လမ်းမကြီးများနှင့် အမည်တပ်လမ်းမကြီးများရှိ အိမ်စီးကားများအတွက် တစ်နာရီ ကျပ်၂၀ဝ ကောက်ခံမည့်အစား သီးခြားအစီအမံဖြင့်ဆောင်ရွက်ပေးရန် ဆက်လက်ညှိနှိုင်းဆွေးနွေးမည်ဟုဆို

လမ်းမကြီးများနှင့် အမည်တပ်လမ်းမကြီးများရှိ အိမ်စီးကားများအတွက် တစ်နာရီ ကျပ်၂၀ဝ ကောက်ခံမည့်အစား သီးခြားအစီအမံဖြင့်ဆောင်ရွက်ပေးရန် ဆက်လက်ညှိနှိုင်းဆွေးနွေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
11 Oct 2018 11:49 am တွင် တင်ခဲ့သည်
1377 ကြိမ် ကြည့်ရှု့ပြီး

ကား ပါကင်ကြေးကောက်မည့် ရန်ကုန် မြို့တွင်းမြို့နယ်များရှိ လမ်းမကြီး များနှင့် အမည်တပ်လမ်းမကြီးများ ရှိ အိမ်စီးကားများအတွက် တစ်နာရီ ကျပ်၂၀ဝ ကောက်ခံမည့်အစား သီးခြားအစီအမံဖြင့်ဆောင်ရွက်ပေးရန် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

မိမိအိမ်ရှေ့တွင် ကားရပ်ထား ရင်း နာရီတိုင်း ကျပ် ၂၀ဝ စရိတ် တက်နေမည့်ကိစ္စနှင့်စပ်လျဉ်းပြီး ကားပါကင်ကြေးကောက်ခံရန် သတ်မှတ်ထားသည့်လမ်းများတွင် နေထိုင်သူ ပြည်သူများက လွှတ် တော်ကိုယ်စားလှယ်များထံတင်ပြ အကူအညီတောင်းခံမှုများရှိ ကြောင်း၊ ထို့ကြောင့် ကားပါကင် ကောက်ခံမည့် မြို့နယ်များအတွင်း နေထိုင်သူများ၏အိမ်ကားများအ တွက် ကားပါကင်ကြေးသတ်မှတ် ချက်ကိုသီးခြား(ဥပမာ-လစဉ်ကြေး သတ်မှတ်ပေးခြင်း၊ နှစ်စဉ်ကြေး သတ်မှတ်ပေးခြင်း)စဉ်းစားရန် လွှတ်တော်ကိုယ်စားလှယ် ဒေါ် ကြည်ပြာက အောက်တိုဘာ ၉ ရက်က ပြုလုပ်သည့်ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် ကားပါကင်ကြေးကောက်ခံမှုနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်း ချိန်တွင် ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ယင်းမေးခွန်းနှင့် စပ်လျဉ်း ပြီး ရန်ကုန်မြို့တော်ဝန်က""ကိုယ့် အိမ်ရှေ့မှာ ကိုယ်ကားရပ်ထား တယ်ဘာလို့ပေးရမှာလဲဆိုတဲ့အတွေးမျိုးမဟုတ်ပဲနဲ့ Public ဧရိယာမှာရပ်ထားလို့ ငါတော့အများ နည်းတူတော့ ကားဝန်ဆောင်မှု ပေး၊ နောက်တစ်ခုကလည်း သူ တို့ ကားပါကင်ကြေးကောက်ချိန် က နံနက် ၈ နာရီကနေ ညနေ ၆ နာရီထိပါ။ အဲဒီချိန်လေးပါပဲ။ တစ် နေကုန် ဒီမှာရပ်လို့ရှိရင်တော့ ဒီဟာကျွန်တော်တို့ပြန်စဉ်းစားရပါ လိမ့်မယ်။ နောက်တစ်ခုက ဘာ လဲဆိုရင် ၈ နာရီကနေ ၆ နာရီ သွားတာဖြစ်တဲ့အတွက်ကြောင့် ယာဉ်ကြောကျပ်တည်းမှုကိုတစ် နည်းအားဖြင့်ထိန်းလို့ရသွားမယ်။ အရင်တုန်းကဆိုရင် သူမသိကိုယ် မသိကောက်နေတဲ့အခြေအနေ ကနေ သူသိကိုယ်သိ သတ်သတ် မှတ်မှတ်ပေးပြီး ကောက်ထားရင် သူ့မှာတာဝန်ယူမှုတာဝန်ခံမှုရှိ သွားတဲ့အတွက်ကြောင့် ယာဉ် ကြောပိတ်ဆို့မှု၊ အလွဲသုံးစားမှု မသမာမှု၊ ဒုစရိုက်မှုကအစ အ နည်းနဲ့အများတစ်နည်းနည်းနဲ့ တော့ကျသွားနိုင်ပါတယ်""ဟု ပြန် လည်ဖြေကြားခဲ့သည်။

ယင်းသို့ပြန်လည်ဖြေကြား ချက်နှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေး နွေးပေးမည့်အကြောင်း မပါဝင် ခြင်းကြောင့် နည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဆွေးနွေးနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်ဒေါ်ကြည် ပြာက အောက်တိုဘာ ၉ ရက်လွှတ် တော်အပြီးတွင် မီဒီယာများကို ပြောသည်။

""ကိုယ်စားလှယ်တွေကပြည် သူ့အသံတွေနဲ့စနစ်တကျ ဆွေး နွေးနေတဲ့ လွှတ်တော်မှာပြောရ မယ်ဆိုရင် တက်နိုင်သမျှညှိနှိုင်း ဆောင်ရွက်ပေးသင့်တယ်လို့ မြင် ပါတယ်။ ဒါပေမဲ့ ဖြေသွားတာက တော့ ကျွန်မတို့ဆွေးနွေးခဲ့တဲ့အ ချက်ပေါ်မှာ ညှိနှိုင်းဆွေးနွေးပေးဖို့ ဆိုတာတစ်ခုမှမပါသွားဘူး။ ဒါပေ မဲ့ ဒီအတိုင်းတော့မပြီးပါဘူး။ ဒီမြို့ နယ်တွင်းမှာနေတဲ့ပြည်သူတွေ ကနစ်နာလို့ လွှတ်တော်ကိုယ်စား လှယ်တွေဆီကို အားကိုးတကြီး စာတွေပို့၊ ဖုန်းတွေဆက်ဆွေးနွေး တယ်။ ဒီမှာ လာမေးပြီးဘာမှ လည်းအကြောင်းမထူးပါလားဆို တာမျိုးကအဆင်မပြေဘူး။ ဒါ ကြောင့် ထပ်ပြီးလုပ်လို့ရတဲ့နည်း လမ်းနဲ့စာထပ်တင်ရမလား၊ ဘယ် လိုတိုင်ပင်ဆွေးနွေးရမလဲဆိုတာ ကိုလွှတ်တော်နည်းလမ်းနဲ့လုပ်လို့ ရတာလေးတွေကို ဆက်ပြီးဆောင် ရွက်မယ်""ဟု ၄င်းကပြောသည်။

ရန်ကုန်မြို့တွင်းမြို့နယ်များရှိ လမ်းမကြီးများနှင့်အမည်တပ် လမ်း မကြီးများတွင် ကားပါကင် ကြေးကောက်ခံခြင်းဆောင်ရွက် ရာတွင် တင်ဒါမအောင်မြင်သော ဇုန်များကို တင်ဒါထပ်မံခေါ်ယူ ထားသဖြင့် ယာဉ်ရပ်နားခကောက် ခံမှုတစ်ချိန်တည်းဖြစ်စေရန် နိုဝင် ဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ်မတ်၃၁ ရက်အထိ ငါးလဆောင်ရွက်ရန် သတ်မှတ်ထားပြီး ယင်းကာလပြီး ဆုံးပါက ပိုမိုခေတ်မီပြီးစနစ်ကျ သော Smart Car Parking System ဆောင်ရွက်ရန်စီစဉ်ထားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်-၄ ဒေါ် မေမေသွယ်က""ကိုယ်အိမ်ရှေ့ ကိုယ်ကားရပ်တယ်ဆိုပေမယ့် ကိုယ့်မြေမဟုတ်တဲ့အတွက် စည် ပင်သာယာမြေမှာရပ်ရင် ကားပါကင်ကြေးပေးရမှာပေါ့လေ။ဘီး ခွန်ဆောင်ထားလည်းပဲ ကားပါ ကင်ကြေးကပေးရမှာပဲပေါ့။ ည အိပ်ခွန်ကလည်း မကောက်တော့ ဘူး။ ညဘက်ကိုရပ်လို့ရအောင် ကားပါကင်ကြေးကို ည ၆ နာရီက နေနောက်တစ်နေ့နံနက် ၈ နာရီ မကောက်ဘူးလေ""ဟု ပြောသည်။

ရန်ကုန်မြို့တွင်းမြို့နယ်များရှိလမ်းမကြီးများနှင့်အမည်တပ် လမ်းမကြီးများတွင် ဇုန်ရှစ်ဇုန်ပိုင်း ခြားသတ်မှတ်၍ ၁ နာရီလျှင်ကျပ် ၂၀ဝ နှုန်းဖြင့် နေ့စဉ်နံနက် ၈ နာရီ မှညနေ ၆ နာရီအထိယာဉ်ရပ်နား ခကောက်ခံခြင်းလုပ်ငန်းအား အငှား ချထားရန် ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နိုင်ငံပိုင်သတင်း စာများမှဈေးပြိုင်တင်ဒါခေါ်ယူခဲ့ ပြီး ဇုန်ရှစ်ဇုန်အနက် ဇုန်ငါးဇုန်မှာ တင်ဒါအောင်မြင်ခဲ့ပြီး ဇုန်သုံးဇုန် မှာကြမ်းခင်းဈေးပြည့်မီခြင်းမရှိ သဖြင့် တင်ဒါပြန်လည်ခေါ်ယူနေ ကြောင်းသိရသည်။

 

Credit: Democracy today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service