ်အတွင်း ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း အိန္ဒိယတိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဟိုက်ဒရာဘက်မြို့တော်၏ နည်းပညာအချက်အခြာဒေသဖြစ်သော နာနာကရမ်ဂူဒါအရပ်ရှိ ၁၀ ဧကကျယ်ဝန်းသော မြေနေရာတွင် Amazon ၏ ရုံးအဆောက်အအုံဝန်းကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရုံးအဆောက်အအုံမှာ ၁၅ ထပ်အမြင့်ရှိပြီး ကြမ်းခင်းဧရိယာအားဖြင့် စတုရန်းပေ ၃ သန်းခန့် ကျယ်ဝန်းကာ ကားရပ်နားရန်နေရာပင်လျှင် စတုရန်းပေ ၁ သန်းခန့်ကျယ်ဝန်းသည်ဟု သိရသည်။

သတင်းများအရ အဆိုပါအဆောက်အအုံကြီးကို ပြီးခဲ့သော ဇူလိုင်လလယ်ပိုင်းကတည်းက ဖွင့်လှစ် လည်ပတ်နေခဲ့ခြင်းဖြစ်သော်လည်း အပြည့်အဝ လည်ပတ်ခဲ့ခြင်းမရှိသေးဘဲ တရားဝင်ဖွင့်ပွဲ အခမ်းအနားကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

လက်ရှိအားဖြင့် ဝန်ထမ်းပေါင်း ၇၀၀၀ ခန့်ဖြင့် လည်ပတ်နေပြီး စက်တင်ဘာလကုန်တွင် ဝန်ထမ်းပေါင်း ၉၀၀၀ ခန့်အထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။

လာမည့် ရက်သတ္တပတ်တွင် တီလန်ဂါနာပြည်နယ် ဝန်ကြီးချုပ် ကေ- ချန်ဒရာဆီခါ ရောင်တက်ရောက်ကာ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး Amazon မှ ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေနှင့် facilities များဆိုင်ရာ ဒါရိုက်တာ ဂျွန် ရှက်တ်လာ (John Schoettler) ၊ Amazon ၏ အိန္ဒိယနိုင်ငံဆိုင်ရာ ဒုတိယဥက္ကဌနှင့် အိန္ဒိယဆိုင်ရာ မန်နေဂျာ အေမစ် အဂါဝါတို့လည်း တက်ရောက်မည် ဖြစ်သည်။

အိပ်ခြံမြေလောက သတင်းရင်းမြစ်များထံမှ ပြောကြားချက်များအရ အမေဇုန်၏ ရုံးအဆောက်အအုံဝန်းသစ်ကြီးတွင် လူပေါင်း ၁၂၀၀၀ ခန့်အတွက် နေရာဖန်တီးပေးနိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တီလန်ဂါနာပြည်နယ်မှ အိုင်တီရေးရာဝန်ကြီး ဂျာယက် ရန်ဂျန်၏ ပြောကြားချက်အရမူ အမေဇုန်မှ အရာရှိတို့က ပြည်နယ်အစိုးရကို ပေးထားသည့်အချက်အလက်များအရကား ရုံးအဆောက်အအုံသစ် ကြီးသည် လူပေါင်း ၂၆၀၀၀ မှ ၃၀၀၀၀ အကြား ထားရှိနိုင်ရန် ဆောက်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အမေဇုန်အရာရှိတို့ကမူ အသေးစိတ်အချက်အလက်များ ထုတ်ဖော်ပြောကြားရန် ငြင်းပယ်ထားသည်။

အဆိုပါ ရုံးအဆောက်အအုံဝန်းကြီးကို အုတ်မြစ်ချ အခမ်းအနားကျင်းပစဉ်က အမေဇုန်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ရာ၌ “ဒီခေတ်မီရုံးအဆောက်အအုံဝန်းသစ်ကြီးကို ၂၀၁၉ ခုနှစ်မှာ အသင့်ဖြစ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ အမေဇုန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုပ်န်းအမျိုးမျိုးနဲ့ နည်းပညာအဖွဲ့တွေအတွက် လုပ်ငန်းလည်ပတ်မှုစီမံကွပ်ကဲမယ့် ဝန်ထမ်းထောင်ပေါင်းများစွာကို ထားရှိနိုင်လိမ့်မှာ ဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

အမေဇုန်သည် ဟိုက်ဒရာဘက်ဒ်မြို့တော်အား အလားအလာကောင်းများရှိမည်ဟု ရှုမြင်ထားသည်။

အမေဇုန်တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ဂျက်ဘီဇော့စ်က အိန္ဒိယတွင် ကန်ဒေါ်လာ ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကတိပြုထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service