ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
7 Feb 2019 5:48 pm တွင် တင်ခဲ့သည်
13262 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏နံပါတ်တစ်  အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Sustain Co., Ltd. မှ တည်ဆောက်သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲကို (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ (၂ ၊ ၃) ရက်များတွင် ရန်ကုန်မြို့  Melia Hotel တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

အရောင်းပြပွဲ (၂) ရက်အတွင်းတွင် ဦးဦးဖျားဖျား စိတ်ကြိုက်အခန်းရွေးချယ်ခွင့်နှင့်အတူ ၂၀% အထိ သက်သာခွင့်များဖြင့်ရောင်းချခဲ့ရာ ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Royal Theikdi Condo သည် အမှတ် (၁၄-၁၉) ၊ ခိုင်ရွှေဝါလမ်းနှင့် အောင်သိဒ္ဒိလမ်းထောင့်၊ (၃) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်တွင်တည်ရှိပြီး အနီးအနားတွင်လည်း ဝိတိုရိယဆေးရုံ ၊ 9 Mile Ocean ၊ 8 Mile Junction ၊ Thamine Junction ၊ Yangon Golf Club ၊ Yangon International Airport ၊ Myanmar Convention Center (MCC) တို့ တည်ရှိသည်။

ကွန်ဒိုတွင် ကားပါကင် ၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ အားကစားခန်းမ ၊ 24-hour generator ၊ 24-hour Security များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Royal Theikdi ကွန်ဒိုကို မြေအကျယ် စတုရန်းပေ (၄) သောင်းခန့်ပေါ်မှာ တည်ဆောက်နေပြီး ကွန်ဒိုဥပဒေနဲ့ ကိုက်ညီတာဖြစ်တဲ့အတွက်ကြောင့် မြေပိုင်ဆိုင်မှုကလည်း အချိုးကျရရှိမှာပါ။ ရန်ကုန်မြို့ ရဲ့  ဒုတိယစီးပွားရေး အချက်အချာဇုန် (2nd CBD Area) မှာ တည်ရှိသောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ပြပွဲ (၂) ရက်အတွင်းမှာလည်း အထူးဈေးနှုန်းတွေ၊ အတိုးမဲ့ အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးခဲ့တဲ့အတွက်ကြောင့် အခုလိုမျိုး ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးရှိတဲ့ ကွန်ဒိုအခန်းတွေ စတင်အရောင်းဖွင့်ပွဲအတွင်းမှာတင် ရောင်းချနိုင်ခဲ့ပါတယ်။ ကိုယ်တိုင်နေထိုင်ဖို့ဖြစ်ပါစေ… ရင်းနှီးမြှုပ်နှံဖို့ဖြစ်ပါစေ… ရန်ကုန်မြို့ ရဲ့  အကောင်းဆုံးထဲက ကွန်ဒိုစီမံကိန်းတစ်ခု ဖြစ်ပါတယ်” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

“ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေချိန်မှာ အခုလိုမျိုး ရောင်းအားကောင်းခဲ့တာဟာ တည်ဆောက်တဲ့ Sustain Co., Ltd. ရော၊ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ဝယ်ယူနိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ ကြီးတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းက အိမ်ခြံမြေတွေကို ရောင်းချပေးနေပါတယ်။

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာအရောင်းပွဲတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာလည်း ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ ပရိသတ်ကြီးအတွက်ကြောင့်ပါ။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ဝဘ်ဆိုက်ကို လစဉ်ဝင်ရောက် အသုံးပြုနေသူပေါင်း (၂.၃) သန်းကျော် ရှိပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေ ရှာဖွေနေကြပါတယ်။ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကို တင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၂၀၀) ကျော် ရှိပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀၀) ကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူ မှ ဖြည့်စွက်ပြောကြားခဲ့သည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service