အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက မြေဈေးနှုန်း ကစားခြင်းများကို ကာကွယ်သွားနိုင်ရန် မျှော်မှန်း

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက မြေဈေးနှုန်း ကစားခြင်းများကို ကာကွယ်သွားနိုင်ရန် မျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
21 Feb 2019 10:14 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ယခုနှစ်လယ်ခန့်တွင် အတည်ပြုပေါ်ထွက်နိုင်မည်ဟု မျှော်မှန်းထားပြီး ဥပဒေ ပြဋ္ဌာန်းပြီးပါက အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်တွင် တွေ့ရလေ့ရှိသော အခက်အခဲများကို ကောင်းစွာ ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဗဟိုဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေရောင်းဝယ်ရာ၌ အကျိုးဆောင်များအတွက် တိကျသော စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များမရှိသေးဘဲ မိရိုးဖလာပုံစံမျိုးဖြင့်သာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြပြီး အဆိုပါဥပဒေအရ အကျိုးဆောင် လုပ်ကိုင်မည့်သူများမှာ ယာယီလိုင်စင်များ လျှောက်ထားရန် လိုအပ်သည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းပြီးနောက် အိမ်ခြံမြေဈေးကွက် တွင် တွေ့ရလေ့ရှိသော ရောင်းမှားဝယ်မှား ပြဿနာများ နှင့် မြေဈေးနှုန်းကစားနေသော ကိစ္စရပ်များကို ကောင်းစွာကာကွယ်သွားနိုင်မည်ဖြစ်သည်ဟု ဦးတင်မောင်ကပြောသည်။ ထို့ပြင် အခြားသော အာဆီယံနိုင်ငံများ နည်းတူ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ရှိလာမည်ဖြစ် သည့်အတွက် နိုင်ငံခြားသားများနှင့် ချိတ်ဆက် အလုပ် လုပ်ရန် ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

"ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဥပဒေကြမ်းကို အတည်ပြုပြီးပြီ။ ထပ်ဆွေးနွေးရမယ့် အချက် တချို့ပြီးရင် လာမယ့် မေ၊ ဇွန်လထက် နောက်မကျဘဲ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို အတည်ပြုနိုင်မယ် မှန်းပါတယ်။ ဒီဥပဒေ ပေါ်ပေါက်တာက နိုင်ငံနဲ့ အိမ်ခြံမြေလောကအတွက် ကောင်းတဲ့အလားအလာပါ။ အကျိုး ဆောင်တွေအတွက် လိုင်စင်ကိစ္စ ပေါ်ပေါက်သင့်တာကြာပြီ။ ဗဟိုတိုင်းအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ တွေရှိလာမှာဖြစ်လို့ ဈေးကွက်မှာ မြေဈေးနှုန်းကစားမှုတွေကိုလည်း အထိုက်အလျောက် ထိန်းချုပ်သွားနိုင်မယ်"ဟု ၎င်းကပြောသည်။

အကျိုးဆောင်လိုင်စင်မရှိသဖြင့် အိမ်ခြံမြေဈေးကွက် တွင် တရားမဝင်ကျူးကျော်နေရာများကို မသမာသူများမှ ရောင်းဝယ်နေသော ကိစ္စများလည်း ရှိနေကာ၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း အတုအပများကို အငြင်းပွားရသော ကိစ္စများလည်း ကြုံရလေ့ရှိသည်။ ထို့ပြင် နိုင်ငံခြားသားလုပ်ငန်းရှင်များကလည်း လက်လွတ်စပယ် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ထိုအချက်များမှာ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကိုလည်း တွန့်ဆုတ်စေသည်။

" လိုအပ်တဲ့ဥပဒေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဝိုင်းဝန်းလုပ်ဆောင်နေတာပါ။ လိုင်စင်မရှိတော့ နိုင်ငံတစ်ဝန်းလုံးမှာ ပြဿနာတစ်ခုခုရှိလာရင် ထိန်းချုပ်ဖို့ ခက်ပါတယ်။ လိုင်စင်မှတ်ပုံတင်နှုန်းထားကိစ္စကို နည်းဥပဒေမှာ ထည့်သွင်းဆွေးနွေးကြမှာပါ။ နှုန်းထားကိုလည်း မြန်မာပြည်တစ်ပြည်လုံးက အကျိုးဆောင်တွေ၊ ရပ်ကွက် ကျေးရွာတွေက အကျိုးဆောင်တွေထိပါ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးထားမယ့် နှုန်းထားမျိုးပဲဖြစ်ဖို့အိမ်ခြံမြေအသင်းက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ဆောင်သွားကြမှာပါ"ဟု ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။

ဥပဒေအရ ယာယီလိုင်စင် သို့မဟုတ် လိုင်စင်မရှိပါက ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရမည်မဟုတ်ဘဲ ဖောက်ဖျက်လျင် ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်ခံရမည်ဖြစ်သည်။

"လိုင်စင်၊ ဥပဒေနဲ့ တိတိကျကျအလုပ်လုပ်နိုင်ရင် (အိမ်မြေကဏ္ဍနဲ့ဆက်စပ်ပြီး) နိုင်ငံတော်လည်း အခွန်ပို ရမယ်။ အကျိုးဆောင်တွေအနေနဲ့လည်း ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်လို့ရတယ်။ ကိုယ်ကလည်း တရားဝင်အခွန်ဆောင်လုပ်ကိုင်နေတဲ့အတွက် ဥပမာ သက်ဆိုင်ရာရုံးဌာနတွေကို ဝင်ထွက်ရတဲ့အခါ ကိုယ်လိုအပ်တဲ့ အချက်တွေကို တရားဝင် မေးမြန်းလို့ရတယ်"ဟု ဦးတင်မောင်က ပြောသည်။

ပြောင်းလဲလာသော ခေတ်အခြေအနေအရ အကျိုးဆောင်များ တိုးတက်ရန်အတွက် လိုက်ပါပြောင်းလဲ နိုင်ရန် လိုအပ်နေသည်။ သို့သော် နှစ်ပေါင်းများစွာ မိရိုးဖလာပုံစံဖြင့် လုပ်ကိုင်လာကြသည့်အတွက် အကျိုးဆောင်အချို့မှာ လိုင်စင်လုပ်ရမည်ကို ဘဝင်မကျခြင်းနှင့် လိုင်စင်လုပ်ဆောင်ခြင်းဖြင့် မည်သို့အကျိုးကျေးဇူးရှိမည်ကို မသိဘဲ လိုင်စင်ကြေးပေးရမည်ကိုသာ တွေးနေခြင်းများရှိကြောင်း မန္တလေးမြို့ခံ အိမ်မြေအကျိုးဆောင် ဦးအောင်ဝင်းက ပြောသည်။

"ထဲထဲဝင်ဝင် သဘောပေါက်လာကြရင်တော့ ကောင်းတာပေါ့။ ကျွန်တော်ကတော့ သဘောကျပါတယ်။ ဒီလောကထဲမှာ ရေရှည်လုပ်ကိုင်စားသောက်မယ့်သူတွေအတွက်တော့ ကောင်းတဲ့ကိစ္စပါပဲ"ဟု ၎င်းကပြောသည်။

အိမ်ခြံမြေဈေးကွက်တွင် မန္တလေးမြို့၌ ၁၉၉၇ ခုနှစ်က မြေဈေးနှုန်းကစားမှု ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်လည်း အလားတူဖြစ်ခဲ့သဖြင့် အရောင်းအဝယ်သိသာစွာ လှုပ်ခတ်ခဲ့သည်။ ထို့နောက် အရောင်းအဝယ်မှာ ကာလရှည်ကြာစွာ နှေးကွေးခဲ့ပြီး ဈေးနှုန်းကျဆင်း မှုမှာလည်း လက်ရှိတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းကာလ များတွင် အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေသည်။

အရောင်းအဝယ်ကျဆင်းရခြင်းနှင့် အိမ်မြေဝယ်ယူရာတွင် တရားဝင်အခွန်ဆောင်ကာ အမည်ပေါက် စာချုပ်မချုပ်ဆိုကြခြင်းမှာ အခွန်နှုန်းထားသတ်မှတ်ချက်မြင့်မားမှုက အဓိကအကြောင်းရင်းဖြစ်နေပြီး အခွန်ဆောင်ရန် သတ်မှတ်ထားသော အိမ်မြေ စံနှုန်းသတ်မှတ်ချက် (ရာဖြတ်တန်ဖိုး)များမှာ ဈေးကွက်တွင် လက်တွေ့ဖြစ်နေသော ဈေးနှုန်းနှင့် ကိုက်ညီရန် လိုအပ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ထောက်ပြကြသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ၂၀၁၈•၁၉ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်ရန် (ရာဖြတ်တန်ဖိုး) သတ်မှတ်ချက်အရ မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ် မြို့နယ်ခြောက်မြို့နယ်အတွင်း အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁၀၂၀ဝ အထိ သတ်မှတ်ထားသည်။ 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service