အာရှ၏ အကြီးမားဆုံးကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ရှန်ဂရီလာဟိုတယ်အုပ်စုတည်ထောင်သူ၊ Kerry Properties ပိုင်ရှင် Robert Kuok ၏ သားငယ်က အမှုဆောင်အရာရှိချုပ်အဖြစ် အရိုက်အရာဆက်ခံ

အာရှ၏ အကြီးမားဆုံးကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ရှန်ဂရီလာဟိုတယ်အုပ်စုတည်ထောင်သူ၊ Kerry Properties ပိုင်ရှင် Robert Kuok ၏ သားငယ်က အမှုဆောင်အရာရှိချုပ်အဖြစ် အရိုက်အရာဆက်ခံ - Property News in Myanmar from iMyanmarHouse.com
23 May 2019 12:19 pm တွင် တင်ခဲ့သည်
1540 ကြိမ် ကြည့်ရှု့ပြီး

အာရှ၏ အကြီးမားဆုံးကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ရှန်ဂရီလာဟိုတယ်အုပ်စုတည်ထောင်သူ၊ Kerry Properties ပိုင်ရှင် ရောဘတ်ကွာ့ခ်၏ သားငယ် ကွာ့ခ်ခွန်ဟွားကို ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်၊ ဒုတိယဥက္ကဌသစ်အမည် ဟောင်ကောင် စတော့အိတ်ချိန်းတွင် ကြေညာလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကွာ့ခ်ခွန်ဟွားသည် အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး Kuok Group တည်ထောင်သူ ရောဘတ်ကွာ့ခ်၏ အငယ်ဆုံးသားဖြစ်သည်။

ကွာ့ခ်ခွန်ဟွားသည် လာမည့်ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး အမှုဆောင်အရာရှိချုပ် တာဝန်များကို ထမ်းဆောင်မည်ဖြစ်ပြီး ကုမ္ပဏီပိုင် စတုရန်းမီတာ ၁ သန်းရှိသော ကူးသန်းရောင်းဝယ်ရေးနှင့် လူနေအိမ်ခြံမြေများ၊ တရုတ်ပြည်မကြီးရှိ ဟိုတယ် ၁၁ လုံးတို့ကို စီမံခန့်ခွဲသွားမည် ဖြစ်သည်။

ကွာ့ခ်ခွန်ဟွားသည် ရောဘတ်ကွာ့ခ် သားသမီး ၈ ဦးတွင် အငယ်ဆုံးဖြစ်သည်။ ရောဘတ်ကွာ့ခ်၏ ဒုတိယဇနီး ဟိုပိုလင်း၏ တစ်ဦးတည်းသောသားလည်း ဖြစ်သည်။

ကွာ့ခ်ခွန်ဟွားသည် အမှုဆောင်အရာရှိချုပ် အရိုက်အရာကို ဝေါင်ရှောက်ကောင်ထံမှ ဆက်ခံမည်ဖြစ်ပြီး ဝေါင်ရှောက်ကောင်မှာ ကုမ္ပဏီ၏ ဥက္ကဌအဖြစ် ဘုတ်အဖွဲ့ဒါရိုက်တာများကို ဦးဆောင်မည် ဖြစ်သည်။

ဟားဘတ်တက္ကသိုလ်မှ ၂၀၀၃ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီးနောက် Kuok Group ၏ ကုမ္ပဏီခွဲဖြစ်သော Kerry Holdings Ltd ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။

ထို့အပြင် Kerry Group နှင့် Kuok (Singapore) Ltd တို့၏ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service