ခြောက်သွေ့သေဆုံးနေသော မိုးသစ်တောအား ဝယ်ယူ၍ စိမ်းလန်းရှင်သန်အောင် ပြုလုပ်ခဲ့သည့် ဘရားဇီးစုံတွဲ

ခြောက်သွေ့သေဆုံးနေသော မိုးသစ်တောအား ဝယ်ယူ၍ စိမ်းလန်းရှင်သန်အောင် ပြုလုပ်ခဲ့သည့် ဘရားဇီးစုံတွဲ - Property News in Myanmar from iMyanmarHouse.com
2 May 2019 11:33 am တွင် တင်ခဲ့သည်
1288 ကြိမ် ကြည့်ရှု့ပြီး

Sebastião Ribeiro Salgado (ဆီဘက်စီယို ရီဘေရို ဆယ်လ်ဂါဒို) ဟာ ဘရာဇီးနိုင်ငံမှ ကမ္ဘာကျော်လူမှုရေးမှတ်တမ်းဓာတ်ပုံဆရာနဲ့ ဓာတ်ပုံဂျာနယ်လစ်တစ်ဦးဖြစ်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြုပြင်မှုစီမံကိန်းတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူနဲ့ သူ့ဇနီး Lélia Deluiz Wanick Salgado (လီလျာဒီလုဇ်ဝါနစ်ခ်) တို့ဟာ အခုဆို အတ္တလန္တိတ်သစ်တောရှိ ရီယိုဒို့စ်တောင်ကြားက အစိတ်အပိုင်းငယ်လေးတစ်ခုကို ပြန်လည်ရှင်သန်စိမ်းလန်းစိုပြေတဲ့မိုးသစ်တောတစ်ခုဖြစ်အောင် ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကြာ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ဇနီးမောင်နှံတည်ထောင်ထားတဲ့ အကျိုးအမြတ်အတွက်မဟုတ်တဲ့အဖွဲ့အစည်း Instituto Terra ဟာ ၁၉၉၈ ခုနှစ်မှာ စတင်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့အဖွဲ့အစည်းဟာ Vale’s ပျိုးဥယျာဉ်ကနေ ပျိုးပင် ၁ သိန်း အလှူခံခဲ့ပြီး သစ်တောစိမ်းလန်းရေးကို စတင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့လိုတောင်ကြားစိမ်းလန်းသွားဖို့အတွက်တော့ ပျိုးပင်ပေါင်းသန်းနဲ့ချီရင်းခဲ့ရတာဖြစ်ပါတယ်။

သစ်တောကို ဈေးနှုန်းဘယ်လောက်နဲ့ဝယ်ယူခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။ သူတို့ဝယ်ယူခဲ့တဲ့အချိန်က အဲ့ဒီသစ်တောမှာ ၀ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ အပင်ရှိခဲ့တာပါ။ ဒါကြောင့်မို့ သူတို့ ဒီသစ်တောကို ပြန်လည်အသက်သွင်းရတာဟာ ကလေးငယ်တစ်ယောက်ကို ပြုစုပျိုးထောင်ရသလိုပါပဲလို့ စမစ္စဆိုနီယံမဂ္ဂဇင်းကို သူတို့လင်မယားက ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူတို့မောင်နှံအတွက် တိုက်ပွဲတစ်ခုနဲ့လည်း တူတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာ အလကားမဖြစ်ခဲ့ဘဲ အောင်မြင်မှုအသီးအပွင့်တွေ ထွက်ပေါ်ခဲ့ပါပြီ။ သစ်တောပြန်လည်စိမ်းလန်းခဲ့တဲ့အပြင် ကိုယ်ပိုင်ပျိုးဥယျာဉ်တစ်ခုကိုပါ ထူထောင် နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ခေါင်းတုံးဖြစ်သွားတဲ့ သစ်တောကို ဆံပင်ပြန်ပေါက်အောင်လုပ်ရတာဟာ ကုန်ကျစရိတ်မသေးလှပါဘူး။ ဒါကြောင့်မို့လို့ သူတို့လင်မယားဟာ ဒေသအစိုးရရော နိုင်ငံတော်အစိုးရအပြင် ဖောင်ဒေးရှင်းတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေထံကပါ အလှူငွေတွေတောင်းခံခဲ့တဲ့အပြင် မကြာခဏဆိုသလို ပိုင်ဆိုင်မှုအချို့ကို ထုတ်ရောင်းရတဲ့အထိ အိတ်စိုက်ပြီးတော့ကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကိုယ့်ကြောင့်ပျက်စီးသွားတဲ့ပတ်ဝန်းကျင်ကို ပြန်လည်ကုစားဖို့ရာ ဘယ်သောအခါမှနောက်မကျဘူးဆိုတာကို Instituto Terra Reserve လို့ အမည်ပေးလိုက်ပြီဖြစ်တဲ့ အဲ့ဒီမိုးသစ်တောက သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service