အေမြမီေျမး၊ အေမြမမီေျမးတုိ႔ႏွင့္ သက္ဆုိင္သည့္ ေျမႏွင့္အိမ္ကုိ ၀ယ္မည္ဆုိလွ်င္

အေမြမီေျမး၊ အေမြမမီေျမးတုိ႔ႏွင့္ သက္ဆုိင္သည့္ ေျမႏွင့္အိမ္ကုိ ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
8 Aug 2019 1:33 pm တွင် တင်ခဲ့သည်
2984 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

''အေမြပစၥည္းေတြနဲ႔ ပတ္သက္လုိ႔ အေမြမီေျမး၊ အေမြမမီေျမးဆုိတာ ရွိတယ္လုိ႔ သိရတယ္။ အေမြမမီဆုိေတာ့ အဲဒီေျမးေတာ္စပ္သူဟာ အေမြရပုိင္ခြင့္ မရွိေတာ့ဘူးလား ဆရာ'' ဟု မိတ္ေဆြတစ္ဦးက လာေရာက္ေဆြး ေႏြးပါသည္။

''ဘယ္လုိကိစၥနဲ႔ ႀကံဳေတြ႔ေနလုိ႔ လဲ''

''ေျမကြက္တစ္ကြက္ဝယ္ဖုိ႔ သြားၾကည့္တာဆရာ''

''စုံစမ္းခဲ့တယ္ဆုိပါေတာ့၊ ဂရန္ေျမကြက္လား''

''ဒဂုံၿမိဳ႕သစ္ အေရွ႕ပုိင္းကဆိုေတာ့ ဂရန္ရေနပါၿပီ။ တစ္ထပ္တုိက္လည္း ပါတယ္''

''ဂရန္အမည္ေပါက္ ကုိယ္တုိင္ေရာင္းမွာလား''

''ဂရန္အမည္ေပါက္ လင္မယားႏွစ္ေယာက္က ကြယ္လြန္သြားၾကၿပီ ဆရာ''

''ထပ္ဆင့္ ဝယ္ထားသူက ေရာင္းမွာလား''

''အဲဒီေျမနဲ႔ အိမ္မွာ အမည္ေပါက္သူနဲ႔ သမီးအႀကီးေနတယ္''

''ဂရန္အမည္ေပါက္သူရဲ႕ သမီးအႀကီးေနတယ္ဆုိေတာ့ မိဘေတြက အိမ္ေထာင္ႏွစ္ဆက္ေတြျဖစ္ေနလုိ႔လား''

''အဲဒီလုိေတာ့ မဟုတ္ပါဘူး ဆရာ။ သားသမီးေလးေယာက္ရွိတာ သမီးႀကီးက မိဘနဲ႔ အတူေနတာပါ''

''က်န္တဲ့ သုံးဦးက အျခားေနရာမွာ ေနၾကတာေပါ့''

''သမီးႀကီးက ေက်ာင္းဆရာမ အပ်ဳိႀကီးျဖစ္ၿပီး အေမကြယ္လြန္ေတာ့ ဒုတိယညီမမိသားစုကို ေခၚထား တယ္။ သ႔ူရဲ႕ ခင္ပြန္းက တုိက္ပြဲမွာ က်သြားတယ္လုိ႔ ေျပာပါတယ္''

''တူ တူမေတြနဲ႔ ညီမကို ေခၚထားတယ္ေပါ့။ က်န္ႏွစ္ေယာက္က အိမ္ေထာင္ကြဲေတြပဲလား''

''ပထမေမာင္က မိခင္မကြယ္ လြန္မီမွာ ကြယ္လြန္ခဲ့တယ္။ အငယ္ဆုံးေမာင္ကေတာ့ မိသားစုေတြနဲ႔ အိမ္ ခဲြေနတယ္လုိ႔ ေျပာပါတယ္''

''အခုကိစၥက ကြယ္လြန္သြားတဲ့ ေမာင္ရဲ႕ သားသမီးေတြက ကန္႔ကြက္တာ မဟုတ္လား။ သားသမီးေတြက အရြယ္ေရာက္ေနၿပီလား''

''အေဝးသင္တကၠသုိလ္ ေနာက္ဆုံးႏွစ္လုိ႔ ေျပာတယ္။ စက္႐ုံမွာ အလုပ္လုပ္တယ္ ေျပာတယ္။ သူ႔အေမက ဇနီးသည္အျဖစ္ ကန္႔ကြက္ရမွာ မဟုတ္လား။ ေျမးျဖစ္သူက ကန္႔ ကြက္တဲ့ သေဘာျဖစ္ေနတယ္''

''အဲဒီမွာ မိတ္ေဆြႀကီးေမးတဲ့ အေမြမီေျမးနဲ႔ အေမြမမီေျမးဆုိတဲ့ ဥပေဒပါ အေခၚအေဝၚေပၚလာတာပဲ''

''ဟုတ္ကဲ့ ရွင္းျပပါဦး''

''အေမြရွင္ မိဘမ်ားကြယ္လြန္ၿပီးမွ ကြယ္လြန္တဲ့ သားသမီးက ေမြးဖြားသည့္ သားသမီးကုိ အေမြမီေျမးလုိ႔ ေခၚတယ္။ အေမြမမီေျမးဆုိတာကေတာ့ အေမြရွင္မိဘတစ္ဦးဦးျဖစ္ေစ၊ ႏွစ္ေယာက္လုံးျဖစ္ေစ၊ မကြယ္လြန္မီ ကြယ္လြန္သြားတဲ့ သားသမီးက ေမြးဖြားတဲ့ သားသမီးကုိ အေမြမမီေျမးလုိ႔ ဥပေဒအရ သတ္မွတ္ထားပါတယ္''

''ဒါဆုိရင္ အခုကိစၥမွာ ပထမေမာင္ျဖစ္သူက မိခင္ထက္ေစာ ကြယ္လြန္သြားတယ္ဆုိေတာ့''

''အဲဒီသားျဖစ္သူက ေမြးတဲ့ အေဝးသင္တကၠသုိလ္တက္ေနတယ္ဆုိတဲ့ မိန္းကေလးဟာ အေမြရွင္အဘြားနဲ႔ အေမြမမီေျမးျဖစ္လာပါတယ္။ အေမြမီ ေျမးကေတာ့ မရွိဘူး။ ဘာလုိ႔လဲဆုိေတာ့ ဒုတိယသမီးရဲ႕ ခင္ပြန္းက ကြယ္လြန္သြားတာဆုိေတာ့ အေမြရွင္ရဲ႕ သားမက္ျဖစ္လုိ႔ သူက ေမြးတဲ့ သားသမီးက ကြယ္လြန္သူ အဘြား၏ ေျမးအျဖစ္ ေတာ္စပ္ေပမယ့္ အေမြဆက္ခံခြင့္ရွိလာတဲ့ အေမြမီေျမးအျဖစ္ မေရာက္ဘူး''

ဘယ္လုိ႔ျဖစ္လုိ႔လဲဆရာ။ သူလည္း ေျမးပဲ မဟုတ္လား''

''ဘာလုိ႔လဲဆုိေတာ့ အေမြရွင္ရဲ႕ ဒုတိယသမီးက သက္ရွိထင္ရွားရွိေနတဲ့အတြက္ သူကသာ တုိက္႐ုိက္အ ေမြဆက္ခံခြင့္ရွိမွာျဖစ္တယ္။ ဒုတိယ သမီးက ေမြးတဲ့ သားသမီးေတြက အေမြမီ ေျမးအျဖစ္ မေရာက္ေတာ့ဘူး''

''ဆရာေျပာတဲ့ သေဘာဆုိရင္ အခုကိစၥမွာ အေဒၚဦးေလးေတြနဲ႔ တူမက အေမြခြဲရမယ့္ သေဘာေပါ့''

''မွန္ပါတယ္''

''တစ္ခုမရွင္းတာက ဆရာ။ အေမျဖစ္သူက မကန္႔ကြက္ဘဲ သမီးျဖစ္သူက အေမြရွင္ အဘုိးအဘြားရဲဲ႕ ေျမးဆုိၿပီးကန္႔ကြက္ခြင့္ရတာက ဘယ္လုိလဲ ဆရာ''

''ဒီအခ်က္ကေတာ့ ဗုဒၶဘာသာဝင္ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒရဲ႕ ထူးျခားတဲ့ အခ်က္ျဖစ္တယ္။ လင္ သုိ႔မဟုတ္ မယား ကြယ္လြန္သြားရာ က်န္ရစ္သူ မုဆုိးဖုိသုိ႔မဟုတ္ မုဆုိးမသည္ ေယာကၡမ၏ အေမြကို ဆက္ခံခြင့္မရွိလုိ႔ ေမာင္အုန္းခင္ႏွင့္ ဦးညိဳ ရန္ကုန္စီရင္ထုံးအတြဲ၁ဝ စာမ်က္ ႏွာ ၁၂၄ မွာဆုံးျဖတ္ထားၿပီး ယခု တုိင္ဥပေဒအျဖစ္ လုိက္နာလ်က္ရွိပါတယ္။ ဒါေၾကာင့္ ဒီကိစၥမွာ ပထမသားရဲ႕ ေခြၽးမျဖစ္သူက အေမြရခြင့္ မရွိပါဘူး''

''ဒါေပမယ့္ သူက ေမြးတဲ့ သမီးကေတာ့ အေမြမမီေျမးအျဖစ္ အေမြရခြင့္ရွိတယ္ေပါ့''

''ဟုတ္ပါတယ္။ တကယ္လုိ႔ ေခြၽးမဒါမွမဟုတ္ သားမက္ျဖစ္သူက အေမြရွင္ရဲ႕သား သုိ႔မဟုတ္ သမီးနဲ႔ ရခဲ့တဲ့ သားသမီးရွိခဲ့ရင္ေတာ့ အေမြ မမီေျမးအေနနဲ႔ ေျမးျဖစ္သူက အေမြရခြင့္ရွိမွာ ျဖစ္ပါတယ္''

''ဒါေပမယ့္ သမီးႀကီးေျပာတာက သူ႔ရဲ႕ ပထမေမာင္ကြယ္လြန္သြားတဲ့အခါ အေမျဖစ္သူက ေမာင္ရဲ႕ ေဝစုကုိ ေျမးျဖစ္သူ အမည္နဲ႔ ခြဲေဝေပးထားခဲ့တယ္လို႔ ေျပာတယ္။ ဒါေၾကာင့္ ရပုိင္ခြင့္မရွိေတာ့ဘူးလုိ႔ ေျပာပါတယ္။ အဲဒါျဖစ္ႏုိင္ပါသလား''

''စာခ်ဳပ္စာတမ္းနဲ႔ ႀကိဳတင္ခြဲေဝေပးခဲ့တယ္ဆုိရင္ေတာ့လည္း လက္ခံရမယ့္ သေဘာေတာ့ရွိတာေပါ့။ ဒါေပမယ့္ ခုိင္မာတဲ့ စာခ်ဳပ္စာတမ္းျဖစ္ဖုိ႔ေတာ့လုိတယ္''

''ဖခင္ရဲ႕ အေမြေဝစုအျဖစ္ ခဲြေဝေပးေၾကာင္း အတိအက်ေဖာ္ျပ ခ်ဳပ္ဆုိထားဖုိ႔ လုိမွာေပါ့''

''မွန္ပါတယ္။ မိသားစု စီမံမႈ စာခ်ဳပ္ ခ်ဳပ္ဆုိၿပီး သားသမီးအားလုံး ေခြၽးမ၊ ေျမးအပါအဝင္ လက္မွတ္ေရး ထုိးခ်ဳပ္ ဆုိဖုိ႔လုိပါတယ္။ တတ္ႏုိင္ရင္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိထားရင္ပိုၿပီး ခုိင္မာမႈရွိတယ္''

''ခုိင္မာတဲ့ စာခ်ဳပ္စာတမ္းမရွိရင္ေတာ့ ဖခင္ေဝစုကို ခြဲေဝေပးရမွာေပါ့ေနာ္''

''မွန္ပါတယ္။ ဒါေၾကာင့္မုိ႔ ညိႇႏႈိင္းေဆာင္ရြက္ၾကရင္ေတာ့ ပိုေကာင္းတာေပါ့''

''အမႈအခင္းေတြမ်ားျဖစ္လာႏုိင္ မလား ဆရာ''

''ညိႇႏႈိင္းမႈအဆင္မေျပရင္ေတာ့ အမႈအခင္းေတြျဖစ္လာႏုိင္တဲ့အတြက္ အေရာင္းအဝယ္ ေနာက္ဆုတ္လုိက္ တာေကာင္းမယ္ထင္တယ္။ စရန္ေငြေပးထားေသးလား''

''စရန္ေငြမေပးရေသးဘူး ဆရာ။ အိမ္ပြဲစားက ကန္႔ကြက္တာရွိတယ္လုိ႔ ေျပာလုိ႔ စုံစမ္းေမးျမန္းခဲ့တာပါ''

ဒါဆုိရင္ စဥ္းစားဆုံးျဖတ္ၿပီးမွ ဝယ္ပါဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

### Unicode Version ###

''အမွေပစ္စည်းတွေနဲ့ ပတ်သက်လို့ အမွေမီမြေး၊ အမွေမမီမြေးဆိုတာ ရှိတယ်လို့ သိရတယ်။ အမွေမမီဆိုတော့ အဲဒီမြေးတော်စပ်သူဟာ အမွေရပိုင်ခွင့် မရှိတော့ဘူးလား ဆရာ'' ဟု မိတ်ဆွေတစ်ဦးက လာရောက်ဆွေး နွေးပါသည်။

''ဘယ်လိုကိစ္စနဲ့ ကြုံတွေ့နေလို့ လဲ''

''မြေကွက်တစ်ကွက်ဝယ်ဖို့ သွားကြည့်တာဆရာ''

''စုံစမ်းခဲ့တယ်ဆိုပါတော့၊ ဂရန်မြေကွက်လား''

''ဒဂုံမြို့သစ် အရှေ့ပိုင်းကဆိုတော့ ဂရန်ရနေပါပြီ။ တစ်ထပ်တိုက်လည်း ပါတယ်''

''ဂရန်အမည်ပေါက် ကိုယ်တိုင်ရောင်းမှာလား''

''ဂရန်အမည်ပေါက် လင်မယားနှစ်ယောက်က ကွယ်လွန်သွားကြပြီ ဆရာ''

''ထပ်ဆင့် ဝယ်ထားသူက ရောင်းမှာလား''

''အဲဒီမြေနဲ့ အိမ်မှာ အမည်ပေါက်သူနဲ့ သမီးအကြီးနေတယ်''

''ဂရန်အမည်ပေါက်သူရဲ့ သမီးအကြီးနေတယ်ဆိုတော့ မိဘတွေက အိမ်ထောင်နှစ်ဆက်တွေဖြစ်နေလို့လား''

''အဲဒီလိုတော့ မဟုတ်ပါဘူး ဆရာ။ သားသမီးလေးယောက်ရှိတာ သမီးကြီးက မိဘနဲ့ အတူနေတာပါ''

''ကျန်တဲ့ သုံးဦးက အခြားနေရာမှာ နေကြတာပေါ့''

''သမီးကြီးက ကျောင်းဆရာမ အပျိုကြီးဖြစ်ပြီး အမေကွယ်လွန်တော့ ဒုတိယညီမမိသားစုကို ခေါ်ထား တယ်။ သ့ူရဲ့ ခင်ပွန်းက တိုက်ပွဲမှာ ကျသွားတယ်လို့ ပြောပါတယ်''

''တူ တူမတွေနဲ့ ညီမကို ခေါ်ထားတယ်ပေါ့။ ကျန်နှစ်ယောက်က အိမ်ထောင်ကွဲတွေပဲလား''

''ပထမမောင်က မိခင်မကွယ် လွန်မီမှာ ကွယ်လွန်ခဲ့တယ်။ အငယ်ဆုံးမောင်ကတော့ မိသားစုတွေနဲ့ အိမ် ခွဲနေတယ်လို့ ပြောပါတယ်''

''အခုကိစ္စက ကွယ်လွန်သွားတဲ့ မောင်ရဲ့ သားသမီးတွေက ကန့်ကွက်တာ မဟုတ်လား။ သားသမီးတွေက အရွယ်ရောက်နေပြီလား''

''အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်လို့ ပြောတယ်။ စက်ရုံမှာ အလုပ်လုပ်တယ် ပြောတယ်။ သူ့အမေက ဇနီးသည်အဖြစ် ကန့်ကွက်ရမှာ မဟုတ်လား။ မြေးဖြစ်သူက ကန့် ကွက်တဲ့ သဘောဖြစ်နေတယ်''

''အဲဒီမှာ မိတ်ဆွေကြီးမေးတဲ့ အမွေမီမြေးနဲ့ အမွေမမီမြေးဆိုတဲ့ ဥပဒေပါ အခေါ်အဝေါ်ပေါ်လာတာပဲ''

''ဟုတ်ကဲ့ ရှင်းပြပါဦး''

''အမွေရှင် မိဘများကွယ်လွန်ပြီးမှ ကွယ်လွန်တဲ့ သားသမီးက မွေးဖွားသည့် သားသမီးကို အမွေမီမြေးလို့ ခေါ်တယ်။ အမွေမမီမြေးဆိုတာကတော့ အမွေရှင်မိဘတစ်ဦးဦးဖြစ်စေ၊ နှစ်ယောက်လုံးဖြစ်စေ၊ မကွယ်လွန်မီ ကွယ်လွန်သွားတဲ့ သားသမီးက မွေးဖွားတဲ့ သားသမီးကို အမွေမမီမြေးလို့ ဥပဒေအရ သတ်မှတ်ထားပါတယ်''

''ဒါဆိုရင် အခုကိစ္စမှာ ပထမမောင်ဖြစ်သူက မိခင်ထက်စော ကွယ်လွန်သွားတယ်ဆိုတော့''

''အဲဒီသားဖြစ်သူက မွေးတဲ့ အဝေးသင်တက္ကသိုလ်တက်နေတယ်ဆိုတဲ့ မိန်းကလေးဟာ အမွေရှင်အဘွားနဲ့ အမွေမမီမြေးဖြစ်လာပါတယ်။ အမွေမီ မြေးကတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ဒုတိယသမီးရဲ့ ခင်ပွန်းက ကွယ်လွန်သွားတာဆိုတော့ အမွေရှင်ရဲ့ သားမက်ဖြစ်လို့ သူက မွေးတဲ့ သားသမီးက ကွယ်လွန်သူ အဘွား၏ မြေးအဖြစ် တော်စပ်ပေမယ့် အမွေဆက်ခံခွင့်ရှိလာတဲ့ အမွေမီမြေးအဖြစ် မရောက်ဘူး''

ဘယ်လို့ဖြစ်လို့လဲဆရာ။ သူလည်း မြေးပဲ မဟုတ်လား''

''ဘာလို့လဲဆိုတော့ အမွေရှင်ရဲ့ ဒုတိယသမီးက သက်ရှိထင်ရှားရှိနေတဲ့အတွက် သူကသာ တိုက်ရိုက်အ မွေဆက်ခံခွင့်ရှိမှာဖြစ်တယ်။ ဒုတိယ သမီးက မွေးတဲ့ သားသမီးတွေက အမွေမီ မြေးအဖြစ် မရောက်တော့ဘူး''

''ဆရာပြောတဲ့ သဘောဆိုရင် အခုကိစ္စမှာ အဒေါ်ဦးလေးတွေနဲ့ တူမက အမွေခွဲရမယ့် သဘောပေါ့''

''မှန်ပါတယ်''

''တစ်ခုမရှင်းတာက ဆရာ။ အမေဖြစ်သူက မကန့်ကွက်ဘဲ သမီးဖြစ်သူက အမွေရှင် အဘိုးအဘွားရဲ့ မြေးဆိုပြီးကန့်ကွက်ခွင့်ရတာက ဘယ်လိုလဲ ဆရာ''

''ဒီအချက်ကတော့ ဗုဒ္ဓဘာသာဝင်မြန်မာ့ဓလေ့ထုံးတမ်းဥပဒေရဲ့ ထူးခြားတဲ့ အချက်ဖြစ်တယ်။ လင် သို့မဟုတ် မယား ကွယ်လွန်သွားရာ ကျန်ရစ်သူ မုဆိုးဖိုသို့မဟုတ် မုဆိုးမသည် ယောက္ခမ၏ အမွေကို ဆက်ခံခွင့်မရှိလို့ မောင်အုန်းခင်နှင့် ဦးညို ရန်ကုန်စီရင်ထုံးအတွဲ၁ဝ စာမျက် နှာ ၁၂၄ မှာဆုံးဖြတ်ထားပြီး ယခု တိုင်ဥပဒေအဖြစ် လိုက်နာလျက်ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ပထမသားရဲ့ ချွေးမဖြစ်သူက အမွေရခွင့် မရှိပါဘူး''

''ဒါပေမယ့် သူက မွေးတဲ့ သမီးကတော့ အမွေမမီမြေးအဖြစ် အမွေရခွင့်ရှိတယ်ပေါ့''

''ဟုတ်ပါတယ်။ တကယ်လို့ ချွေးမဒါမှမဟုတ် သားမက်ဖြစ်သူက အမွေရှင်ရဲ့သား သို့မဟုတ် သမီးနဲ့ ရခဲ့တဲ့ သားသမီးရှိခဲ့ရင်တော့ အမွေ မမီမြေးအနေနဲ့ မြေးဖြစ်သူက အမွေရခွင့်ရှိမှာ ဖြစ်ပါတယ်''

''ဒါပေမယ့် သမီးကြီးပြောတာက သူ့ရဲ့ ပထမမောင်ကွယ်လွန်သွားတဲ့အခါ အမေဖြစ်သူက မောင်ရဲ့ ဝေစုကို မြေးဖြစ်သူ အမည်နဲ့ ခွဲဝေပေးထားခဲ့တယ်လို့ ပြောတယ်။ ဒါကြောင့် ရပိုင်ခွင့်မရှိတော့ဘူးလို့ ပြောပါတယ်။ အဲဒါဖြစ်နိုင်ပါသလား''

''စာချုပ်စာတမ်းနဲ့ ကြိုတင်ခွဲဝေပေးခဲ့တယ်ဆိုရင်တော့လည်း လက်ခံရမယ့် သဘောတော့ရှိတာပေါ့။ ဒါပေမယ့် ခိုင်မာတဲ့ စာချုပ်စာတမ်းဖြစ်ဖို့တော့လိုတယ်''

''ဖခင်ရဲ့ အမွေဝေစုအဖြစ် ခွဲဝေပေးကြောင်း အတိအကျဖော်ပြ ချုပ်ဆိုထားဖို့ လိုမှာပေါ့''

''မှန်ပါတယ်။ မိသားစု စီမံမှု စာချုပ် ချုပ်ဆိုပြီး သားသမီးအားလုံး ချွေးမ၊ မြေးအပါအဝင် လက်မှတ်ရေး ထိုးချုပ် ဆိုဖို့လိုပါတယ်။ တတ်နိုင်ရင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုထားရင်ပိုပြီး ခိုင်မာမှုရှိတယ်''

''ခိုင်မာတဲ့ စာချုပ်စာတမ်းမရှိရင်တော့ ဖခင်ဝေစုကို ခွဲဝေပေးရမှာပေါ့နော်''

''မှန်ပါတယ်။ ဒါကြောင့်မို့ ညှိနှိုင်းဆောင်ရွက်ကြရင်တော့ ပိုကောင်းတာပေါ့''

''အမှုအခင်းတွေများဖြစ်လာနိုင် မလား ဆရာ''

''ညှိနှိုင်းမှုအဆင်မပြေရင်တော့ အမှုအခင်းတွေဖြစ်လာနိုင်တဲ့အတွက် အရောင်းအဝယ် နောက်ဆုတ်လိုက် တာကောင်းမယ်ထင်တယ်။ စရန်ငွေပေးထားသေးလား''

''စရန်ငွေမပေးရသေးဘူး ဆရာ။ အိမ်ပွဲစားက ကန့်ကွက်တာရှိတယ်လို့ ပြောလို့ စုံစမ်းမေးမြန်းခဲ့တာပါ''

ဒါဆိုရင် စဉ်းစားဆုံးဖြတ်ပြီးမှ ဝယ်ပါဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service