အႏၱရာယ္မ်ားအၾကား ဆြဲေဆာင္မႈရွိေနသည့္ ဆိုက္ေဘးရီးယားရွိ ေမာ္လ္ဒိုက္

အႏၱရာယ္မ်ားအၾကား ဆြဲေဆာင္မႈရွိေနသည့္ ဆိုက္ေဘးရီးယားရွိ ေမာ္လ္ဒိုက္ - Property News in Myanmar from iMyanmarHouse.com
23 Jul 2019 12:45 pm တွင် တင်ခဲ့သည်
711 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ထူးျခားျပည့္စံုလြန္းတဲ့ ဆဲလ္ဖီပံု ဓာတ္ဖမ္းခ်င္ၾကတဲ့ ႐ုရွားမွအင္စတာဂရမ္အသုံးျပဳသူေတြဟာ အိမ္နီးခ်င္းႏုိင္ငံျဖစ္တဲ့ ဆိုက္ေဘးရီးယားရဲ႕ ႏိုဗိုစီဘာ့စ္ၿမိဳ႕အနီးရွိ ေရကန္တစ္ခုွဆီ သူ႕ထက္ငါအလုအယက္သြားေရာက္ေနၾကၿပီျဖစ္ပါတယ္။ သူ႕ရဲ႕ စိမ္းျပာေရာင္ေရျပင္နဲ႔ ျဖဴလြလြသဲေသာင္ကမ္းေျခေတြက ေမာ္လ္ဒိုက္ႏိုင္ငံရဲ႕ ေရျပင္၊ သဲေသာင္ေတြနဲ႔ ဆင္တူလို႔ေနပါတယ္။ အိႏိၵယသမုဒၵရာထဲက နာမည္ေက်ာ္ ေမာ္လ္ဒိုက္ကၽြန္းစုနဲ႔မတူတာကေတာ့ သူ႕အလွက သဘာဝမဟုတ္တာပါပဲ။

ဆိုက္ေဘးရီးယားကေမာ္လ္ဒိုက္ပဲေခၚေခၚ ႏိုဗိုဆီဘာ့စ္ေမာ္လ္ဒိုက္လို႔ပဲေခၚေခၚ အလြန္လွပတဲ့ အဲ့ဒီေရကန္ဟာ တကယ္ေတာ့ အနီးနားက ေက်ာက္မီးေသြးစက္႐ံုဆီက ျပာေတြကို စြန္႔ပစ္ဖ်က္ဆီးဖို႔ အသံုးျပဳတဲ့ လူလုပ္အဆိပ္ဖ်က္ကန္ပဲျဖစ္ပါတယ္။ ကန္ေရျပင္ဟာ စိမ္းျပာေရာင္ေတာက္ေတာက္ကို ဘယ္ကေနရသလဲဆိုရင္ ကန္ေအာက္အနက္ကေနပဲဲျဖစ္ပါတယ္။  သူ႕ထဲမွာ ထံုးဆားနဲ႔ အျခားသတၱဳေအာက္ဆိုက္ဒ္ေတြ ေပ်ာ္ဝင္ေနပါတယ္။

ယခုလအေစာပိုင္းမွာ အဲ့ဒီေရကန္ဟာ လူမႈကြန္ရက္ေတြမွာ ေက်ာ္ၾကားလာတယ္လို႔ Siberian Generating Company (SGC) က ႐ုရွားလူမႈကြန္ရက္ VKontakte မွာ ထုတ္ျပန္ခဲ့ပါတယ္။

ျမင္ျမင္ခ်င္းမွာပင္ ဆြဲေဆာင္မႈရွိလွတဲ့ ၎ျပာစြန္႔ကန္ကေရေတြဟာ pH အဆင့္ ၈ ေက်ာ္တာေၾကာင့္ ထိလိုက္ရင္ လူ႕အေရျပားမွာ ဓာတ္မတည့္မႈ ျဖစ္ေပၚေစမွာပါလို႔ SGC ကုမၸဏီက သတိေပးထားပါတယ္။ ဒါေပမဲ့လည္း ဒီသတိေပးခ်က္က လူေတြကို ကန္စပ္မွာ ကိုယ္ဟန္အမ်ဳိးမ်ဳိးေပးၿပီး ဓာတ္ပံုမ႐ုိက္ေအာင္ မတားဆီးႏုိင္သလို ေရေပၚမွာ paddle board စီးတာ၊ အ႐ုပ္ေလွစီးတာေတြကိုလည္း ဟန္႔တားႏုိင္စြမ္းမရွိပါဘူး။

ကန္ရဲ႕ေအာက္ေျခဟာ အရမ္းကိုႏြံထူတာေၾကာင့္ နစ္သြားရင္ ျပန္႐ုန္းထြက္ဖို႔ကလည္း မျဖစ္ႏိုင္လုနီးပါးျဖစ္တယ္လုိ႔လည္း SGC က ထည့္သြင္းေၾကညာထားပါတယ္။ ဆဲလ္ဖီဆြဲရင္း ကန္ထဲမေတာ္တဆျပဳတ္က်မွာကို အစိုးရိမ္ဆံုးျဖစ္တယ္လုိ႔လည္း ဆိုပါတယ္။

ကန္ေဘးတစ္ေလွ်ာက္လမ္းေလွ်ာက္တာဟာ စစ္ေသနတ္ပစ္ကြင္းထဲ လမ္းေလွ်ာက္ရသလို အႏၱရာယ္ရွိၿပီး မျပဳလုပ္အပ္တဲ့အရာျဖစ္တယ္လို႔လည္း ၎တရားဝင္ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။

ဒါေပမဲ့လည္း လက္ေတြ႕မွာေတာ့ လူေတြဟာ အႏၱရာယ္ကို မမႈဘဲ သူတို႔ရဲ႕က်န္းမာေရးထက္ အင္စတာဂရမ္မွာ ဓာတ္ပံုတင္ႏိုင္ဖို႔ကိုပဲ ပိုအေလးထားေနၾကပါတယ္။

“ကန္ေရက အဆိပ္သင့္တာကို ကၽြန္မတို႔သိပါတယ္။ ဒါေၾကာင့္ ေရကန္ထဲေတာ့ မဆင္းခဲ့ပါဘူး။ အႏၱရာယ္ရွိတဲ့အခ်က္က ႐ုရွားႏုိင္ငံသားအခ်ဳိ႕ကို ကန္နံေဘးမွာ ေပ်ာ္ပြဲစားမထြက္ေအာင္ မတားဆီးႏိုင္ခဲ့ပါဘူး။ အမ်ဳိးသားတစ္ေယာက္ဆို ကန္ထဲ ေရဆင္းခ်ဳိးခဲ့ပါေသးတယ္။ အဲ့ဒီမွာေရဆင္းခ်ဳိးတာမ်ဳိး မျပဳလုပ္ဖို႔ တင္းတင္းက်ပ္က်ပ္တားျမစ္ထားတာပါ။” လို႔ အမ်ဳိးသမီးတစ္ဦးက CNN သတင္းဌာနသို႔ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ထူးခြားပြည့်စုံလွန်းတဲ့ ဆဲလ်ဖီပုံ ဓာတ်ဖမ်းချင်ကြတဲ့ ရုရှားမှအင်စတာဂရမ်အသုံးပြုသူတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဆိုက်ဘေးရီးယားရဲ့ နိုဗိုစီဘာ့စ်မြို့အနီးရှိ ရေကန်တစ်ခုှဆီ သူ့ထက်ငါအလုအယက်သွားရောက်နေကြပြီဖြစ်ပါတယ်။ သူ့ရဲ့ စိမ်းပြာရောင်ရေပြင်နဲ့ ဖြူလွလွသဲသောင်ကမ်းခြေတွေက မော်လ်ဒိုက်နိုင်ငံရဲ့ ရေပြင်၊ သဲသောင်တွေနဲ့ ဆင်တူလို့နေပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲက နာမည်ကျော် မော်လ်ဒိုက်ကျွန်းစုနဲ့မတူတာကတော့ သူ့အလှက သဘာဝမဟုတ်တာပါပဲ။

ဆိုက်ဘေးရီးယားကမော်လ်ဒိုက်ပဲခေါ်ခေါ် နိုဗိုဆီဘာ့စ်မော်လ်ဒိုက်လို့ပဲခေါ်ခေါ် အလွန်လှပတဲ့ အဲ့ဒီရေကန်ဟာ တကယ်တော့ အနီးနားက ကျောက်မီးသွေးစက်ရုံဆီက ပြာတွေကို စွန့်ပစ်ဖျက်ဆီးဖို့ အသုံးပြုတဲ့ လူလုပ်အဆိပ်ဖျက်ကန်ပဲဖြစ်ပါတယ်။ ကန်ရေပြင်ဟာ စိမ်းပြာရောင်တောက်တောက်ကို ဘယ်ကနေရသလဲဆိုရင် ကန်အောက်အနက်ကနေပဲဲဖြစ်ပါတယ်။ သူ့ထဲမှာ ထုံးဆားနဲ့ အခြားသတ္တုအောက်ဆိုက်ဒ်တွေ ပျော်ဝင်နေပါတယ်။

ယခုလအစောပိုင်းမှာ အဲ့ဒီရေကန်ဟာ လူမှုကွန်ရက်တွေမှာ ကျော်ကြားလာတယ်လို့ Siberian Generating Company (SGC) က ရုရှားလူမှုကွန်ရက် VKontakte မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြင်မြင်ချင်းမှာပင် ဆွဲဆောင်မှုရှိလှတဲ့ ၎င်းပြာစွန့်ကန်ကရေတွေဟာ pH အဆင့် ၈ ကျော်တာကြောင့် ထိလိုက်ရင် လူ့အရေပြားမှာ ဓာတ်မတည့်မှု ဖြစ်ပေါ်စေမှာပါလို့ SGC ကုမ္ပဏီက သတိပေးထားပါတယ်။ ဒါပေမဲ့လည်း ဒီသတိပေးချက်က လူတွေကို ကန်စပ်မှာ ကိုယ်ဟန်အမျိုးမျိုးပေးပြီး ဓာတ်ပုံမရိုက်အောင် မတားဆီးနိုင်သလို ရေပေါ်မှာ paddle board စီးတာ၊ အရုပ်လှေစီးတာတွေကိုလည်း ဟန့်တားနိုင်စွမ်းမရှိပါဘူး။

ကန်ရဲ့အောက်ခြေဟာ အရမ်းကိုနွံထူတာကြောင့် နစ်သွားရင် ပြန်ရုန်းထွက်ဖို့ကလည်း မဖြစ်နိုင်လုနီးပါးဖြစ်တယ်လို့လည်း SGC က ထည့်သွင်းကြေညာထားပါတယ်။ ဆဲလ်ဖီဆွဲရင်း ကန်ထဲမတော်တဆပြုတ်ကျမှာကို အစိုးရိမ်ဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကန်ဘေးတစ်လျှောက်လမ်းလျှောက်တာဟာ စစ်သေနတ်ပစ်ကွင်းထဲ လမ်းလျှောက်ရသလို အန္တရာယ်ရှိပြီး မပြုလုပ်အပ်တဲ့အရာဖြစ်တယ်လို့လည်း ၎င်းတရားဝင်ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ဒါပေမဲ့လည်း လက်တွေ့မှာတော့ လူတွေဟာ အန္တရာယ်ကို မမှုဘဲ သူတို့ရဲ့ကျန်းမာရေးထက် အင်စတာဂရမ်မှာ ဓာတ်ပုံတင်နိုင်ဖို့ကိုပဲ ပိုအလေးထားနေကြပါတယ်။

“ကန်ရေက အဆိပ်သင့်တာကို ကျွန်မတို့သိပါတယ်။ ဒါကြောင့် ရေကန်ထဲတော့ မဆင်းခဲ့ပါဘူး။ အန္တရာယ်ရှိတဲ့အချက်က ရုရှားနိုင်ငံသားအချို့ကို ကန်နံဘေးမှာ ပျော်ပွဲစားမထွက်အောင် မတားဆီးနိုင်ခဲ့ပါဘူး။ အမျိုးသားတစ်ယောက်ဆို ကန်ထဲ ရေဆင်းချိုးခဲ့ပါသေးတယ်။ အဲ့ဒီမှာရေဆင်းချိုးတာမျိုး မပြုလုပ်ဖို့ တင်းတင်းကျပ်ကျပ်တားမြစ်ထားတာပါ။” လို့ အမျိုးသမီးတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service