ဘန္ေကာာက္ကြန္ဒိုသစ္မ်ား ႏွစ္ႏွစ္အတြင္း ေရာင္းေဈးအနိမ့္ဆံုးျဖစ္ခဲ့

ဘန္ေကာာက္ကြန္ဒိုသစ္မ်ား ႏွစ္ႏွစ္အတြင္း ေရာင္းေဈးအနိမ့္ဆံုးျဖစ္ခဲ့ - Property News in Myanmar from iMyanmarHouse.com
18 Jul 2019 12:35 pm တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ထိုင္းႏုိင္ငံ ၿမိဳ႕ေတာ္ဘန္ေကာက္ရွိ အသစ္စတင္ေရာင္းခ်ခဲ့ေသာ ကြန္ဒိုမီနီယံမ်ား၏ ပ်မ္းမွ်ေရာင္းေဈးမ်ားသည္ ႏွစ္ႏွစ္အတြင္း အနိမ့္ဆံုးျဖစ္ခဲ့ေၾကာင္း ႏုိင္ငံတကာအိမ္ၿခံေျမေအဂ်င္စီ Colliers ၏ ထုိင္းႏိုင္ငံ႐ံုးခြဲ Colliers Thailand က ေဖာ္ျပခဲ့သည္။

၂၀၁၉ ခုႏွစ္ ပထမသံုးလပတ္အတြင္း ေဈးကြက္ထဲအသစ္ဝင္ေရာက္လာခဲ့ေသာ ကြန္ဒိုမီနီယံမ်ား၏ ပ်မ္းမွ်ေရာင္းေဈးမွာ ၁ စတုရန္းမီတာလွ်င္ ထိုင္းဘတ္ ၁၀၂,၄၇၆ (အေမရိကန္ေဒၚလာ ၃,၃၀၀) ရွိခဲ့ကာ ၎မတိုင္မီသံုးလပတ္ေအာက္ က်ဆင္းခဲ့ေၾကာင္း Colliers Thailand က ေတြ႕ရွိခဲ့သည္။

ယင္းမွာ ၁ စတုရန္းမီတာလွ်င္ ထိုင္းဘတ္ ၅၀,၀၀၀ ေအာက္ ကြန္ဒိုသစ္အေရအတြက္ ျမင့္တက္ျခင္းႏွင့္ ၁ စတုရန္းမီတာလွ်င္ ထိုင္းဘတ္ ၂၀၀,၀၀၀ အထက္ ကြန္ဒိုသစ္အေရအတြက္ က်ဆင္းျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း Colliers က ရွင္းျပခဲ့သည္။

ဘန္ေကာက္တြင္ Developer (ေျမယာဝယ္ယူ၍အေဆာက္အအံုေဆာက္လုပ္ေရာင္းခ်ေရးကုမၸဏီ) ႀကီးမ်ားက စီမံကိန္းသစ္မ်ားကို ဆက္လက္ေဖာ္ေဆာင္မည္ျဖစ္ေသာ္လည္း ကြန္ဒိုမီနီယံေဈးကြက္သည္ ၂၀၁၉ ခုႏွစ္တြင္ က်ဆင္းႏိုင္ေျခရွိေၾကာင္း အိမ္ၿခံေျမအတုိင္ပင္ခံမ်ားက ခန္႔မွန္းခဲ့သည္။

“ထိုင္းဗဟိုဘဏ္၏ LTV ဥပေဒသစ္ (အိမ္ရာေခ်းေငြဥပေဒသစ္)၊ ေျမယာႏွင့္အေဆာက္အအံုအခြန္ႏႈန္းထားသစ္မ်ား၊ ျမင့္တက္လာေသာ ေျမေဈးမ်ားႏွင့္ ႏုိင္ငံေရးအေျခအေနတို႔က ဘန္ေကာက္ရွိလူေနအိမ္ၿခံေျမေဈးကြက္အေပၚ သက္ေရာက္မႈရွိလာသည္။” ဟု သုေတသီ ဖတ္တာရာခ်ဳိင္တာဝီဝုန္ႏွင့္ ထက္ခ်နန္သီဒီဂ်ဳိင္က ေရးသားခဲ့သည္။

“Developer မ်ားသည္ LTV ဥပေဒမျပ႒ာန္းမီ စီမံကိန္းသစ္မိတ္ဆက္ျခင္းမ်ားအား ေလွ်ာ့ခ်ၿပီး ရွိၿပီးသားစီမံကိန္းမ်ား ေရာင္းကုန္ေရးအာ႐ံုစိုက္ခဲ့ၾကသည္။” ဟုလည္း ျဖည့္စြက္ေရးသားခဲ့သည္။

LTV ဥပေဒသစ္က Developer မ်ားအား ၎တို႔၏စီမံကိန္းမ်ားကို ရွင္းထုတ္ေစခ်င္ခဲ့သည္ႏွင့္အတူ ဝယ္လက္မ်ားအားလည္း ေရာင္းခ်ေနေသာ ေဆာက္လုပ္ၿပီးစီးၿပီးသား အခန္းမ်ားကို ဝယ္ယူရန္ တြန္းအားေပးရာေရာက္ခဲ့သည္။ ၂၀၁၉ ခုႏွစ္ ပထမသံုးလပတ္တြင္ အသစ္မိတ္ဆက္ခဲ့ေသာာ ကြန္ဒိုမီနီယံမ်ားသည္ ၈၉၅၃ ခန္း ရွိခဲ့ၿပီး ပ်မ္းမွ်ေရာင္းအားမွာ အခန္းအေရအတြက္၏ ထက္ဝက္ေက်ာ္ျဖစ္ေသာ ၅၂ ရာခိုင္ႏႈန္း ရွိခဲ့သည္။ ယင္းမွာ ၎သံုးလပတ္မတိုင္မီသံုးလပတ္ျဖစ္ေသာ ၂၀၁၈ ခုႏွစ္ စတုတၳသံုးလပတ္ေရာင္းအားႏွင့္တူညီေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ အသစ်စတင်ရောင်းချခဲ့သော ကွန်ဒိုမီနီယံများ၏ ပျမ်းမျှရောင်းဈေးများသည် နှစ်နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း နိုင်ငံတကာအိမ်ခြံမြေအေဂျင်စီ Colliers ၏ ထိုင်းနိုင်ငံရုံးခွဲ Colliers Thailand က ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ဈေးကွက်ထဲအသစ်ဝင်ရောက်လာခဲ့သော ကွန်ဒိုမီနီယံများ၏ ပျမ်းမျှရောင်းဈေးမှာ ၁ စတုရန်းမီတာလျှင် ထိုင်းဘတ် ၁၀၂,၄၇၆ (အမေရိကန်ဒေါ်လာ ၃,၃၀၀) ရှိခဲ့ကာ ၎င်းမတိုင်မီသုံးလပတ်အောက် ကျဆင်းခဲ့ကြောင်း Colliers Thailand က တွေ့ရှိခဲ့သည်။

ယင်းမှာ ၁ စတုရန်းမီတာလျှင် ထိုင်းဘတ် ၅၀,၀၀၀ အောက် ကွန်ဒိုသစ်အရေအတွက် မြင့်တက်ခြင်းနှင့် ၁ စတုရန်းမီတာလျှင် ထိုင်းဘတ် ၂၀၀,၀၀၀ အထက် ကွန်ဒိုသစ်အရေအတွက် ကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း Colliers က ရှင်းပြခဲ့သည်။

ဘန်ကောက်တွင် Developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) ကြီးများက စီမံကိန်းသစ်များကို ဆက်လက်ဖော်ဆောင်မည်ဖြစ်သော်လည်း ကွန်ဒိုမီနီယံဈေးကွက်သည် ၂၀၁၉ ခုနှစ်တွင် ကျဆင်းနိုင်ခြေရှိကြောင်း အိမ်ခြံမြေအတိုင်ပင်ခံများက ခန့်မှန်းခဲ့သည်။

“ထိုင်းဗဟိုဘဏ်၏ LTV ဥပဒေသစ် (အိမ်ရာချေးငွေဥပဒေသစ်)၊ မြေယာနှင့်အဆောက်အအုံအခွန်နှုန်းထားသစ်များ၊ မြင့်တက်လာသော မြေဈေးများနှင့် နိုင်ငံရေးအခြေအနေတို့က ဘန်ကောက်ရှိလူနေအိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှုရှိလာသည်။” ဟု သုတေသီ ဖတ်တာရာချိုင်တာဝီဝုန်နှင့် ထက်ချနန်သီဒီဂျိုင်က ရေးသားခဲ့သည်။

“Developer များသည် LTV ဥပဒေမပြဋ္ဌာန်းမီ စီမံကိန်းသစ်မိတ်ဆက်ခြင်းများအား လျှော့ချပြီး ရှိပြီးသားစီမံကိန်းများ ရောင်းကုန်ရေးအာရုံစိုက်ခဲ့ကြသည်။” ဟုလည်း ဖြည့်စွက်ရေးသားခဲ့သည်။

LTV ဥပဒေသစ်က Developer များအား ၎င်းတို့၏စီမံကိန်းများကို ရှင်းထုတ်စေချင်ခဲ့သည်နှင့်အတူ ဝယ်လက်များအားလည်း ရောင်းချနေသော ဆောက်လုပ်ပြီးစီးပြီးသား အခန်းများကို ဝယ်ယူရန် တွန်းအားပေးရာရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် အသစ်မိတ်ဆက်ခဲ့သောာ ကွန်ဒိုမီနီယံများသည် ၈၉၅၃ ခန်း ရှိခဲ့ပြီး ပျမ်းမျှရောင်းအားမှာ အခန်းအရေအတွက်၏ ထက်ဝက်ကျော်ဖြစ်သော ၅၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ယင်းမှာ ၎င်းသုံးလပတ်မတိုင်မီသုံးလပတ်ဖြစ်သော ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်ရောင်းအားနှင့်တူညီကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service