အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်က လူနေခန်းပေါင်း ၆၀၀၀ ကျော်ကို ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်က လူနေခန်းပေါင်း ၆၀၀၀ ကျော်ကို ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
26 Feb 2019 11:46 am တွင် တင်ခဲ့သည်
1099 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်၊ သမ္မတအကြံပေးပုဂ္ဂိုလ် ဂျရက်ဒ် ကွတ်ရှ်နာမိသားစုပိုင်ဆိုင်သော အိမ်ခြံမြေကုမ္ပဏီ ဖြစ်သည့် KUSHNER Cos သည် အငှားလူနေအိမ်ရာခန်းပေါင်း ၆၀၀၀ ကျော်ကို ကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ဘလွန်းဘာ့ဂ်ျသတင်းတစ်ရပ်တွင် ဖော်ပြသည်။

KUSHNER Cos သည် မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်တို့ရှိ အဆောက်အအုံ ၁၆ လုံးမှ လူနေခန်းပေါင်း ၆၀၃၀ ကို Lone Star Funds ကုမ္ပဏီထံမှ ဝယ်ယူလိုက်ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုတာအတွင်း ကုမ္ပဏီ၏ အကြီးမားဆုံး ဝယ်ယူမှုဖြစ်သည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်တွင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ပါဝင်ခဲ့သည့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်သော Carlton Group က ယခုအရောင်းအဝယ်သတင်းကို အတည်ပြုထားသည်။

Kushner Cos နှင့် Lone Star တို့အကြား ဆွေးနွေးမှုများမှာ ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း ယခု အရောင်းအဝယ်နှင့် စပ်လျဉ်းပြီး ထဲထဲဝင်ဝင်သိရှိထားသူတစ်ဦးက ပြောကြားသည်။

ယခုရက်သတ္တပတ်အတွင်း Kushner Cos က စရန်ငွေ ချထားလိုက်ပြီဖြစ်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ပြောကြားသည်။

လူနေခန်းပေါင်း ၆၀၃၀ သည် ဘာလ်တီမိုး၏ ဆင်ခြေဖုံးများဖြစ်သော ကွတ်ကီးစ်ဗီးလ်၊ အိုဝင်းစ်မေးလ်၊ ကိုလံဘီယာ အစရှိသော ဒေသများ၊ ဝါရှင်တန်၏ ဆင်ခြေဖုံးများဖြစ်သော အလက်ဇန္ဒြီးယား၊ ဖဲရ်ဖက်စ်၊ ရက်စ်တန် အစရှိသောဒေသများတွင် ဖြန့်ကျက်တည်ရှိသည်။

Kushner Cos သည် နယူးယောက်မြို့ ၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၆၆၆ ရှိ ၄၁ ထပ် ရုံးခန်းအဆောက်အအုံကြီးကို ဝယ်ယူရန်အတွက် ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရှိသော လူနေခန်းများ ရောင်းထုတ်ခဲ့ပြီးနောက်ပိုင်း ယခုအခါ မူလလုပ်ငန်းများဆီ ပြန်လည်ခြေချလာသည့် လက္ခဏာလည်း ဖြစ်သည်။

ပဉ္စမရိပ်သာလမ်း ရုံးအဆောက်အအုံကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ဂျရက်ဒ်ကွတ်ရှ်နာသည် ၂၀၁၇ ခုနှစ်အစောပိုင်းတွင် အိမ်ဖြူတော်၌ ခြေချခဲ့ပြီးနောက် တရုတ်ပြည်မှ Anbang Insurance Group နှင့် ပဉ္စမရိပ်သာလမ်း ရုံးအဆောက်အအုံကြီးနှင့် စပ်လျဉ်းပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၄၁ ထပ်အဆောက်အအုံကြီးမှာ သက်တမ်းရင့်နေပြီဖြစ်သဖြင့် ဖြိုချကာ အဆောက်အအုံသစ် ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service