စုစုပေါင်း အိမ်ခန်းအရေအတွက် ၆၇၃၆ ခန်းရှိမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်း များအတွက် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ ၁၃၇၃ လုံး ဆောက်လုပ်ပြီးစီး

စုစုပေါင်း အိမ်ခန်းအရေအတွက် ၆၇၃၆ ခန်းရှိမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်း များအတွက် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ ၁၃၇၃ လုံး ဆောက်လုပ်ပြီးစီး - Property News in Myanmar from iMyanmarHouse.com
26 Jul 2019 10:13 am တွင် တင်ခဲ့သည်
1067 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###









 

 

### Unicode Version ###

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ ၁၃၇၃ လုံး (အိမ်ခန်းအရေအတွက် ၆၇၃၆ ခန်း)ကို ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ယင်းဌာနမှသိရသည်။

၎င်းဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များကို ကုသရေးဦးစီးဌာနတွင် ၁၁၄၄ လုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ၁၁၂ လုံး၊ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာနတွင် ကိုးလုံး၊ ဆေးသုတေသနဦးစီးဌာနတွင် လေးလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ၂၈ လုံး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် လေးလုံးနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတွင် ၇၁ လုံး စုစုပေါင်း ဝန်ထမ်းအိမ်ရာအဆောက်အအုံ ၁၃၇၃ လုံး (အိမ်ခန်းအရေအတွက် ၆၇၃၆ ခန်း) ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိ ရသည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင်ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၆၇၃၆ ခန်း တည်ဆော က်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အခန်း ၁၀၃၇၇ ခု ဆောက်လုပ်ပေးခဲ့ရာ အများစုမှာ လက်ရှိဘဏ္ဍာ နှစ်အတွင်း ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအားကစားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်ကိုလည်း ဝန်ထမ်းအိမ်ရာနှစ်အဖြစ် ဆက်လက်သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ထပ်မံဆောက်လုပ်လျက်ရှိပြီး လက်ရှိ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦး စီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ ၈၃၀ ကျော် ဆောက်လုပ် ခဲ့ကြောင်း၊လက်ရှိဆောက်လုပ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး / ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ခု (အိမ်ခန်းပေါင်း၂၂၅၄ခန်း)၊ ပြည် သူ့ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀ (အိမ်ခန်းပေါင်း ၂၄၂၈ ခန်း)၊ ကျန်းမာရေးလူ့စွမ်းအား အ ရင်းအမြစ်ဦးစီးဌာနအတွက် အိမ်ရာပေါင်းကိုးခု (အိမ်ခန်းပေါင်း ၂၁၂ ခန်း)၊ ဆေးသုတေသနဦးစီး ဌာနအတွက် အိမ်ရာ ပေါင်းသုံးခု (အိမ်ခန်းပေါင်း ၃၂ ခန်း)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအတွက် အိမ်ရာ ပေါင်း ၄၄ ခု (အိမ်ခန်းပေါင်း ၅၂၈ ခန်း)၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု(အိမ် ခန်း ၅၂၃ ခန်း) ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအောက်က ဦးစီးဌာန အသီးသီးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၄ ခု၊ အိမ်ခန်းပေါင်း ၆၀၀၀ နီးပါးအထိဆောက်လုပ်ခဲ့ကြောင်း၊ယခုထပ်ဆောက်သည့် ဝန်ထမ်းအိမ်ရာများမှာ ယခင်ကာလတိုဘဏ္ဍာနှစ်တွင် မပါခဲ့သည့် ဦးစီးဌာနက ဝန်ထမ်းတွေအတွက်လည်း ထည့်တွက်ပြင်ဆင်ထားကြောင်း ယင်းမှတာဝန်ရှိသူတစ်ဦးကပြောထားကြောင်းသိရသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ထုတ်ပြန်ထားသောလုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် Update ပြုလုပ်ခြင်းနှင့် မလိုအပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ၊ လူနာ၏မိသားစုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေး၊ ပြည်သူလူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းများ ဖွင့်လှစ်၍ မကူးစက်သောရောဂါနှိမ်နင်းရေးကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေး ဝန်ထမ်းများဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများ ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး/ ပြည်နယ်သင်ကြားရေးအဖွဲ့ များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများထားရှိရေးတို့ဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service