စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်ထိန်းရန်အစိုးရက တင်းကြပ်မှုများပြုလုပ်နေစေကာမူ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဦးမည်ဟု မော်ဂန်စတန်လေဘဏ်ကြီးက ခန့်မှန်း

စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်ထိန်းရန်အစိုးရက တင်းကြပ်မှုများပြုလုပ်နေစေကာမူ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဦးမည်ဟု မော်ဂန်စတန်လေဘဏ်ကြီးက ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
15 Oct 2018 12:43 pm တွင် တင်ခဲ့သည်
1095 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်ထိန်းရန်အစိုးရက တင်းကြပ်မှုများပြုလုပ်နေစေကာမူ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဦးမည်ဟု မော်ဂန်စတန်လေဘဏ်ကြီးက ခန့်မှန်းလိုက်သည်။

အိမ်ခြံမြေကဏ္ဍ တင်းကြပ်မှုများ၊ အတိုးနှုန်းပိုမိုမြှင့်တင်မှုများ ပြုလုပ်ကိုင်တွယ်လာစေကာမူ ဝင်ငွေမြင့်တက်နှုန်း ပိုမိုလျင်မြန်လျက်ရှိခြင်းကြောင့် လာမည့် ၂၀၁၉ နှစ်ကုန်တွင် စင်္ကာပူ၏ အိမ်ဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ဖွယ်ရှိပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် ယင်းထက် နှစ်ဆပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း မော်ဂန်စတန်လေက ဟောကိန်းထုတ်သည်။

စီးပွားရေးတိုးတက်မှုနှုန်း ပိုမိုမြန်ဆန်လာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခုအဖြစ် စွဲဆောင်မှုရှိခြင်းနှင့် from en-bloc redevelopments တို့ထံမှ ဝယ်လက်တို့၏ ဝယ်လိုအားတို့ကြောင့် အိမ်ခြံမြေဈေးကွက်ကောင်းနေမည်ဟု ခန့်မှန်းခြင်း ဖြစ်သည်။

 “ယေဘုယျသုံးသပ်ချက်အမြင်တွေနဲ့တော့ ဆန့်ကျင်နေပါတယ်။ ကျွန်တော်တို့ ယူဆတာက ရောင်းလိုအားနဲ့ ဝယ်လိုအားတွေ ဆက်ပြီးအားကောင်းနေမယ်၊ အိမ်ခြံမြေဈေးကွက်ထဲကို အရင်းအနှီးတွေ လှိမ့်ဝင်လာမယ်လို့ ခန့်မှန်းပါတယ်”ဟု မစ္စတာ ဝီလ်ဆင်င နှင့် သူ၏အဖွဲ့က ပြောကြားသည်။

“အိမ်ခြံမြေရောင်းလိုအား ဖြည့်တင်းမှုပမာဏဟာ သမိုင်းကြောင်းတစ်လျှောက် ပျှမ်းမျှနှုန်းအောက်နည်းပါးနေပြီး ဆက်လက်ကျဆင်းနေဖို့လည်းရှိပါတယ်”

စင်္ကာပူအစိုးရက ထုတ်ပြန်ရာတွင် အိမ်ခြံမြေကဏ္ဍကို တင်းကြပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ခြံမြေကဏ္ဍ အတက်အကျအခြေအနေအပေါ်မူတည်ပြီး စင်္ကာပူအစိုးရက မူဝါဒပြောင်းလဲမှုများ ပြုလုပ်ဖွယ်ရှိသည်ဟု မော်ဂန်စတန်လေက ခန့်မှန်းထားသည်။

အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာပါက အစိုးရကအနေဖြင့် စည်းမျဉ်းဖြေလျော့မှုများ လုပ်ဆောင်လာဖွယ်ရှိကြောင်းလည်း သုတေသီတို့က သုံးသပ်သည်။

စင်္ကာပူ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြား ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ အစိုးရက မူဝါဒတင်းကြပ်မှုများ ၈ ကြိမ်အထိ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း ရောင်းချသူအတွက် တံဆိပ်ခေါင်းခွန် ဖြေလျှော့ပေးမှုအချို့ ပြုလုပ်ခဲ့သော်လည်း ၂၀၁၈ တွင် ပြန်လည်တင်းကြပ်မှုများ ပြုလုပ်ခဲ့သည်။

စင်္ကာပူသည် ကမ္ဘာလုံးဆိုင်ရာ အချက်အခြာနေရာတစ်ခုအဖြစ် စွဲဆောင်မှုရှိနေခြင်းက အိမ်ခြံမြေကဏ္ဍသို့ အရင်းအနှီးများ စီးဝင်လာရန် ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မော်ဂန်စတန်လေဘဏ်မှ သုတေသီတို့က သုံးသပ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service