သူစိမ္းမ်ား ဝင္ေရာက္ပါက ပစ္သတ္ရန္ အမိန္႔ထုတ္ထားသည့္ ျမိဳ ႔ပ်က္ၾကီး

သူစိမ္းမ်ား ဝင္ေရာက္ပါက ပစ္သတ္ရန္ အမိန္႔ထုတ္ထားသည့္ ျမိဳ ႔ပ်က္ၾကီး - Property News in Myanmar from iMyanmarHouse.com
15 Jul 2019 11:37 am တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဆိုက္ပရပ္ႏိုင္ငံ၏ အေရွ ႔ဘက္ကမ္းရိုးတန္း ဖာမာဂူစတာျမိဳ ႔တြင္ တည္ရွိသည့္ ဗာရိုရွာကို တေစၦျမိဳ ႔ေတာ္ၾကီးဟု ေခၚၾကသည္။

၁၉၇၀ ျပည့္ဝန္းက်င္ကာလမ်ားကမူ ဗာရိုရွာသည္ ကမၻာေပၚတြင္ ကမၻာလွည့္ခရီးသည္တို႔ လည္ပတ္မွႈအမ်ားဆံုး ေနရာမ်ားတြင္ တစ္ခု အပါအဝင္ျဖစ္ခဲ့ျပီး အေျခခ်ေနထိုင္သည့္ ျမိဳ ႔ခံေပါင္း ၄၀၀၀၀ ခန္႔ ရွိခဲ့၏။ကမၻာလွည့္ခရီးသည္တို႔ ဝင္ေရာက္မႈ မ်ားျပားသည္ႏွင့္အမွ် မိုးေမွ်ာ္တိုက္မ်ား၊ ဟိုတယ္မ်ားလည္း အျပိဳင္းအရိုင္း ေပၚေပါက္လာခဲ့သည္။

အဲလစ္ဇဘက္ေတလာ အပါအဝင္ အျခားကမၻာေက်ာ္မ်ားစြာ ဗာရိုရွာသို႔ လာေရာက္လည္ပတ္ခဲ့ၾကဖူးသည္။

ဗာရိုရွာ၏ လူေနမႈဘဝႏွင့္ ျပီးျပည့္စံုသည့္ ပင္လယ္ကမ္းေျခတို႔တြင္ ေပ်ာ္ဝင္စီးေမ်ာရန္ သန္းၾကြယ္သူေဌးမ်ားႏွင့္ အေက်ာ္အေမာ္မ်ား အလံုးအရင္း လာေရာက္ခဲ့ၾကဖူးသည္။

ယခုအခါတြင္ကား ဗာရိုရွာ၏ အေဆာက္အအံုအမ်ားစုမွာ ျပိဳက်ပ်က္စီးေနျပီ ျဖစ္ေလသည္။

အေဆာက္အအံုနံရံမ်ား၊ ပလက္ေဖာင္းမ်ားေပၚတြင္ ျခံဳႏႊယ္ပိတ္ေပါင္းမ်ား အတိျပီးလ်က္ရွိေနျပီ။

လူသူကင္းမဲ့ေသာ ပင္လယ္ကမ္းေျခသဲေသာင္မ်ားေပၚတြင္ ပင္လယ္လိပ္တို႔ အသိုက္ဖြဲ႔ေနၾကျပီး အေဆာက္အအံုတို႔၏ ဧည့္ခန္းမ်ားတြင္ပင္ ျခံဳႏြယ္တို႔ က်ဴးေက်ာ္ဝင္ေရာက္ေနျပီ ျဖစ္၏။

၁၉၇၄ ခုႏွစ္အတြင္း တူရကီတို႔၏ က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ ဗာရိုရွာျမိဳ ႔သားမ်ား ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရျခင္း ျဖစ္သည္။

တူရကီတို႔ သိမ္းပိုက္လိုက္ျပီးေနာက္ပိုင္း ဗာရိုရွာျမိဳ ႔ကေလးမွာ ယေန႔တုိင္ လူသူကင္းမဲ့လွေသာ တေစၦျမိဳ ႔ေတာ္အျဖစ္ တည္ရွိေနဆဲ ျဖစ္ေလသည္။

ယေန႔အခါတြင္ကား ျမိဳ ႔တြင္းသို႔ မည္သူ႔ကိုမွ် ဝင္ေရာက္ခြင့္ မျပဳေခ်။

လက္ရွိအခ်ိန္တြင္ ျမိဳ ႔တြင္းသို႔ ဝင္ေရာက္ခြင့္ရွိသည္မွာ တူရကီစစ္ဘက္ႏွင့္ ကုလသမဂၢမွ ဝန္ထမ္းမ်ားသာ ျဖစ္သည္။

ျမိဳ ႔တြင္းသို႔ ဝင္ေရာက္ရန္ၾကိဳးစားသူ မည္သူကိုမဆို ပစ္ခတ္ရန္ စစ္သည္မ်ားအား အမိန္႔ေပးထားသည္။

ဝင္ခြင့္ရသည့္ ကုလသမဂၢဝန္ထမ္းမ်ားကိုပင္ ဓာတ္ပံုရိုက္ခြင့္ ေပးမထားေခ်။

ျမိဳ ႔တြင္းရွိ ကားအေရာင္းစင္တာမ်ားတြင္ ၁၉၇၄ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ ေမာ္ေတာ္ကားမ်ား အျပည့္အသိပ္ျဖင့္ ယေန႔တိုင္ ရွိေနဆဲျဖစ္သည္ဟု ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဆိုက်ပရပ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်း ဖာမာဂူစတာမြို့တွင် တည်ရှိသည့် ဗာရိုရှာကို တစ္ဆေမြို့တော်ကြီးဟု ခေါ်ကြသည်။

၁၉၇၀ ပြည့်ဝန်းကျင်ကာလများကမူ ဗာရိုရှာသည် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသည်တို့ လည်ပတ်မှှုအများဆုံး နေရာများတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး အခြေချနေထိုင်သည့် မြို့ခံပေါင်း ၄၀၀၀၀ ခန့် ရှိခဲ့၏။ ကမ္ဘာလှည့်ခရီးသည်တို့ ဝင်ရောက်မှု များပြားသည်နှင့်အမျှ မိုးမျှော်တိုက်များ၊ ဟိုတယ်များလည်း အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့သည်။

အဲလစ်ဇဘက်တေလာ အပါအဝင် အခြားကမ္ဘာကျော်များစွာ ဗာရိုရှာသို့ လာရောက်လည်ပတ်ခဲ့ကြဖူးသည်။

ဗာရိုရှာ၏ လူနေမှုဘဝနှင့် ပြီးပြည့်စုံသည့် ပင်လယ်ကမ်းခြေတို့တွင် ပျော်ဝင်စီးမျောရန် သန်းကြွယ်သူဌေးများနှင့် အကျော်အမော်များ အလုံးအရင်း လာရောက်ခဲ့ကြဖူးသည်။

ယခုအခါတွင်ကား ဗာရိုရှာ၏ အဆောက်အအုံအများစုမှာ ပြိုကျပျက်စီးနေပြီ ဖြစ်လေသည်။

အဆောက်အအုံနံရံများ၊ ပလက်ဖောင်းများပေါ်တွင် ခြုံနွှယ်ပိတ်ပေါင်းများ အတိပြီးလျက်ရှိနေပြီ။

လူသူကင်းမဲ့သော ပင်လယ်ကမ်းခြေသဲသောင်များပေါ်တွင် ပင်လယ်လိပ်တို့ အသိုက်ဖွဲ့နေကြပြီး အဆောက်အအုံတို့၏ ဧည့်ခန်းများတွင်ပင် ခြုံနွယ်တို့ ကျူးကျော်ဝင်ရောက်နေပြီ ဖြစ်၏။

၁၉၇၄ ခုနှစ်အတွင်း တူရကီတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဗာရိုရှာမြို့သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။

တူရကီတို့ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဗာရိုရှာမြို့ကလေးမှာ ယနေ့တိုင် လူသူကင်းမဲ့လှသော တစ္ဆေမြို့တော်အဖြစ် တည်ရှိနေဆဲ ဖြစ်လေသည်။

ယနေ့အခါတွင်ကား မြို့တွင်းသို့ မည်သူ့ကိုမျှ ဝင်ရောက်ခွင့် မပြုချေ။

လက်ရှိအချိန်တွင် မြို့တွင်းသို့ ဝင်ရောက်ခွင့်ရှိသည်မှာ တူရကီစစ်ဘက်နှင့် ကုလသမဂ္ဂမှ ဝန်ထမ်းများသာ ဖြစ်သည်။

မြို့တွင်းသို့ ဝင်ရောက်ရန်ကြိုးစားသူ မည်သူကိုမဆို ပစ်ခတ်ရန် စစ်သည်များအား အမိန့်ပေးထားသည်။

ဝင်ခွင့်ရသည့် ကုလသမဂ္ဂဝန်ထမ်းများကိုပင် ဓာတ်ပုံရိုက်ခွင့် ပေးမထားချေ။

မြို့တွင်းရှိ ကားအရောင်းစင်တာများတွင် ၁၉၇၄ ခုနှစ်က ထုတ်လုပ်ခဲ့သည့် မော်တော်ကားများ အပြည့်အသိပ်ဖြင့် ယနေ့တိုင် ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

maha
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service