တရုတ်ထိပ်တန်း developer ဖြစ်သော Dalian Wanda Group က လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ဘီဗာလီဟေးလ်အရပ်ရှီ စီမံကိန်းကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၄၂၀ ဖြင့် ရောင်းချ

တရုတ်ထိပ်တန်း developer ဖြစ်သော Dalian Wanda Group က လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ဘီဗာလီဟေးလ်အရပ်ရှီ စီမံကိန်းကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၄၂၀ ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
19 Nov 2018 11:47 am တွင် တင်ခဲ့သည်
685 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ဘီလျံနာကြီး ဝမ်ကျန်းလင်သည် ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေအင်ပါယာကြီး တည်ဆောက်နေမှုများကို ပြန်လည်ရှုပ်သိမ်းလျက်ရှိရာတွင် ခြေလှမ်းသစ်တစ်ခု ထပ်မံဖော်ဆောင်လိုက်ပြန်သည်။

Dalian Wanda Group ပိုင် ပြည်ပအိမ်ခြံမြေများကို ရောင်းထုတ်လျက်ရှိရာ ယခုအခါ နောက်ဆုံးကျန်ရှိနေသော အိမ်ခြံမြေများအနက်တစ်ခုဖြစ်သော လော့စ်အိန်ဂျလိရှိ ဆောက်လုပ်ရေးစီမံကိန်းကို ရောင်းထုတ်လိုက်ခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ စတုရန်းမီတာ ၃၂၃၇၅ (၈ ဧက) ကျယ်ဝန်းသော စီမံကိန်းတစ်ခုကို ဘီဗာလီဟေးလ် အခြေစိုက် Alagem Capital နှင့် လန်ဒန်မှ အိမ်ခြံမြေကုမ္ပဏီ Cain International တို့ ပူးပေါင်းကုမ္ပဏီထံ ကန်ဒေါ်လာ သန်း ၄၂၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဝေါစထရိဂျာနယ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လော့စ်အိန်ဂျရှိ အဆိုပါစီမံကိန်းကို ရောင်းထုတ်ရန် စီစဉ်နေသည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး ယခုလအတွင်း အရောင်းအဝယ် အပြီးသတ်ဖွယ်ရှိကြောင်းခန့်မှန်းရသည်။

ပေကျင်းအခြေစိုက် Dalian Wanda က ယခုစီမံကိန်းနေရာကို ပြီးခဲ့သော ၄ နှစ်ကျော်က ကန်ဒေါ်လာ သန်း ၄၂၀ ဖြင့်ပင် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ကြေးရှိ ဟိုတယ်နှင့် လက်လီအရောင်းဆိုင်နေရာစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ရည်မှန်းခဲ့ခြင်းဖြစ်သည်။

Alagem Capital ကို ဟိုတယ်လုပ်ငန်းရှင်သူဌေးကြီး ဘင်နီ အေလာဂျမ်က ပိုင်ဆိုင်ပြီး Cain International မှာ Waldorf Astoria Beverly Hills နှင့် Beverly Hilton တို့ကဲ့သို့ နာမည်ကျော်ကုမ္ပဏီကြီးများ ပိုင်ဆိုင်ထားသည်။

လော့စ်အိန်ဂျလိမှ Dalian Wanda ထွက်ခွာခြင်းသည် Alagem-Cain ပူးပေါင်းကုမ္ပဏီအတွက် ၉၀၂၁၀ zip code ဝန်းကျင်တွင် မြေ ၁၇ ဧကကို တဆက်တည်း ပိုင်ဆိုင်ရမည့် အခွင့်အလမ်းပေါ်လာခြင်းဟုလည်း ဆိုနိုင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service