မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန် အရှေ့တောင်အာရှ၏ စမတ်စီးတီးတွင်ပါဝင်

မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန် အရှေ့တောင်အာရှ၏ စမတ်စီးတီးတွင်ပါဝင် - Property News in Myanmar from iMyanmarHouse.com
29 Oct 2018 11:24 am တွင် တင်ခဲ့သည်
1020 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် (၂)နှစ်ကျော်ကာလအတွင်း လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခဲ့သဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ စမတ်စီးတီး (၁၀)မြို့တွင် မန္တလေးမြို့လည်း ပါဝင်ကြောင်း Cio-asia.com တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးနှင့်အတူ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ ၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၊ ထိုင်းနိုင်ငံ ဖူးခက်မြို့ ၊ အင်ဒိုနီးရှားနိုင်ငံ မကစ်ဆာမြို့ ၊ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမြို့ ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ နယူးကလပ်စီးတီးမြို့တို့ ရွေးချယ်ခံရသည်။ 

မန္တလေးမြို့သည် မြန်မာဘုရင် နောက်ဆုံးထီးနန်းစိုက်ရာမင်းနေပြည်တော်ဖြစ်ခဲ့ပြီး မြို့ရိုးနှင့်ကျုံး ထိန်းသိမ်းထားနိုင်ကာ ယဉ်ကျေးမှုမြို့တော်အဖြစ် ရပ်တည်လျက်ရှိသည်။ မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ရေပေးဝေရေး၊ အမှိုက်စွန့်ပစ်မှုဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ရေဆိုးသန့်စင်ခြင်း၊ လုပ်ငန်းများကိုလည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ပြင်သစ်ဖွံ့ဖြိုးရေးဆိုင်ရာ အကူညီပေးရေးဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်း၍ နည်းပညာနှင့် ငွေကြေးအထောက်အပံ့ရယူကာ မြို့ပြဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဘဏ္ဍာနှစ်အလိုက် မန္တလေးမြို့ဝင်မြို့ထွက် လမ်းမကြီးများ၊ မြို့တွင်းလမ်းများနှင့် ဆင်ခြေဖုန်းရပ်ကွက်လမ်းများ အဆင့်မြှင့်တင်နိုင်လွန်ကတ္တရာလမ်းများ ခင်းပေးနိုင်ခြင်း၊ နိုင်ငံတကာ အဆင့်မီ LED မီးများ တပ်ဆင်ပေးနိုင်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး အချက်ပြမီးပွိုင့်သစ်များနှင့် (၂၄)နာရီ စောင့်ကြည့် စီစီတီဗွီများ တပ်ဆင်ပေးနိုင်ခြင်း၊ ရေးစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ပေးနိုင်ခြင်းသည် စမတ်စီးတီးအဖြစ် ရွေးချယ်ခံရခြင်းအတွက် အထောက်အကူပြုကြောင်း သိရသည်။

Credit: Zaygwet Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service