ကမ္ဘာတစ်လွှားရှိအလွန်ထူးဆန်းသော နေအိမ်များ ( ၂ )

ကမ္ဘာတစ်လွှားရှိအလွန်ထူးဆန်းသော နေအိမ်များ ( ၂ ) - Property News in Myanmar from iMyanmarHouse.com
19 Oct 2018 12:48 pm တွင် တင်ခဲ့သည်
1668 ကြိမ် ကြည့်ရှု့ပြီး

ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာကြီးသည် ဆန်းကြယ်မှုများ၊ လျှို့ဝှက်နက်နဲမှုများဖြင့် အတိပြီး နေသည်။ သဘာဝ၏ ဆန်းကြယ်မှုများရှိသကဲ့သို့ လူသားတို့ဖန်တီးသည့် ဆန်းကြယ် မှုများလည်း ရှိသည်။ ကမ္ဘာပေါ်တွင် အလွန်ထူးဆန်းသည့်နေအိမ်များရှိနေသည်ကို ရှာဖွေတင်ပြ လိုက်ပါသည်။

၈။ဆွီဒင်နိုင်ငံ၊ ဟာရက်စ်ကျေးရွာ၏ တောအုပ်အတွင်းတွင် The Cabin အမည်ရှိ သစ်ပင်ပေါ် မှ ဟိုတယ်ကို ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ထူးထူးဆန်းဆန်းနေထိုင်သွားလာလိုကြသည့် ကမ္ဘာလှည့်ခရီးသည်တို့အတွက် ရည်ရွယ် ကာ ဆွီဒင်မြောက်ပိုင်းရှိ လူသူအရောက်အပေါက်နည်းသည့် ဒေသတွင် ယခုကဲ့သို့ သစ်ပင်ပေါ်မှ ဟိုတယ်ခန်းများကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၉။ တရုတ်ပြည်၏ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတစ်ခုဖြစ်သော ကွမ်စီးချွမ်ရှိ လျိုကျိုးမြို့နယ်တွင် လျူလင်ချောင်းအမည် ရှိ အသက် ၃၈ နှစ်အရွယ် အမျိုးသားသည် သွားလေရာသယ်ဆောင်သွားနိုင်သည့် နေအိမ်တစ်လုံးဖြင့် လျို့ကျိုးမြို့လမ်းများပေါ် တွင် လမ်းလျှောက်နေပုံကို ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ဖြစ်သည်။ လျူလင်ချောင်းသည် ရှန်ကျန်းသို့ ပြီးခဲ့သော ၅ နှစ်ခန့်က အလုပ်သွားလုပ်ပြီး နောက် ဇာတိမြေသို့ ပြန်လာခဲ့၏။ ယင်းနောက် ၀ါး၊ ပလတ်စတစ်အိတ်၊ အိပ်ယာခင်းများဖြင့် ၁ ဒသမ ၅ မီတာ အကျယ်၊ ၂ မီတာအမြင့် ရှိသော အသင့်သယ်ဆောင်သွားနိုင်သည့် နေအိမ်တစ်လုံး ဆောက်လုပ်ခဲ့ပြီး သွားလေ ရာသို့ သယ်ဆောင်သွားခဲ့သည်။

၁၀။ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း၊ ကို အာဟွေလာပြည် နယ်၊ ဆန်ဂျို့စ် ဒီ လာ့စ် ပိုင်းဒရာ့စ်မြို့တွင် ကျောက်ဆောင်ကြီး တစ်ခုအောက်၌ ဆောက်လုပ်ထားသော နေအိမ်တွင် လူစီရို ဟာနန်ဒက်ဇ်အမည် ရှိ မိန်းကလေးငယ်တစ်ဦး မတ်တပ်ရပ်နေ ပုံကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်က မှတ်တမ်းတင်ထားခဲ့သည့် ဓာတ်ပုံဖြစ် သည်။ ဟာနန်ဒက်ဇ်တို့ မိသားစုသည် အချင်း ၁၃၁ ပေရှိ ကျောက်ဆောင်ကြီး အောက်တွင် ဆောက်လုပ်ထားသည့် နေအိမ်တွင် နေထိုင်ခဲ့ကြ၏။ အမေရိကန် ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၏ နယ်စပ်နှင့် ၄၉ မိုင်သာ ဝေးကွာသည်။

၁၁။ ဂျပန်နိုင်ငံ၊ ဂျီဖူတွင် Kimidori Housin က ဒီဇိုင်းရေးဆွဲဆောက်လုပ် ခဲ့သော သဘာဝဘေးအန္တရာယ်အသွယ်သွယ်၏ဒဏ်ကို ခံနိုင်ရည်ရှိမည့် ဘောလုံး ပုံနေအိမ်အား ဂျပန်ရုပ်သံတင်ဆက်သူ တစ်ဦးက ကြည့်ရှုနေသည့် ဓာတ်ပုံဖြစ်ပြီး ၂၀၀၆ ခုနှစ်၊ မေလ ၂၅ ရက်က ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။ လေထဲတွင် တွဲလောင်းဆွဲ ဆောက်လုပ်ထားသည့် မျက်နှာစာ ၃၂ ခုပါ စက်လုံးပုံနေအိမ်သည် ဖွဲ့စည်းပုံအရ မြေငလျင်ဒဏ်ကို ခံနိုင်ရည်ရှိပြီး တန်ကြေး မှာ ကန်ဒေါ်လာ ၁၅၀၀၀ နီးပါး ဖြစ်သည်။

၁၂။ တရုတ်ပြည် ထျန်ကျင်းရှိ China House ဟု အမည်ရသော နေအိမ်ကြီးရှေ့ တွင် အမျိုးသမီးတစ်ဦးလမ်းလျှောက်နေ သည့် ယခုပုံကို ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီ လ ၅ ရက်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ နေအိမ်ကို ရှေးဟောင်းကြွေပြား စ သန်းပေါင်းများစွာဖြင့် မွမ်းမံထားပြီး ရှေးဟောင်းကြွေပန်းကန်၊ ထမင်းစား ပန်း ကန်၊ ရေအိုး အစရှိသည်တို့ကို နံရံများ တွင် မြှုပ်နှံကာ ဆောက်လုပ်ထားသည်။

၁၃။ လက်ဘနွန်မြောက်ပိုင်း၊ မီဇီယာ ရာကျေးရွာရှိ ပိရမစ်ပုံနေအိမ်ရှေ့တွင် ရုပ်တုတစ်ခုလည်း ပြုလုပ်ထားရှိသည့် ထူးခြားသော နေအိမ်ကို ၂၀၁၅ ခုနှစ်၊ မေလ ၁၂ ရက်က ရိုက်ကူးခဲ့ခြင်း ဖြစ် သည်။

၁၄။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ရွှေ့ ပြောင်းသယ်ဆောင်နိုင်သော ဘဲဥပုံနေအိမ်ငယ် အတွင်းမှ တိုက်ဟိုင်ဖေး အမည်ရှိ အသက် ၂၄ နှစ်အရွယ်လူငယ်ကို တွေ့ရပုံ ဖြစ်ပြီး ၂၀၁၀ ပြည့် နှစ်၊ ဒီဇင်ဘာလ ၁ ရက်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံရိုက်ကူးစဉ်က ဘဲဥပုံနေ အိမ်ငယ်ကို ထားရှိသည့်နေရာမှာ ပေကျင်းမြို့ရှိ သူ၏ ရုံးခန်းအနီးတွင် ဖြစ်သည်။

ယင်းနေအိမ်ငယ်ကို ဆောက်လုပ်ရာ တွင် ကန်ဒေါ်လာ ၁၀၀၀ ခန့်ကုန်ကျခဲ့ပြီး ၀ါးခြမ်း ပြားများ၊ မွေ့ယာတစ်ခုတို့ဖြင့် ဆောက်လုပ်ခဲ့ပြီး အပူဒဏ်ခံအလွှာတစ် ထပ်နှင့် ရေစိုခံအလွှာတစ် ထပ်တို့ ထည့်သွင်းထားသည်။ ထို့အပြင် ဘဲဥပုံနေအိမ်ငယ်၏ ပြင်ပ မျက်နှာပြင်တွင် မြက်စေ့များ ထည့်သွင်းထားရာ နွေဦးရာသီသို့ရောက်လျှင် မြက်ပင်များပေါက်လာ ပါက နေအိမ်ကို သားမွေးသဖွယ် အကာအကွယ်ပေး ထားမည်လည်း ဖြစ်သည်။

၁၅။ချက်သမ်္မတနိုင်ငံ၊ ပရက်ဂ်မြို့ ၏ အရှေ့ မြောက်ဘက် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ဝေးကွာသောအရပ်ရှိ ဂျာဘလိုနက်ခ် နက်ဒ် နီဆောင်မြို့အနီး ဗယ်လ်ကီ ဟမ်ရီ အရပ်တွင် ဆောက်လုပ်ရေးသမားတစ်ဦး ဖြစ်သော အသက် ၇၃ နှစ်အရွယ်ရှိ ဘိုဟူ မီးလ် လာဟိုတာအား တွေ့ရပုံဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် ရိုက်ကူးခဲ့ သည့်ဓာတ်ပုံဖြစ်သည်။

လာဟိုတာက အလွန်ထူးဆန်း သည့် ယခုနေအိမ်ဆောက်လုပ်ရန် နည်း ပညာသဘောတရားများကို ၁၉၈၁ ခုနှစ် တွင် စတင်စိတ်ကူးခဲ့ခြင်း ဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ် သည်။ လာဟိုတာက သူ၏နေအိမ်တွင် စက်ယန္တရားစနစ်တစ်ခု တပ်ဆင်ပေးထား ပြီး နေအိမ်၏အမြင့်ကို လိုသလို ချိန်ညှိ နိုင်အောင်ပြုလုပ်ပေးထားသည်။ လာဟိုတာ၏ နေအိမ်မှာ အနိမ့် အမြင့်ချိန်ညှိနိုင်သည့်အပြင် လိုသလိုလှည့် လည်၍လည်းရရာ နေအိမ်ပြတင်းပေါက် များ၏ မျက်နှာမူရာအရပ်ကို နှစ်သက် သလို ပြောင်းလဲထားရှိနိုင်စေသည်။

၁၆။ ပိုလန်နိုင်ငံ၊ ၀ါဆောမြို့တွင် အဆောက်အအုံကြီးနှစ်လုံးအကြား ကျဉ်းမြောင်းသည့် နေရာလွတ်ငယ်တွင် ကမ္ဘာ့ အကျဉ်းမြောင်းဆုံး နေအိမ်ရှေ့ တွင် လူတစ်ဦးဓာတ်ပုံရိုက်ကူးနေပုံဖြစ် ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ နေအိမ် ၏ အကျယ် အ၀န်းမှာ ၉၂ စင်တီမီတာ ( ၃၆ လက်မ) ခန့်သာရှိသည်။

 

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service