မြန်မာ-တရုတ်နယ်စပ် မူဆယ်နှင့်ရွှေလီကြား၌ နယ်စပ်စီးပွားရေးဇုန်ကို စတင်အကောင်အထည်ဖော်နေပြီး အဆိုပါဇုန်တွင် အစိုးရအသိအမှတ်ပြုကုမ္ပဏီများ ပါဝင်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သဖြင့် မကြာမီ EOI ခေါ်ယူမည်

မြန်မာ-တရုတ်နယ်စပ် မူဆယ်နှင့်ရွှေလီကြား၌ နယ်စပ်စီးပွားရေးဇုန်ကို စတင်အကောင်အထည်ဖော်နေပြီး အဆိုပါဇုန်တွင် အစိုးရအသိအမှတ်ပြုကုမ္ပဏီများ ပါဝင်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သဖြင့် မကြာမီ EOI ခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
14 Nov 2018 12:07 pm တွင် တင်ခဲ့သည်
1808 ကြိမ် ကြည့်ရှု့ပြီး

မြန်မာ-တရုတ်နယ်စပ် မူဆယ်နှင့် ရွှေလီကြား၌ နယ်စပ်စီးပွားရေးဇုန်ကို စတင်အကောင်အထည်ဖော်နေပြီး အဆိုပါဇုန်တွင် အစိုးရအသိအမှတ်ပြုကုမ္ပဏီများ ပါဝင်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သဖြင့် ပါဝင်လုပ်ကိုင် လိုသူများအတွက် မကြာမီ Expression of Interest - EOI ခေါ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“နယ်စပ်စီးပွားရေးဇုန်က ကချင်ပြည်နယ်မှာ ကန်ပိုက်တီး၊ ရှမ်းပြည်နယ် မူဆယ်၊ ကိုးကန့်မှာက ချင်းရွှေဟော်ကို ရွေးထားပါတယ်။ အခုတော့ စတော့အကောင်အထည်ဖော်နေပြီ၊ ဆွေးနွေးနေပြီ။ မူဆယ်နဲ့ ရွှေလီနဲ့ကြားမှာ စပြီးအကောင်အထည်ဖော်မယ်။ သူတို့ဘက်ကလည်း ကျယ်ဂေါင်ဆိုတဲ့အရပ်ကို ခြံစည်းရိုးကာပြီးပြီ။ ကျွန်တော်တို့ဘက်က မူဆယ်က New Starlight ကုမ္ပဏီရှိတဲ့ နေရာရှိတယ်။ အဲဒီနေရာကို ခြံစည်းရိုးခတ်လိုက်ရင်လည်း အဲဒီနေရာကို ကျွန်တော်တို့က အဲဒီဇုန်က အကောင်အထည်ဖော်ပြီးသွားတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ အဲဒါကို အခုစလုပ်နေပြီ” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မူဆယ်မြို့တွင် လာမည့်ဒီဇင်ဘာလအတွင်း နယ်စပ်ကုန်စည်ပြပွဲကို ကျင်းပမည်ဖြစ်ရာ အဆိုပါကုန်စည်ပြပွဲကာလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံတာဝန်ရှိသူများက နယ်စပ်စီးပွားရေးဇုန်နှင့် ပတ်သက်သည့် အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

“အဲဒီအခါကျရင် နှစ်ပိုင်းပေါ့။ တစ်ပိုင်းက အစိုးရအချင်းချင်းပေါ့။ ဟိုဘက်က Working Group နဲ့ ဒီဘက်က Working Group ။ နောက်တစ်ခုက ဟိုဘက်က လုပ်ငန်းရှင်နဲ့ ဒီဘက်ကလုပ်ငန်းရှင်ပေါ့။ ဘယ်လိုစက်မှုဇုန် တွေဖော်ကြမလဲဆိုတာ ဆွေးနွေးကြမယ်။ လုပ်ရမှာကတော့ Government to Government ပဲ။ ဒါပေမဲ့ လုပ်ရမှာကတော့ ပုဂ္ဂလိကပဲ။ အစိုးရအသိအမှတ်ပြုတဲ့ ကုမ္ပဏီတွေကို ပါဝင်ခွင့်ပေးမယ်။ ပေးမယ်ဖြစ်တဲ့အတွက် မကြာခင်မှာ ဒီဇုန်မှာ ပါဝင်လုပ်ကိုင်ချင်တဲ့ သူတွေနဲ့ပတ်သက်ပြီး EIO ပေါ့။ Expression of Interest ခေါ်မယ်။ အဲဒီအခါကျရင် သူတို့ လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား ဆန်းစစ်ပြီး လုပ်ကိုင်ခွင့်ပြုသွားမယ်” ဟု ဦးအောင်ထူးက ဆက်လက်ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း သဘောတူညီချက်အရ ၂၀၁၇ ခုနှစ် မေလ၌ မြန်မာ- တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နယ်စပ်စီးပွားရေးဇုန် တည်ထောင်ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs) များ ဖွံ့ဖြိုးတိုးတက်လာ၍ ကုန်ထုတ်စွမ်းအားမြင့်မားလာခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

MoU သဘောတူညီချက်အရ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်တည်ဆောက်မည့် တည်နေရာ ရွေးချယ်သတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ တည်နေရာရွေးချယ်သတ်မှတ်ရာတွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်နေသော ကချင်ပြည်နယ်မှ ကန်ပိုက်တီးနှင့် ရှမ်းပြည်နယ်မှ မူဆယ်၊ ချင်းရွှေဟော်ဒေသများ ပါဝင်ရွေးချယ် လျာထားသတ်မှတ်ပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

Credit:  Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service