၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်သည် စနစ်ကျသည့် မြို့ပြ Urban Planning အကွက်ချ တည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်ရေး ရည်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်သည် စနစ်ကျသည့် မြို့ပြ Urban Planning အကွက်ချ တည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်ရေး ရည်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား - Property News in Myanmar from iMyanmarHouse.com
14 Feb 2019 10:13 am တွင် တင်ခဲ့သည်
1261 ကြိမ် ကြည့်ရှု့ပြီး

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်သည် စနစ်ကျသည့်မြို့ပြ Urban Planning အကွက်ချ တည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်ရေး ရည်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်-ပြည်လမ်း (မှော်ဘီ-တိုက်ကြီးလမ်းပိုင်း) ၄၈ ပေ လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

“ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အထူးရည်မှန်းချက် တာဝန်တွေက ၂၀၃၀ ခုနှစ်မှာ ကီလိုမီတာ ၄၁၁၁၁ ရှိတဲ့လမ်းများကို အာဆီယံ ၁၈ ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်းရောက်ရှိရေး၊ ၂၀၃၀ ခုနှစ်မှာ တံတားများအားလုံး ၂၄ ပေအကျယ် နှစ်လမ်းသွား ကွန်ကရစ်တံတား၊ သံပေါင်တံတားအဆင့် အနည်းဆုံးရောက်ရှိရေးနဲ့ ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၃၃၀ ကျော်က စနစ်ကျတဲ့ မြို့ပြ Urban Planning အဖြစ် အကွက်ချ တည်ဆောက်ပြီးဖြစ်တဲ့ မြို့များဖြစ်ရေးနဲ့ အဆိုပါမြို့များအားလုံးမှာ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်း ဆိုင်ရာများမှာ တည်ဆောက်မယ့် အိမ်ခန်းတစ်သန်း တည်ဆောက်ပြီးစီးရေး ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ လမ်းတံတားလုပ်ငန်းများကို BOT စနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် လားရှိုး-မူဆယ်လမ်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် တိုင်းရင်းသား BOT ကုမ္ပဏီပေါင်း ၂၅ ဖွဲ့မှ လမ်းမိုင်ပေါင်း ၃၂၆၄ မိုင်အား အဆင့်မြှင့်တင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“အခုဆိုရင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ မန္တလေး-လားရှိုး- မူဆယ်လမ်းမကြီး၊ ရန်ကုန်-ဘုရားကြီး- ကျိုက်ထို-မော်လမြိုင်လမ်း၊ မန္တလေး-စစ်ကိုင်း-မုံရွာလမ်းပိုင်းတွေကို အဆင့်မြှင့်တင်နေပြီ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ထို့ပြင် တိုက်ကြီးမှတစ်ဆင့် ပြည်-မကွေးလမ်းပိုင်းအား နှစ်အလိုက် တစ်ဆင့် ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လမ်းတံတားလုပ်ငန်းများ တိုး ချဲ့တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် လမ်းနှင့် မလွတ်ကင်းသည့် သစ် ပင်၊ ဓာတ်တိုင်၊ ဆက်သွယ်ရေးတိုင်၊ ဖုန်းကြိုး၊ လူနေအိမ်၊ ဆိုင်ခန်းများနှင့် မလွတ်ကင်း သည်များကို အချိန်ယူဆောင်ရွက်ရသဖြင့် အခက်အခဲအချို့ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

BOT ကုမ္ပဏီများ၏ လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းသည် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရသည့်အတွက် လုပ်ကိုင်ခွင့်ပြုထားသည့် နှစ်အကန့်အသတ်အတွင်း အရင်းကြေပြန်လည်ရရှိနိုင်ရန်အတွက် ချိန်ဆပြီး နိုင်ငံတကာစံချိန်စံညွှန်းများ နှင့်အညီ ပူးပေါင်းဆောင်ရွက်ပြီး PPP ပုံစံဖြင့်၊ ပြည်သူနှင့် ပြည်သူအစိုးရ BOT ကုမ္ပဏီများ အောင်မြင်ပြီး ရှေ့ဆက်သွားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ စာချုပ်တွေကို နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်နိုင်ဖို့ကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ နည်းပညာအထောက်အပံ့နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်ပင်ခံ အဖွဲ့တွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ BOT လုပ်ငန်းရှင်များ ပါဝင်ပြီးတော့ နေပြည်တော်မှာ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၏ ပြောကြားချက်အရ သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service