၂၀၂၂ မကုန်မီပြီးစီးရမည့် မလေးရှားအိမ်ရာအစီအစဉ် ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ပြီးစီးသေး

၂၀၂၂ မကုန်မီပြီးစီးရမည့် မလေးရှားအိမ်ရာအစီအစဉ် ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ပြီးစီးသေး - Property News in Myanmar from iMyanmarHouse.com
14 Sep 2018 10:44 am တွင် တင်ခဲ့သည်
955 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားတွင် PR1MA အိမ်ရာအစီအစဉ်အရ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အိမ်ခန်း ၁၆,၆၈၂ ခန်း ဆောက်လုပ်ပြီးစီးပြီးဖြစ်ကြောင်း ထိပ်တန်းအိုးအိမ်အာဏာပိုင် အဖွဲ့တစ်ဖွဲ့က ဥပဒေပြုအမတ်များထံ ယခုသီတင်းပတ်အတွင်း တင်ပြခဲ့သည်။

၎င်းပမာဏသည် ထိုအစီအစဉ်အရ ၂၀၂၂ ခုနှစ်မကုန်မီ တည်ဆောက်ပြီးစီးရန် ကတိပြုထားသည့် အိမ်ခန်း ၁ သန်း၏ ၁ ဒသမ ၆ ရာခိုင်နှုန်းပဲ ဖြစ်ကြောင်း မလေးရှားအိုးအိမ်ဒုတိယဝန်ကြီး ရာဂျာကာမာရူဘာရင် ရှာရာဂျာအာမက်၏ ပြောကြားချက်အရ သိရသည်။

၂၀၁၂ ခုနှစ် PR1MA အက်ဥပဒေအရ ထူထောင်ခဲ့သော ၎င်းအစီအစဉ်သည် အလယ်

အလတ်ဝင်ငွေရှိသော မိသားစုများ သို့မဟုတ် တစ်လလျှင် မလေးရှားရင်းဂစ် ၂,၅၀၀ (အမေရိကန်ဒေါ်လာ ၆၀၉ ဒေါ်လာ) နှင့် မလေးရှားရင်းဂစ် ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၆၅၄) အကြား ဝင်ငွေရှိသော မိသားစုများအကြား အိမ်ပိုင်ဆိုင်နိုင်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်သည်။

တည်ဆောက်ပြီးစီးသွားသော အိမ်ခန်းများအတွက် စုစုပေါင်းရန်ပုံငွေ မလေးရှားရင်းဂစ် ၈ ဘီလျံဝန်းကျင် ခွဲဝေသတ်မှတ်ခဲ့ကြောင်း၊ ထိုသို့ ငွေကြေးအများအပြားကို အသုံးပြုထားပြီး အိမ်ခန်း အနည်းငယ်မျှသာ ပြီးစီးသေးသဖြင့် ၎င်းရန်ပုံငွေအသုံးပြုမှုက သံသယများစွာကို ဖြစ်ပေါ်စေခဲ့ကြောင်း ဝန်ကြီး ရာဂျာကာမာရူက ဆက်လက်ပြောကြားခဲ့သည်။

"ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကျွန်တော်တို့ ကြည့်ရှုဖြေရှင်းသွားမှာပါ။ အကောင်အထည်ဖော်ဆောင်မှု သေသေသပ်သပ်ဖြစ်သွားအောင် ဘယ်လိုမျိုး ပြန်လည်ဖွဲ့စည်းဆောင်ရွက်နိုင်မယ်ဆိုတာကို ကြည့်ပါမယ်။ အစိုးရအနေနဲ့ တခြားနိုင်ငံတွေက အောင်မြင်တဲ့ အိမ်ရာဖော်ဆောင်မှုတွေကို အတုယူဖို့ ကြိုးစားပါမယ်" ဟုလည်း သူက ပြောကြားခဲ့သည်။

တည်ဆောက်ပြီးစီးသွားသော PR1MA အိမ်များအနက် အများဆုံးမှာ ပီရက်ပြည်နယ်တွင် ၆,၄၀၃ ခန်းနှင့် ကီဒါပြည်နယ်တွင် ၃,၃၄၁ ခန်းတို့ဖြစ်ကြသည်။

အိမ်ခန်းပေါင်း ၁၃၁,၀၀၀ ခန်းကို ကိုယ်စားပြုသည့် စီမံကိန်း ၁၃၀ မှာ ပြည်နယ် ၁၄ ခုတွင် ဆောက်လုပ်ဆဲဖြစ်သည်။ အိမ်ခန်း ၂၆၈,၀၀၀ ကို မူဝါဒအဆင့် အတည်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

 

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service