ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာတစ်ဘီလီယံနှင့် နှစ်ဘီလီယံကြားသို့ လျှော့ချ

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာတစ်ဘီလီယံနှင့် နှစ်ဘီလီယံကြားသို့ လျှော့ချ - Property News in Myanmar from iMyanmarHouse.com
30 Aug 2018 10:35 am တွင် တင်ခဲ့သည်
1419 ကြိမ် ကြည့်ရှု့ပြီး

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ခုနစ် ဘီလီယံကျော်မှ တစ်ဘီလီယံနှင့် နှစ်ဘီလီယံကြားသို့ လျှော့ချခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်၏ ကနဦး ရင်းနှီးမြှုပ်နှံငွေသည် ကြီးမားလွန်း၍ အကြွေးထောင် ချောက်မိမည်ကို စိုးရိမ်သည်ဟု ဝေဖန်ပြောဆိုပြီးနောက် ရင်းနှီး မြှုပ်နှံမှုလျှော့ချမည့် ပမာဏကို ပထမအကြိမ် ပြောကြားခြင်းဖြစ် သည်။

‘‘သူ့ရဲ့တန်ဖိုးက ကန်ဒေါ် လာ ခုနစ်ဘီလီယံကျော် ရှိပါ တယ်။ ဒါပေမဲ့ ရေနက်ဆိပ်ကမ်း ထူထောင်တဲ့နေရာမှာ လုပ်ငန်း အောင်မြင်မှ လုပ်မယ်။ အဆင့် လိုက်ဆောင်ရွက်သွားမယ်။ အ ဆင့်လိုက် ဆောင်ရွက်သွားရင် ပထမစစချင်းဆိုရင် တစ်ဘီလီယံ နဲ့ နှစ်ဘီလီယံကြားရှိတဲ့ ရင်းနှီး မြှုပ်နှံမှုမျိုးက စပါမယ်။ အဲဒါ တွက်ခြေကိုက်ရင် တဖြည်းဖြည်း တိုးချဲ့သွားပါမယ်’’ဟု ဦးအောင် ထူးက ပြောသည်။

ရှယ်ယာပိုင်ဆိုင်မှု အချိုး သည် မြန်မာဘက်က ၃၀ ရာခိုင် နှုန်းနှင့် တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်းဖြစ်ကြောင်း ဒုဝန် ကြီးက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန် အကောင်အထည်ဖော်ရန် တရုတ်အစိုးရပိုင် ကုမ္ပဏီနှင့် မြန်မာအစိုးရကြား မူဘောင် သဘောတူညီမှုစာချုပ်ကို လာ မည့် စက်တင်ဘာအတွင်း လက် မှတ်ရေးထိုးမည်ဟု ယင်းအထူး စီးပွားရေးဇုန် အကောင်အထည် ဖော်ရေးဆိုင်ရာ တာဝန်ရှိသူတစ် ဦးက ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီး ဦးစိုးဝင်းက Nikkei Asian Review သတင်းဌာနနှင့် ဇူလိုင်၃ ရက် အထူးတွေ့ဆုံမေးမြန်းခန်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအရွယ်အစား လျှော့ချရေး တရုတ်ထံ တောင်းဆိုကြိုးပမ်းမည်ဟု ပြောကြား ထားသည်။

‘‘မလိုအပ်တဲ့ ကုန်ကျစရိတ် တွေအားလုံးကို ကျွန်တော်တို့ လျှော့ချသင့်ပါတယ်။ စီမံကိန်း တွေကြီးလေ ပြန်ပေးရဖို့က တာဝန်ပိုကြီးလေပါပဲ’’ဟု ဦးစိုးဝင်းက ပြောသည်။

မြန်မာဘက်က မည်မျှလျှော့ ချလိုသည်ဆိုသော ကိစ္စသည် ညှိနှိုင်းမှုအပေါ် မူတည်နေပြီး အတိအကျ မပြောနိုင်သေးဟု ဦးစိုးဝင်းက ပြောကြားထားသည်။

၂၀၁၅ က တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CITIC အုပ်စု ဦးဆောင်သည့် လုပ်ငန်းစုတစ်ခုက ယင်းဇုန်ကို ဖော်ဆောင်ခွင့်ရရှိခဲ့ သည်။

အဆိုပါ စီမံကိန်းအတွက် ရှယ်ယာအချိုးကို တရုတ်ကုမ္ပဏီ က ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ် သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံကိန်းသည် တရုတ်နိုင်ငံ ၏ OBOR (ရပ်ဝန်းတစ်ခု၊ လမ်း ကြောင်းတစ်ခု)၏ အဓိကကျ သည့် အစိတ်အပိုင်းဖြစ်ပြီး ရခိုင် ပြည်နယ် ဖွံ့ဖြိုးမှုနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ထွက်ပေါက် ဖြစ်သည်။

ထိုစီမံကိန်းသည် အိန္ဒိယ သမုဒ္ဒရာဘက် မျက်နှာမူထား သော ကျောက်ဖြူမြို့တွင် အထူး ဇုန်တစ်ခု ဖန်တီးရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်လာမည့် ယင်းစီမံကိန်း လျာထားမှုတွင် ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအနီး ဟက်တာ ၁,၀၀၀ ကျယ် သော စက်မှုဇုန်တစ်ခု ပါဝင်မည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service