မြို့ပြအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းများတွင် မိသားစုများနေထိုင်ရန် လျှပ်စစ်၊ ရေစသည့် အခြေခံအဆောက်အအုံများအပြင် ဆေးခန်း၊ ကျောင်း၊ စာကြည့်တိုက်၊ ပန်းခြံစသည့် လူမှုရေးအခြေခံအဆောက်အအုံများ ထည့်သွင်းတည်ဆောက်ပေးရန် လိုအပ်လာမည်ဟုဆို

မြို့ပြအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းများတွင် မိသားစုများနေထိုင်ရန် လျှပ်စစ်၊ ရေစသည့် အခြေခံအဆောက်အအုံများအပြင် ဆေးခန်း၊ ကျောင်း၊ စာကြည့်တိုက်၊ ပန်းခြံစသည့် လူမှုရေးအခြေခံအဆောက်အအုံများ ထည့်သွင်းတည်ဆောက်ပေးရန် လိုအပ်လာမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 12:40 pm တွင် တင်ခဲ့သည်
851 ကြိမ် ကြည့်ရှု့ပြီး

အိမ်ရာများတည်ဆောက်ရေးကဏ္ဍ၊ လူနေမြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် မိသားစုများ နေထိုင်ရန် လျှပ်စစ်၊ ရေစသည့် အခြေခံအဆောက်အအုံများအပြင်ဆေးခန်း၊ ကျောင်း၊ စာကြည့်တိုက်၊ ဘာသာရေးအဆောက်အအုံ၊ ပန်းခြံစသည်တို့ကို ထည့်သွင်းတည်ဆောက်ပေးရန် လိုအပ်လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ပြောကြားသည် ။

“လူနေမြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ မိသားစုများနေထိုင်နိုင်ဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးသွယ်တန်းရေးသာမက အိမ်ရာအတွင်း သွားလာလှုပ်ရှားနိုင်ဖို့အတွက် လမ်းမ၊ လမ်းသွယ်၊ ဆက်စပ်လမ်းများစတဲ့ (Basic Infrastructure) အခြေခံအဆောက်အအုံများအပြင် Social Infrastructure များဖြစ်တဲ့ ဆေးခန်း၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စာကြည့်တိုက်၊ ပန်းခြံစသည်တို့ကို ထည့်သွင်းတည်ဆောက်ပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ရမည့် လူမှုရေးအခြေခံအေဆာက်အအုံများဖြစ်သည့် ကျောင်း၊ ဆေးခန်း၊ ဆေးရုံ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်ရန်အတွက် အဆိုပါ လုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်နေသည့် ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ရန်ပုံငွေနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်က Construction Bridge Loan များ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

“နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းမှာ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းအပေါ် အခြေခံပါတယ်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်မြင်လာကာ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာခြင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာခြင်းစတဲ့ အကျိုးရလဒ်များရရှိစေမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ဆိုသည်။

အိမ်ရာလိုအပ်နေသည့်ပြည်သူများ ကြုံတွေ့နေရသည့်ငွေကြေးအခက်အခဲကို ကူညီနိုင်ရန်အတွက် အိမ်ရာဝယ်ယူလိုသူများကို ငွေစုဆောင်းသည့်အလေ့အထ ပြုစုပျိုးထောင်ပေးသည့် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ကာ ဘဏ်နှင့်ချိတ်ဆက်၍ အိမ်ရာဝယ်ယူနိုင်ရန် ဆောင်ရွက်ထားသည်။

 

Credit:   Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service