ကျပ်ငွေတန်ဖိုးကျဆင်းမှုက အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာဟု ဆို

ကျပ်ငွေတန်ဖိုးကျဆင်းမှုက အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာဟု ဆို - Property News in Myanmar from iMyanmarHouse.com
17 Sep 2018 12:47 pm တွင် တင်ခဲ့သည်
9674 ကြိမ် ကြည့်ရှု့ပြီး

ငွေကြေးချမ်းသာသူအချို့က ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှုကျဆင်းပြီး အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိလာသည်ဟု ပြည်တွင်းအိမ်ခြံမြေအကျိုးဆောင်အချို့ကပြောသည်။

ကန်ဒေါ်လာတန်ဖိုး မတည်ငြိမ်ဘဲဆက်တိုက်မြင့်တက်ခြင်း၊ ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်ခြင်း ကြုံတွေ့နေရချိန်တွင် ငွေကြေးကြွယ်ဝသူအချို့က အိမ်ခြံမြေအပေါ် ပြန်လည်အာရုံစိုက်မှုရှိလာသည်ဟု ၎င်းတို့က ဆိုသည်။

‘‘ငွေကိုင်မထားလိုသူတွေ က အိမ်ခြံမြေဘက်ကို စိတ်ဝင်စား မှုတွေပြလာတယ်’’ဟု  iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

ကန်ဒေါ်လာတန်ဖိုးမြင့်တက်ခြင်း ဂယက်က အိမ်ခြံမြေ ဈေးကွက်၌ အနည်းငယ်လှုပ်ခတ်မှုရှိ သော်လည်း အားရစရာမရှိသေးကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

‘‘ရေထပွက်တဲ့ပုံစံမျိုးပေါ့’’ ဟု လက်ရှိအိမ်ခြံမြေဈေးကွက် အခြေအနေကို ဦးသန်းဦးက ပြောသည်။ လက်ရှိအိမ်ခြံမြေဈေး ကွက်တွင် ကျပ်သိန်း ၁,၀၀၀ ခန့် တန်ဖိုးရှိ ခြံမြေများနှင့် ကျပ်သိန်း ၃,၀၀၀ မှ ၄,၀၀၀ တန်ဖိုးရှိ အိမ် ခြံမြေအချို့ အရောင်းအ၀ယ်အနည်းငယ်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

၂၀၁၃ အိမ်ခြံမြေဈေးကွက် အကောင်းဆုံးအချိန် ဈေးနှုန်းများ နှင့် လက်ရှိအချိန်နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အကြား ဈေးကျဆင်းခဲ့ကြောင်း ဦးသန်းဦးက ဆိုသည်။

ပြည်တွင်းအိမ်ခြံမြေဈေး ကွက်သည် မြင့်မားနေသော အခွန်နှုန်းထားပြင်ဆင်လျှော့ချမှုများ ပြု လုပ်ပေးမှသာ ပြန်လည်အား ကောင်းလာနိုင်မည်ဟု စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ ဥက္ကဋ္ဌဦးစိုင်းခွန်နောင် က သုံးသပ်သည်။

‘‘အခွန်လျှော့မယ့် အချိန်ကို စောင့်နေသူတွေရှိတယ်’’ဟု ဦး စိုင်းခွန်နောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ အပါအ၀င် အခြေခံပစ္စည်းများ ၀ယ်ယူရာတွင် တစ်ကျပ်မှ ကျပ် သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၁,၀၀၀ အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ အထက် ၃၀ ရာခိုင်နှုန်းအခွန်ကောက်ခံသည်။

တရားဝင်အခွန်ဆောင်ထား ခြင်းမရှိသည့် ၀င်ငွေများဖြင့် ၀ယ်ယူခြင်းကို အခွန်ပေးဆောင်ရန် အစိုးရက သတ်မှတ်ပြဋ္ဌာန်းထားသည်။ ထိုအခွန်နှုန်းထားသည် ပေးဆောင်မည့်သူများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပြီး အခွန်ရှောင်မှုများကြောင့် နိုင်ငံတော်အတွက်လည်း အခွန်ငွေများ ဆုံးရှုံးစေသဖြင့် အခွန်နှုန်းထားလျှော့ပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ပြောသည်။

တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀မှ ၁,၀၀၀ အကြား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ အထက် ၁၅ရာခိုင်နှုန်းသတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ၎င်းကတင်ပြသည်။

အိမ်ခြံမြေဈေးကွက်တွင် တိုက်ခန်းနှင့်ကွန်ဒိုဈေးကွက်က အရစ်ကျစနစ်ဖြင့် ၀ယ်လိုသူတိုး လာကြောင်း အိမ်ခြံမြေပြပွဲများ ဦးဆောင်ကျင်းပနေသည့် iMyanmarHouse.com  ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ဦးနေမင်းသူက ပြောသည်။

ကျပ်သိန်း ၅၀၀ တန်တိုက် ခန်းများနှင့် ကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ ဓာတ်လှေကားတပ်ဆင် ထားသော အငယ်စားကွန်ဒိုတိုက် ခန်းများကို ဘဏ်အရစ်ကျစနစ်၊ တည်ဆောက်သူများက ရောင်းချသည့် အရစ်ကျစနစ်များဖြင့် ၀ယ်ယူလိုသူများရှိသည်ဟု ဆိုသည်။

ဈေးနှုန်းသည် ၂၀၁၃ က နှင့် လက်ရှိပေါက်ဈေးနှိုင်းယှဉ် လျှင် ၂၅ မှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဦးနေမင်းသူက ပြောသည်။

တိုက်ခန်းငှားရမ်းရမှုတွင် ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအကြား တိုက်ခန်းများ ငှားရမ်းမှုရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

platinum-garden
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service