Star Trek ရုပ်ရှင်ဇာတ်ကားကြီးတွင် ထည့်သွင်းရိုက်ကူးခဲ့သော လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေရှိ ဖျူးချားရစ်ဇင် ဗိသုကာဟန် စံအိမ်ကြီး ကန်ဒေါ်လာ ၆ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ

Star Trek ရုပ်ရှင်ဇာတ်ကားကြီးတွင် ထည့်သွင်းရိုက်ကူးခဲ့သော လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေရှိ ဖျူးချားရစ်ဇင် ဗိသုကာဟန် စံအိမ်ကြီး ကန်ဒေါ်လာ ၆ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
12 Oct 2018 12:19 pm တွင် တင်ခဲ့သည်
1210 ကြိမ် ကြည့်ရှု့ပြီး

Star Trek ရုပ်ရှင်ဇာတ်ကားကြီးတွင် ထည့်သွင်းရိုက်ကူးခဲ့သော လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေရှိ ဖျူးချားရစ်ဇင် ဗိသုကာဟန် ဖြင့် ဆောက်လုပ်ထားသောစံအိမ်ကြီး ကန်ဒေါ်လာ ၆ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ဒသမ ၅ ခန်း( အပြည့် ၃ ခန်းနှင့် တစ်ဝက် ၁ ခန်းကို ဆိုလိုသည်) ပါဝင်သော စံအိမ်ကြီးကို တြိဂံပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။

သိပ္ပံဆန်းကြယ်ရုပ်သံဇာတ်လမ်းတွဲကြီးဖြစ်သည့် Star Trek: The Next Generation တွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးပြီး ယခုအခါ အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဗိသုကာပညာရှင် အဲလစ် ဒေးဗစ် ဂျဲလ်မန်းက ဒီဇိုင်းရေးဆွဲခဲ့ပြီး မူလက ၎င်းကိုယ်တိုင်နေထိုင်ရန် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

“အပြင်ဘက်ကနေ ကြည့်မယ်ဆိုရင် စံအိမ်ကြီးက တကယ့်ကို တြိဂံပုံစံပါပဲ” ဟု ဈေးကွက်တင်သွင်းခဲ့သည့် အိမ်ခြံမြေအကျိုးဆောင် အေနီ ဒါမန်ဂျီယန်က ပြောကြားသည်။

စံအိမ်ကြီးကို ၁၉၈၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ညစာစားခန်း၊ မီဒီယာခန်းမ၊ master bedroom၊ မီးလင်းဖို ၂ ခု၊ Sonos အသံစနစ်တို့ ထည့်သွင်းပါဝင်ကြောင်း အရောင်းကြော်ငြာတွင် ဖော်ပြသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၇၀၀ ခန့်ရှိပြီး အတွင်းပိုင်းကို တန်ဖိုးကြီးဇိမ်ခံပစ္စည်းများ ထည့်သွင်းပေးထားသည်။

မီးဖိုဆောင်တွင် ပုံမှန်ထက် ၂ ဆကြီးမားသည့် မီးဖိုစက်၊ မြကျောက် ကောင်တာမျက်နှာပြင်အခင်းများ၊ စတီးဖြင့် ပြုလုပ်ထားသည့် နံနက်စာဘားတို့ ပါဝင်သည်။

ထို့အပြင် သင်ပုန်းကျောက် အုပ်ကြွပ်အမိုး၊ ဝါးကြမ်းခင်း၊ မှန်လက်ရန်းများဖြင့်လည်း မွမ်းမံထားသည်။

ခြံဝန်းအတွင်း ကား ၂ စင်းဆန့် ကားဂိုဒေါင်၊ နှင်းဆီနှင့် လာဗန်ဒါပန်းဥယျာဉ်များ၊ ရေချိုးခန်းနှင့် အိပ်ခန်း ၁ ခန်းပါသည့် ဧည့်သည်များ တည်းခိုရန် နေအိမ်တစ်လုံးတို့ ပါဝင်သေးသည်။

ပင်လယ်ပြင်ကို ရှုမြင်နေရသည့် လသာဆောင်တစ်ခုပါဝင်ပြီး ခြံဝန်း အကျယ်မှာ ၂ ဧကခန့်ရှိကာ အသုံးပြုနိုင်သည့်မြေနေရာ ၁ ဒသမ ၅ ဧကရှိသည်။

ခေါ်ဈေး- ကန်ဒေါ်လာ ၅ ဒသမ ၇ သန်း

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service