iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ပြင်ဦးလွင်မြို့ရှိ ဂရန်အမည်ပေါက် 9th Avenue Residence လုံးချင်းအိမ်ရာအရောင်းပြပွဲ

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ပြင်ဦးလွင်မြို့ရှိ ဂရန်အမည်ပေါက် 9th Avenue Residence လုံးချင်းအိမ်ရာအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
12 Jun 2019 4:00 pm တွင် တင်ခဲ့သည်
733 ကြိမ် ကြည့်ရှု့ ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Hillman Land ကုမ္ပဏီမှ တည်ဆောက်နေသော ပြင်ဦးလွင်မြို့ ၊ ဒိုးကွင်ဆည်ဘေး ဗိုလ်ချုပ်ရွာလမ်းခွဲပေါ်ရှိ 9th Avenue Residence လုံးချင်းအိမ်ရာ အရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ ဇွန်လ (၁၅) နှင့် (၁၆) ရက် စနေ၊ တနင်္ဂနွေနေ့များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်ရှိ Melia Hotel တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

9th Avenue Residence လုံးချင်းအိမ်ရာစီမံကိန်းသည် ပြင်ဦးလွင်မြို့အ၀င် ၁ မိုင်ခန့် နှင့် မြို့လယ် ၃ မိုင်ခန့် အကွာတွင်တည်ရှိပြီး မြေ (၅) ဧကပေါ်တွင် လုံးချင်းအိမ် စုစုပေါင်း (၂၇) လုံးကို ဖော်ဆောင်နေသည့် သီးသန့်အိမ်ရာစီမံကိန်းဖြစ်သည်။ မန္တလေး-လားရှိုး လမ်းမကြီးဘေးမှာတည်ရှိသော်လည်း အိမ်ရာဝန်းအတွင်းတွင် ၀က်သစ်ချပင် (Silver Oak Trees) များနှင့် အုံ့ဆိုင်းနေသည့်အတွက် တိတ်ဆိတ်အေးချမ်းသည့် လူနေမှုပုံစံကိုခံစားရရှိစေမှာ ဖြစ်သည်။ အိမ်ရာစီမံကိန်းအတွင်းတွင် ဖြတ်သန်းစီးဆင်းနေသည့် သဘာဝချောင်းလေးတစ်ခုလည်း ပါဝင်သေးသည်။ ထို့အပြင် ဝယ်ယူသူများအတွက် ရာနှုန်းပြည့်စိတ်ချသော မြေပိုင်ဆိုင်မှုဖြစ်သည့် ဂရန်ထုတ်ပေးသွားမည်ဖြစ်သည်။

9th Avenue Residence အိမ်ရာစီမံကိန်းရှိ လုံးချင်းများကို အပန်းဖြေအိမ်အနေဖြင့်ဝယ်ယူနိုင်သကဲ့သို့ ပြန်လည်ငှားရမ်းလိုပါက Developer မှတာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ယူထားမည့်သူများအတွက်လည်း နောင်တစ်ချိန်တွင် ဈေးကောင်းကောင်းဖြင့် ပြန်ရောင်းနိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

အိမ်ဒီဇိုင်း (၉) မျိုးအထိ ရွေးချယ်နိုင်သည့် အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည့်အတွက် မိမိ၏မိသားစုအရွယ်အစားနှင့်ကိုက်ညီမည့် အိမ်ဒီဇိုင်းကို ရွေးချယ်ဝယ်ယူနိုင်မည်။ အိမ်ရာ ပြုပြင်ထိန်းသိမ်းရေးအတွက် အိမ်နဲ့ခြံသန့်ရှင်းခြင်း ၊ Landscaping ထိန်းသိမ်းခြင်း တို့လည်း ပါဝင်မည်ဖြစ်သည်။

စီမံကိန်းအတွင်းရှိ အိမ်တစ်လုံးချင်းစီတိုင်းတွင် ခြင်လုံသံစကာ နှင့် Aircon တပ်ဆင်ပေးထားခြင်း ၊ Living , Dining နှင့် walkways များကို Vinyl floor ခင်းပေးခြင်း ၊ Bedroom & Study room များကို သစ်သားပါကေးခင်းပေးခြင်း ၊ ရေချိုးခန်း ၊ မီးဖိုခန်းနှင့် ဝရံတာများတွင် Homogeneous ကြွေပြားများခင်းပေးခြင်း ၊ တံခါးများကို Aluminium ဘောင်နှင့် Tempered glass တပ်ဆင်ပေးခြင်း ၊ မီးဖိုခန်းတွင် kitchen counter ၊ Basin ၊ Stove နှင့် Exhaust fan များတပ်ဆင်ပေးခြင်း စသည်တို့ ပြုလုပ်ပေးထားမည်ဖြစ်သည်။

" ဒီအိမ်ရာလေးက 9th Avenue Residence လို့အမည်ရပါတယ်။ ဗီယက်နမ်ဗိသုကာပညာရှင် Hoang Thuc Hao ရဲ့ Modern Colonial Design အိမ်ပုံစံလေးတွေကို သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီမဲ့ eco village ပုံစံ အိမ်ရာလေးအဖြစ်ဖန်တီးထားပါတယ်။ အိမ် ၂၇ လုံးကို မတူညီတဲ့ ဒီဇိုင်း ၉ မျိုးနဲ့ Hillman Land Company မှတာဝန်ယူတည်ဆောက်လျှက်ရှိပါတယ်။ အိမ်လေးတွေကိုလည်း ပြင်ဦးလွင်နဲ့လိုက်ဖက်မဲ့ အုတ်ကြွပ်အမိုးပြားလေးတွေ မီးခိုးခေါင်းတိုင်လေးတွေနဲ့ ဖန်တီးသွားမှာပါ။ အဆိုတော် အာဇာနည် ၊ Miss ဂုဏ်ရည်အေးကျော်တို့လည်း ဝယ်ယူအားပေးထားပြီးပါပြီ။ ယခုကျင်းပမဲ့ပြပွဲအတွင်းမှာ ရောင်းဖို့ (၁၆) လုံးပဲရှိတော့တာမို့ ကိုယ်နဲ့ကိုက်ညီမဲ့ အိမ်ပုံစံကို ဦးဆုံးရွေးချယ်နိုင်အောင် အမြန်ဆုံးလာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် " ဟုပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

အရောင်းပြပွဲ အသေးစိတ်အစီအစဉ်

ကျင်းပမည့်ရက် : 15 & 16 June 2019 (စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် : မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ

ကျင်းပမည့်နေရာ : Melia Hotel ၊ ပထမထပ် ၊ Function Room 4 ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။(Myanmar Plaza ဘေး)

အသေးစိတ် သိရှိလိုပါက

www.imyanmarhouse.com/promo/9avenue တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး

iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အစ္စရေးတွင် သစ်ပင်ဖက်ပွဲကျင်းပကာ ကိုရိုနာဗိုင်းရပ်စ်ဘေးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်
အစ္စရေးတွင် သစ်ပင်ဖက်ပွဲကျင်းပကာ ကိုရိုနာဗိုင်းရပ်စ်ဘေးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်
Covid-19 ရှိသူ စက္ကန့် ၆၀ စီးသွားသော ဓာတ်လှေကားမှတဆင့် ၇၁ ဦး ရောဂါကူးစက်ခံရ
Covid-19 ရှိသူ စက္ကန့် ၆၀ စီးသွားသော ဓာတ်လှေကားမှတဆင့် ၇၁ ဦး ရောဂါကူးစက်ခံရ
နေပြည်တော်တွင် တည်ဆောက်နေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာက နှစ်ခုမှတိုက်ခန်းများအား အမြန်ဆုံးဝယ်ယူကြရန် နေပြည်တော်ဒုတိယမြို့တော်ဝန်တိုက်တွန်း...
နေပြည်တော်တွင် တည်ဆောက်နေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာက နှစ်ခုမှတိုက်ခန်းများအား အမြန်ဆုံးဝယ်ယူကြရန် နေပြည်တော်ဒုတိယမြို့တော်ဝန်တိုက်တွန်း...
မင်းတုန်းမင်းလက်ထက် အင်္ဂလန်ဝန်ကြီးချုပ်မွေးဖွားခဲ့ရာ စံအိမ်ကြီး ပေါင် ၁၅ သန်းနီးပါးဖြင့် ရောင်းချမည်...
မင်းတုန်းမင်းလက်ထက် အင်္ဂလန်ဝန်ကြီးချုပ်မွေးဖွားခဲ့ရာ စံအိမ်ကြီး ပေါင် ၁၅ သန်းနီးပါးဖြင့် ရောင်းချမည်...
YPS ကတ်များရောင်းချမှုနှင့် ငွေဖြည့်သွင်းသည့်ဝန်ဆောင်မှုများကို ဇူလိုင် ၁၆ ရက်တွင် စတင်ဆောင်ရွက်သွားမည်...
YPS ကတ်များရောင်းချမှုနှင့် ငွေဖြည့်သွင်းသည့်ဝန်ဆောင်မှုများကို ဇူလိုင် ၁၆ ရက်တွင် စတင်ဆောင်ရွက်သွားမည်...
ခရမ်းရောင်ကျွန်း - အင်စတာဂရမ်ပေါ်မှ တောင်ကိုရီးယားရှိ ခရီးသွားဆွဲဆောင်မှုသစ်
ခရမ်းရောင်ကျွန်း - အင်စတာဂရမ်ပေါ်မှ တောင်ကိုရီးယားရှိ ခရီးသွားဆွဲဆောင်မှုသစ်
ရန်ကုန်မိုးပျံ အမြန်ကားလမ်းတည်ဆောက်ခွင့်ရ ကုမ္ပဏီကို စက်တင်ဘာလတွင် အပြီးသတ်ရွေးချယ်မည်
ရန်ကုန်မိုးပျံ အမြန်ကားလမ်းတည်ဆောက်ခွင့်ရ ကုမ္ပဏီကို စက်တင်ဘာလတွင် အပြီးသတ်ရွေးချယ်မည်
ကျေးလက်ပြည်သူ လေးသိန်းခွဲကျော် မီးလင်းရေး ကမ္ဘာ့ဘဏ်က ဒေါ်လာ ၃ သန်းခွဲထောက်ပံ့
ကျေးလက်ပြည်သူ လေးသိန်းခွဲကျော် မီးလင်းရေး ကမ္ဘာ့ဘဏ်က ဒေါ်လာ ၃ သန်းခွဲထောက်ပံ့
ရန်ကုန်မြို့သစ်စီမံကိန်းကို စက်တင်ဘာလတွင် Swiss Challenge စတင်ခေါ်ယူမည်
ရန်ကုန်မြို့သစ်စီမံကိန်းကို စက်တင်ဘာလတွင် Swiss Challenge စတင်ခေါ်ယူမည်
ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၈ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့...
ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၈ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)