တောင်ကိုရီးယားတွင် အိမ်ခြံမြေဝယ်လိုအားမြင့်တက်ကာ ဈေးနှုန်းများလည်း အလွန်မြင့်တက်နေခြင်းကြောင့် ၂၀၁၈ နှင့် ၂၀၁၉ တွင် စီးပွားရေးဖွံ့ဖြိုးမှု ထိခိုက်စေမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က သတိပေး

တောင်ကိုရီးယားတွင် အိမ်ခြံမြေဝယ်လိုအားမြင့်တက်ကာ ဈေးနှုန်းများလည်း အလွန်မြင့်တက်နေခြင်းကြောင့် ၂၀၁၈ နှင့် ၂၀၁၉ တွင် စီးပွားရေးဖွံ့ဖြိုးမှု ထိခိုက်စေမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က သတိပေး - Property News in Myanmar from iMyanmarHouse.com
3 Oct 2018 11:55 am တွင် တင်ခဲ့သည်
1507 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယားနိုင်ငံတွင် အိမ်ခြံမြေဈေးကွက်သို့ နေအိမ်သစ်များဖြည့်တင်းပေးနိုင်မှု နည်းပါးသည့်အခြေအနေတွင် ဝယ်လိုအား မြင့်တက်နေ ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်လာနေသည့် အခြေအနေကြောင့် ယခု ၂၀၁၈ ခုနှစ်နှင့် လာမည့် ၂၀၁၉ ခုနှစ်တို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်စေဖွယ်ရှိနေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သတိပေးလိုက်သည် ဟု ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခု ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယား၏ စီးပွားရေးဖွံ့ဖြိုးမှု ၂ ဒသမ ၉ ရာခိုင်နှုန်းနှင့် လာမည့် ၂၀၁၉ တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး ဖွံ့ဖြိုးမှုကျဆင်းသွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းသည်။

မကြာသေးမီနှစ်များအတွင်း အကောင်အထည်ဖော်ခဲ့သည့် လျော့ရဲသည့် ခရက်ဒစ်မူဝါဒများကြောင့် တောင်ကိုရီးယားအိမ်ခြံမြေဈေးကွက်အခြေအနေ ယခုကဲ့သို့ကြုံတွေ့ရခြင်းဖြစ်ကြောင်းလည်း ADB က ထောက်ပြထားသည်။

အာရှတိုက်၏ စတုတ္ထမြောက် အင်အားအကြီးဆုံးနိုင်ငံဖြစ်သော တောင်ကိုရီးယားတွင် ယခုနှစ်နှင့် ၂၀၁၉ တို့တွင် စီးပွားရေးဆက်လက် နှေးကွေးနေမည့် အခြေအနေများ ပေါ်ပေါက်ရခြင်းမှာ အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အပါအဝင် အိမ်ခြံမြေကဏ္ဍ၏ ထိခိုက်လွယ်သည့် အခြေအနေမြင့်မားနေခြင်းကြောင့်လည်း ပါဝင်သည်ဟု ဆိုသည်။

“ တောင်ကိုရီးယား၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံကြီး ၂ ခုက အကောက်ခွန်များ ပိုမိုမြင့်မားစွာ ကောက်ခံလာနေမှုများကြောင့် ယင်း ၂ နှစ်တာ ကာလအတွင်း တောင်ကိုရီးယား၏ စီးပွားရေးဖွံ့ဖြိုးမှု ဆက်လက်ကျဆင်းနေဦးမည်ဖြစ်သည်။” ဟု အာရှဖွံ့ဖြိုးရေးဘဏ် ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၃ ရက်တွင် တောင်ကိုရီးယားအစိုးရက အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်လာနေခြင်းကို ကိုင်တွယ်ရန်အတွက် ပိုမိုတင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်ခြင်းများ စတင်ပြုလုပ်ခဲ့သည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/766476 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)

ယင်းသို့ တင်းကြပ်မှုများပြုလုပ်ပြီးနောက် ယခုအခါ နောက်ဆက်တွဲခြေလှမ်းအဖြစ် နိုင်ငံခြားသားများ အိမခြံမြေဝယ်ယူမှုများအပေါ် တင်းကြပ်မှုများ ဆက်လက်ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service