၆ နှစ်အတွင်း စင်္ကာပူနိုင်ငံသား ၃,၅၀၀ ခန့် အိမ်ငှားဘဝမှ အိမ်ပိုင်ရှင် ဖြစ်လာ

၆ နှစ်အတွင်း စင်္ကာပူနိုင်ငံသား ၃,၅၀၀ ခန့် အိမ်ငှားဘဝမှ အိမ်ပိုင်ရှင် ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 9:52 am တွင် တင်ခဲ့သည်
999 ကြိမ် ကြည့်ရှု့ပြီး

ပုံပါတိုက်ခန်းများအားငှားရမ်းနေထိုင်ခဲ့သူများသည် အိမ်ရာနှင့်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ Housing and Development Board (HDB) ၏ အိမ်ရာထောက်ပံ့ငွေအကူအညီဖြင့် အိမ်သစ်များဝယ်ယူနိုင်ခဲ့ကြကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ၂၀၁၈ ခုနှစ်အတောအတွင်း သူတို့၏ပထမဆုံးနေအိမ်ကို ဝယ်ယူနိုင်ခဲ့သည့်အိမ်ငှားဦးရေ ၃,၅၀၀ ခန့်ရှိပြီဖြစ်ကြောင်း၊ သူတို့အနက် ၂,၀၀၀ ခန့်မှာ သူတို့ပိုင်အိမ်ခန်းသစ်ဆီ ပြောင်းရွှေ့ပြီးဖြစ်ကြောင်း The New Paper စင်္ကာပူသတင်းစာက HDB ထုတ်ပြန်ချက်တစ်ရပ်အား ကိုးကား၍ ဖော်ပြခဲ့သည်။

သူတို့သည် အိုးအိမ်ဘုတ်အဖွဲ့မှ ချေးငွေ စင်္ကာပူဒေါ်လာ တစ်သိန်းနှင့် အိမ်ရာထောက်ပံ့ငွေ စင်္ကာပူဒေါ်လာ ခုနစ်သောင်းအကူအညီဖြင့် တိုက်ခန်းဝယ်နိုင်ခဲ့ကြခြင်းဖြစ်သည်။

တစ်နှစ်လျှင် အိမ်ငှားဦးရေ ပျမ်းမျှ ၆၀၀ ဝန်းကျင်သည် အိမ်ပိုင်ရှင်များ ဖြစ်လာခဲ့ကြကြောင်း HDB က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်ခြောက်နှစ်အတွင်း အိမ်ဝယ်နိုင်ခဲ့သည့် ထို ၃,၅၀၀ ဦးအနက် ၂၈ ရာခိုင်နှုန်းက အိပ်ခန်းနှစ်ခန်းပါတိုက်ခန်းများအား ဝယ်ယူခဲ့ကြခြင်းဖြစ်ပြီး ၄၇ ရာခိုင်နှုန်းက အိပ်ခန်းသုံးခန်းပါတိုက်ခန်းများအား ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

HDB တိုက်ခန်းဆိုသည်မှာ HDB ၏ စီမံမှုအောက် ၉၉ နှစ်အတွက်သာ ယာယီအငှားချသော စင်္ကာပူပြည်သူ့အိမ်ရာများမှ တိုက်ခန်းများ ဖြစ်သည်။

၇၂ ရာခိုင်နှုန်းဝန်းကျင်က အထူးထောက်ပံ့ကြေး သို့မဟုတ် ထပ်ဆောင်းထောက်ပံ့ကြေး သို့မဟုတ် ယင်းထောက်ပံ့ကြေးနှစ်မျိုးစလုံးဖြင့် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

ုစင်္ကာပူတွင် HDB မှ တိုက်ခန်းတစ်ခန်းအား ပထမဆုံးအကြိမ်ဝယ်ယူသူသည် အထူးထောက်ပံ့ကြေး (စင်္ကာပူဒေါ်လာလေးသောင်းအထိ) နှင့် ထပ်ဆောင်းထောက်ပံ့ကြေး (စင်္ကာပူဒေါ်လာလေးသောင်းအထိ) စုစုပေါင်း စင်္ကာပူဒေါ်လာရှစ်သောင်းအထိ ခံစားခွင့်ရှိသည်။

ပြန်လည်ရောင်းချသောတိုက်ခန်းအား ဝယ်ယူပါက စုစုပေါင်းထောက်ပံ့ကြေး စင်္ကာပူဒေါ်လာတစ်သိန်းတစ်သောင်းအထိ ရရှိနိုင်ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service