ရုံးခန်းဖွင့်ရန် ကမ္ဘာ့ဈေးအကြီးဆုံး ၁၀ နေရာ
ရုံးခန်းဖွင့်ရန် ကမ္ဘာ့ဈေးအကြီးဆုံး ၁၀ နေရာ - Property News in Myanmar from iMyanmarHouse.com
18 Jul 2019 10:40 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဟောင်ကောင်ရှိ နေရာနှစ်နေရာက ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းနေရာများအဖြစ် ဖော်ပြခံရခြင်းနှင့်အတူ CBRE အမေရိကန်အိမ်ခြံမြေကုမ္ပဏီမှ ယခုနောက်ဆုံးထုတ်ပြန်လိုက်သော ကမ္ဘာ့အဆင့်မြင့်ရုံးခန်းစရိတ်စစ်တမ်း၌ အာရှမြို့များ ပါဝင်ခဲ့ပြန်ပြီဖြစ်သည်။
ဟောင်ကောင်၏ Central district ရှိ အဆင့်မြင့်ရုံးခန်းနေရာတစ်ခု၏ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အထိ ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၂၂ ဒေါ်လာဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ရုံးခန်းစရိတ်စကဖြစ်သည်။
ယင်းက လန်ဒန်ရှိ ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၂၂၂ ဒသမ ၇၀ ရှိသည့် West End ကိုလည်း ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးနေရာဖြစ်စေခဲ့သည်။
ဟောင်ကောင်ရှိ Kowloon district က ထိုစစ်တမ်း၏ ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းနေရာများစာရင်း၌ တတိယနေရာတွင် ရပ်တည်ခဲ့သည်။ ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၈၇ ဒေါ်လာ ဝန်းကျင်ဖြစ်သည်။
ဗြိတိန်ရှိ City of London က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၃၉ ဒသမ ၇၅ ဖြင့် နံပါတ် ၁၀ တွင် ဖော်ပြခံခဲ့ရကာ နယူးဒေလီရှိ Connaught Place က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၉၇ ဒေါ်လာ ဖြင့် ကမ္ဘာ့နဝမမြောက်ဈေးအကြီးဆုံးရုံးခန်းနေရာဖြစ်သည်။
တရုတ်ပြည်မကြီးမှလည်း နံပါတ် ၅ နှင့် ၆ နေရာတို့ဖြင့် နှစ်နေရာပါဝင်ခဲ့ပြီး နှစ်နေရာစလုံးကလည်း မြို့တော်ပေကျင်းမှပင်ဖြစ်သည်။ ပေကျင်းရှိ Finance Street က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၇၇ ဖြင့် နံပါတ် ၅ တွင် ရပ်တည်ခဲ့ပြီး CBD က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၇၇ ဒသမ ၀၅ ဖြင့် နံပါတ် ၆ နေရာ၌ ဖော်ပြခံခဲ့ရသည်။
နံပါတ် ၇ နေရာတွင် နယူးယောက်ရှိ Midtown-South Manhattan ရပ်ကွက်က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၈၆ ဖြင့် ရပ်တည်ခဲ့ပြီး တိုကျိုရှိ မာရူနိုအူချီ (သို့) အိုတီမာချီဧရိယာက ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၆၇ ဒသမ ၈၂ ဖြင့် နံပါတ် ၈ နေရာ၌ ဖော်ပြခံခဲ့ရသည်။
နယူးယောက်ရှိ Midtown Manhattan ကလည်း ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၉၆ ဒသမ ၈၉ ဖြင့် ကမ္ဘာ့စတုတ္ထမြောက်ဈေးအကြီးဆုံးအဆင့်မြင့်ရုံးခန်းနေရာဖြစ်သည်။
ကမ္ဘာတစ်ဝန်း အဆင့်မြင့်ရုံးခန်းနေရာဖွင့်လှစ်မှုကုန်ကျစရိတ်များသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အထိ တစ်နှစ်တာအတွင်း ၃ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ CBRE မှ ခန့်မှန်းခဲ့သည့် ၂ ရာခိုင်နှုန်းထက်ပိုမိုများပြားကာ ယင်းမတိုင်မီတစ်နှစ် ၂ ဒသမ ၄ ရာခိုင်နှုန်းထက်လည်း များပြားပေသည်။ အာရှပစိဖိတ်ရှိ ရုံးခန်းဈေးကွက်များသည် ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ ရုံးခန်းဈေးကွက်များက ၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အမေရိကနိုင်ငံများရှိ ရုံးခန်းဈေးကွက်များက ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service