စင်္ကာပူဘီလျံနာများတွင် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးများ ထိပ်ဆုံးမှဖြစ်

စင်္ကာပူဘီလျံနာများတွင် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးများ ထိပ်ဆုံးမှဖြစ် - Property News in Myanmar from iMyanmarHouse.com
11 Mar 2019 10:28 am တွင် တင်ခဲ့သည်
1268 ကြိမ် ကြည့်ရှု့ပြီး

Forbes မဂ္ဂဇင်း၏ ၂၀၁၉ ခုနှစ် ဘီလျံနာများစာရင်းတွင် စင်္ကာပူနိုင်ငံသား ၂၂ ဦး ပါဝင်ပြီး သူတို့အနက် အိမ်ခြံမြေလုပ်ငန်းရှင် Robert Ng (ရောဘတ်ငင်) နှင့် Philip Ng (ဖိလစ်ငင်) တို့ညီအစ်ကိုက အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၂ ဘီလျံဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း Straits Times သတင်းစာတွင် ဖော်ပြခဲ့သည်။

စာရင်းတွင် နံပါတ် ၁၁၂ နေရာကို ရရှိခဲ့သည့် Ng ညီအစ်ကိုပိုင် Far East Organization သည် စင်္ကာပူတွင် အကြီးဆုံးပုဂ္ဂလိကအိမ်ခြံမြေပိုင်ရှင်နှင့် အကြီးဆုံးအိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသည့် ကုမ္ပဏီ) ဖြစ်သည်။

နံရံသုတ်ဆေးလုပ်ငန်းရှင် Goh Cheng Liang (ဂိုချန်းလျန်) က ဒုတိယအချမ်းသာဆုံးစင်္ကာပူဘီလျံနာအဖြစ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံဖြင့် နံပါတ် ၂၀၃ နေရာတွင် ဖော်ပြခံခဲ့ရသည်။ Haidilao ဟော့ပေါ့ဆိုင်ခွဲများအား တည်ထောင်သူ Zhang Yong (ကျန်းယုံ) က အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ ပိုင်ဆိုင်မှုဖြင့် နံပါတ် ၂၂၄ တွင် ဖော်ပြခံရကာ တတိယအချမ်းသာဆုံးစင်္ကာပူဘီလျံနာဖြစ်လာသည်။

ဘီလျံနာဦးရေ ၇၆၇ ဦးဖြင့် အာရှ-ပစိဖိတ်ဒေသသည် ဘီလျံနာအများဆုံးဒေသ ဖြစ်ကာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဒေသတို့က ၆၀၇ ဦးနှင့် ၅၄၅ ဦးစီတို့ဖြင့် ဒုတိယ၊ တတိယဘီလျံနာအများဆုံးဒေသများ ဖြစ်ကြောင်း Forbes က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယရှိ Mukesh Ambani (မူကက်ရှ်အမ်ဘာနီ) က အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၅၀ ဘီလျံဖြင့် အဆင့် ၁၃ တွင် ဖော်ပြခံခဲ့ရသည်။ ရေနံဓာတုသန့်စင်ခြင်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကို လုပ်ကိုင်သည်။

ဘီလျံနာအသစ်များအနက် တရုတ်မှ အများဆုံးဖြစ်သည်။ စာရင်းထဲ အသစ်တိုးလာသည့် ဘီလျံနာ ၁၀၂ ဦးတွင် ၄၄ ဦးမှာ တရုတ်မှဖြစ်သည်။

Amazon စီအီးအို Jeff Bezos (ဂျက်ဖ်ဘီဇော့) က နှစ်နှစ်ဆက်တိုက်အဖြစ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၉ ဘီလျံထက် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၁ ဘီလျံသို့ တိုးလာခဲ့သည်။

Microsoft အား ပူးတွဲတည်ထောင်သူ Bill Gates (ဘီလ်ဂိတ်) က အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၅ ဘီလျံ ပိုင်ဆိုင်မှုဖြင့် ဒုတိယနေရာတွင်သာ ဆက်လက်ရှိခဲ့ပြန်သည်။ အမေရိကန်ဘီလျံနာ၊ ရင်းနှီးမြှုပ်နှံသူ Warren Buffett (ဝါရင်းဘတ်ဖတ်) က အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၅ ဘီလျံဖြင့် ကမ္ဘာ့တတိယအချမ်းသာဆုံးသူဖြစ်လာခဲ့သည်။

ထိုဘီလျံနာစာရင်းတွင် အသစ်ပါဝင်လာသူများအနက် အထင်ရှားဆုံးသူတစ်ဦးမှာ အသက် ၂၁ နှစ်ရှိ Kylie Jenner (ခိုင်လီဂျန်နာ) ဖြစ်ပြီး ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာဖြစ်သည်။ အသက်ငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ ဟုလည်း သူမအား Forbes က ခေါ်ဝေါ်သမုတ်ခဲ့ကြောင်း သိရသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service