ကြိုပွိုင့်စနစ် အားနည်းလာပြီလား ? - Property News in Myanmar from iMyanmarHouse.com
737 ကြိမ် ကြည့်ရှု့ ပြီး

ကြိုပွိုင့်စနစ် အားနည်းလာပြီလား ?

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

ယနေ့ အိမ်ခြံမြေ လောကအတွင်းမှာ ဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်ယူလာကြတဲ့ အရစ်ကျ ဝယ်ယူမှု ပုံစံတွေ ခေတ်စားလာပြီး ပိုင်ဆိုင်ဖို့ခိုင်မာမှုအားနည်းတဲ့ ကြိုပွိုင့်စနစ်ကတော့ တဖြည်းဖြည်းပျောက်ကွယ်နည်းပါးလာခဲ့ပြီဖြစ်တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ကြိုပွိုင့်စနစ်အရောင်းအဝယ်နည်းလာတာက တိုက်ခန်းအရောင်းအေးနေတာနဲ့ သက်ဆိုင်နေပြီး ဆောက်လုပ်ပြီးသားတိုက်ခန်းတွေကို မျက်မြင်ဝယ်နိုင်တာတွေ၊ ဈေးကွက်ထဲဆောက်လုပ်ပြီးသား တိုက်ခန်းရောင်းချမှုများပြားနေတာတွေနဲ့သက်ဆိုင်နေတယ် ” လို့ မြန်မာနိုင်ငံအိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။

တိုက်ခန်း ဈေးတက်ချိန်ကဆိုရင် ကြိုပွိုင့်က ကောင်းတယ်။ မပြီးခင်ဝယ်ရင်ဈေးသက်သာတယ်။ ပြီးမှ ဝယ်ရင်ဈေးတက်တယ်။ ခုချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်း တွေကလည်းသိပ်မကောင်းတော့ ကြိုပွိုင့် ဝယ်ထားရင် စိတ်ပူရတာတွေလည်းရှိတာကြောင့် ဆောက်လုပ်ပြီးသား တိုက်ခန်းတွေကိုပဲ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး Home loan တွေယူပြီး ဝယ်လာကြတာ တွေများလာတယ်လို့ ဦးမျိုးမြင့်က ဆက်ပြောပါတယ်။

ကြိုပွိုင့်စနစ်က လုံးဝပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ နည်းပါးလာတာဖြစ်ပြီး နေရာကောင်းယုံကြည်စိတ်ချနိုင်တဲ့ကန်ထရိုက်တာ တွေ ဈေးနှုန်းသက်သက်သာသာနဲ့ ရ မယ့် တိုက်ခန်းတွေဆိုရင်တော့ ကြိုပွိုင့်ဝယ်ယူတာတွေရှိ နေဆဲပဲဖြစ်ပါတယ်။

ဘဏ်တွေနဲ့ချိတ်ဆက်တဲ့ အရစ်ကျတွေမရခင်အချိန်တွေကဆိုရင် ကြိုပွိုင့်ဝယ်ယူမှုက အားကောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ ဆောက်လုပ်ပြီးတိုက်ခန်း တွေကလည်း ပေါများနေသလို ဘဏ်တွေနဲ့လည်း ချိတ်ဆက်ဝယ်နိုင်တာကြောင့် ဝယ်သူတွေက မျက်မြင်ဆောက်လုပ်ပြီးသား တိုက်ခန်းတွေကိုသာစိတ်ကြိုက်ဝယ်လာကြတယ်လို့ သိရပါတယ်။

အရစ်ကျစနစ်ကတော့ ဈေးပိုပေးရတာတွေရှိတော့ စိတ်ချရတဲ့ကန်ထရိုက်တာတွေ၊ ကိုယ်ကလည်း နေထိုင်ဖို့ အလျင်မလိုအပ်သေးတဲ့ သူတွေဆိုရင် ဈေးသက်သာတဲ့ ကြို ပွိုင့်ဝယ်ယူကြပါတယ်။ ကြိုပွိုင့် သိန်း ၈ဝဝ တန် ၊ သိန်း ၉ဝဝ လောက်တန်တဲ့ တိုက်ခန်းက အရစ်ကျနဲ့ဝယ်ရင် သိန်း ၁ဝဝဝ လောက်ရှိတော့ ကြိုပွိုင့် ဝယ်သူရှိနေပါသေးတယ်။

လက်ရှိဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ဈေးကွက်အတွင်း ဝယ်ယူမှုအားနည်းနေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းက ၃၅ ရာခိုင်နှုန်းလောက် ကျဆင်းနေတယ်လို့ သိရပါတယ်။

 

အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား။ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား။ အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ

ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ

Credit: The kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒူဘိုင်းက ရေရှည်နေထိုင်ခွင့် ဗီဇာများ ပေးအပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝသော တရုတ်လူမျိုးများကို ဆွဲဆောင်ကာ ကျဆင်းနေသော အိမ်ခြံမြေဈေးကွက်ကို မြှင့်တင်နိုင်ရန် ကြိုးစား...
ရုရှားသူလျှိုဟောင်း ဆာဂျီ စကရစ်ပါ၏ နေအိမ် အင်္ဂလန်ရှိ ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ဝယ်ယူဖွယ်ရှိ...
အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်လာမည်ကို ရုရှားဗဟိုဘဏ်က ရတက်မအေးဖြစ်လျက်ရှိ...
ဟိုတယ်နှင့် ခရီးသွားဆိုင်ရာလုပ်ငန်းများ ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ ငွေပေးချေရန် ထုတ်ပြန်...
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း တင်ဒါအောင်မြင်သည့်ကုမ္ပဏီ အောက်တိုဘာတွင် အပြီးသတ်ရွေးချယ်မည်...
မြန်မာ့ခရီးသွားဘဏ်တွင် ခရီးသွားလုပ်ငန်း ချေးငွေများကို ကျပ်သိန်း ၅၀ မှစ၍ သိန်း တစ်သောင်းအထိ ချေးမည်...
မန္တလေးတိုင်းရှိ သမိုင်းဝင်နေရာများကို ခရီးသွားဇုန်အသစ်ဖော်ဆောင်မည်ဟုဆို
အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းများမှ ဝင်ငွေခွန်ကျပ် ၂၈ သန်းကျော်ရ
ကော့သောင်းလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရ Golden Myanmar Airlines Public ကုမ္ပဏီက နောက်ဆုတ်ခဲ့သဖြင့် တင်ဒါပြန်လည်ခေါ်ယူမည်...
ပဲခူးဒေသမှာ နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတည်ဆောက်ဖို့ ဆွေးနွေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine