တာမွေယာယီဈေးကို အဆင့်မြှင့်တင် တည်ဆောက်တော့မည်

တာမွေယာယီဈေးကို အဆင့်မြှင့်တင် တည်ဆောက်တော့မည် - Property News in Myanmar from iMyanmarHouse.com
27 Jun 2019 12:53 pm တွင် တင်ခဲ့သည်
2086 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ရှိ တာမွေယာယီဈေးကို အဆင့်မြှင့်တင် တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်တည် ဆောက်ရန် ၂၀၁၈ ခုနှစ် ဧပြီလတွင် ကက်ဘိနက်အစည်းအဝေးက ဆုံးဖြတ် ခဲ့၍ တင်ဒါခေါ်ယူခဲ့ကြောင်း၊ ပထမအကြိမ် တင်ဒါအောင်ကုမ္ပဏီရှိသော်လည်းဘဏ္ဍာရေး လိုအပ်ချက် ရှိခဲ့သော ကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တင်ဒါပြန်လည်ခေါ်ယူခဲ့ရကြောင်း၊ဒုတိယအကြိမ်တင်ဒါခေါ်တဲ့အခါ One OneOne ကုမ္ပဏီက အောင်မြင်ခဲ့ပြီး တည်ဆောက်မည့်ဒီဇိုင်းမှာ ဈေးသူဈေးသားတွေအတွက်လည်း သင့်

လျော်ရန်၊ နှစ်ဖက်အကျိုးခံစားခွင့်မှာလည်း ကော်မတီကရရှိမှုပိုမိုကောင်းမွန်တဲ့ အနေအထားရှိရန်၊ ရင်းနှီးမြှုပ် နှံမည့် ငွေအရင်းအနှီးတွေ ပိုမိုခိုင်မာမှုရှိမရှိ စသဖြင့် အဆင့်ဆင့် စစ်ဆေးခဲ့ကြောင်းသိရသည်။

တင်ဒါအောင်မြင်သည့်ကုမ္ပဏီ အနေဖြင့် မြေဧရိယာမှာ ၃ ဒသမ ၇၉၂ ဧက ပေါ်မှာမူလဈေးဆိုင်ခန်းများ၊ စည်ပင်သာယာရေး ကော်မတီအတွက် ရုံးခန်းနေရာများအပါအဝင် သတ်မှတ်လိုအပ်ချက်များကို လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊အဆိုပါဈေးကိုတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြန်မာကျပ်ငွေ ၁၆ ဘီလီယံခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ တည်ဆောက်မည့် အဆောက်အအုံမှာ ၅ ထပ် အဆောက်အအုံဖြစ်ပြီး အထပ်တိုင်းတွင် လုံလောက်သော ကားပါကင်များ ပါရှိမည်ဖြစ်ကြောင်း၊ ယင်းအပြင်Shop House များလည်း ပါဝင်မည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် မြေပြင်ကွင်းဆင်း၍ ဈေးသူဈေးသားများ ယာယီဆိုင်ခန်းများဖြင့် ရောင်းချနိုင်ရန် တည်ဆောက်မည့် အစီအစဉ်များကို လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်၏ လမ်းဆုံလမ်းခွမှာဖြစ်သဖြင့် ယာဉ်သွားလာမှု အနှောင့်အယှက်ဖြစ်စေမှု၊ အလင်း ရောင် ဝင်ရောက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ် တွေကောင်းမွန်မှု၊ အမှိုက်စွန့်ပစ်သည့်စနစ်၊ရေဆိုးစွန့်စနစ် ကောင်းမွန်မှုရှိမရှိကို ပညာရှင်များက အမှတ်ပေးစနစ်နှင်စိစစ်ပြီးမှ ဆောက်ခွင့်ပြုတာဖြစ်ပြီး Shop House များပါဝင်မှာဖြစ်သော်လည်း လူနေထိုင်သည့်အခန်းများခွင့်ပြုမှာမဟုတ်ကြောင်း သိရသည်။

တာမွေဈေးမှာ ယခင်ကတာမွေ ရွှေဗဟိုရုပ်ရှင်ရုံဘေးရှိ ယခုတာမွေပလာဇာနေရာတွင် တည်ရှိခဲ့ရာမှ ၁၉၉၄ ခုနှစ် တွင် လက်ရှိတာမွေဈေးနေရာ၌ ယာယီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမြေနေရာမှာ ၆ ဒသမ ၅၆၃ ဧကရှိကာဈေးရုံ ၁၈ ရုံရှိ သော်လည်း ယခုအသစ်ပြန်လည် တည်ဆောက်ရန် စီစဉ်သောအခါ မြေ၂ ဒသမ ၁၂၄ ဧကကို သန့်ရှင်းရေးဝန်ထမ်း လိုင်းခန်းများ တည်ဆောက်ရန်နှင့် သုည ဒသမ ၃၄၇ ဧကကို မင်္ဂလာ တောင်ညွန့် မြို့နယ်နှင့် တာမွေမြို့နယ်တို့အတွက် ဓာတ်အားခွဲရုံကြီးတစ်ခုတည်ဆောက်ရန် ကိုခွဲပေးထား ကြောင်းလည်းသိရ သည်။

ခွန်နောင်လွင်ထူး မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service