အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေ အတည်ပြုခဲ့လျှင် ပွဲစားအားလုံး လိုင်စင်ဖြေဆိုရမည်၊ လိုင်စင်မဲ့ပွဲစားများ ထောင် ၆လနှင့် ဒဏ်ငွေသိန်း ၃၀ ကျခံရနိုင်

အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေ အတည်ပြုခဲ့လျှင် ပွဲစားအားလုံး လိုင်စင်ဖြေဆိုရမည်၊ လိုင်စင်မဲ့ပွဲစားများ ထောင် ၆လနှင့် ဒဏ်ငွေသိန်း ၃၀ ကျခံရနိုင် - Property News in Myanmar from iMyanmarHouse.com
16 Aug 2018 11:23 am တွင် တင်ခဲ့သည်
7197 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေအတည်ပြုခဲ့လျှင် ၀န်ဆောင်မှုလုပ်ငန်းလိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူများအား ထောင်ဒဏ် ၆ လနှင့် ဒဏ် ငွေကျပ်သိန်း ၃၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း အိမ်ခြံမြေဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

၎င်းဥပဒေကြမ်းတွင် အခန်းပေါင်း ၁၃ ခန်းနှင့် ပုဒ်မ ၃၃ ခုပါရှိပြီး၊ ၂၀၁၆ ခုနှစ်ကစတင်ရေးဆွဲခဲ့ခြင်းဖြစ်ကာ ပြည် ထောင်စုလွှတ်တော်ဥပဒေရေးရာကော်မတီ၊ လွှတ်တော်ကော်မတီဥပဒေရေးရာအဖွဲ့များ၊ ဥပဒေချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာဌာနများနှင့် ၈ ကြိမ်တိတိ တင်ပြဆွေးနွေးခဲ့ကြောင်းနှင့် ယခုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာကော်မတီမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။

အဆိုပါဥပဒေကြမ်းပုဒ်မ ၁၅ တွင် ဤဥပဒေစတင်အာဏာတည်သည့်အချိန်တွင် ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုသူသည် တနှစ်အတွင်းလုပ်ငန်းမှတ်ပုံတင်ခြင်းနှင့် ယာယီလိုင်စင်လျှောက်ထားရမည်ဟု ဖော်ပြထားပြီး ပုဒ်မ ၂၆ တွင် ယာယီ လိုင်စင်နှင့် လိုင်စင်မရှိဘဲ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများအား ထောင်ဒဏ် ၆ လထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၃၀ ထိဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

''ရှေ့နေကတော့ ငှားချင်ငှား၊ မငှားချင်နေပေါ့။ ဒါပေမဲ့ ပုဒ်မ ၂၇ မှာထည့် သွင်းရေးဆွဲထားတာကတော့ ရှေ့နေကပါလာပြီ။ ပြဿနာတခုခုဖြစ်ရင် ရှေ့နေငှားပါလို့ပြောတာနဲ့အတူတူပဲ။ နောက်ဆုံး ရှေ့နေငှားပါဆိုတာနဲ့ ဇာတ်သိမ်းသွားရော'' ဟု အိမ်ခြံမြေ Online သင်တန်းများပို့ချ နေသူဦးကြည်စိုး IC က News Watch ကိုပြောသည်။

အိမ်ခြံမြေပွဲစားလုပ်ကိုင်သူများတွင် ဈေးသည်၊ ဆိုက်ကားသမားများမှအစ ကုမ္ပဏီကြီးများဖြင့် လုပ်ကိုင်သူအထိ အလွှာစုံပါဝင်ကြောင်း၊ အောက်ခြေလုပ်ကိုင်သူများကို ပစ်ပယ်၍မရကြောင်း၊ ၎င်း တို့၏လုပ်ကွက်များမပျောက်ပျက်ဖို့ အထူးအရေးကြီးကြောင်း လက်ရှိလုပ်ကိုင် ဆောင်ရွက်ကြရာတွင် အိမ်ခြံမြေရောင်း ၀ယ်ရေးစာချုပ်စာတမ်းများကို ရှေ့နေများ မပါဝင်ဘဲ ချုပ်ဆိုနေကြကြောင်း၊ GP နှင့် SP လိုမျိုးစာချုပ်ချုပ်ရသည့်အခါ ရှေ့နေများနှင့် စာချုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ယခုဥပဒေကြမ်း၏ အနှစ်သာရသည် ရှေ့နေ၊ ရှေ့ရပ်များကြောင့်ရေးခြင်းမဟုတ်ဘဲ တည်ဆဲဥပဒေအရ အောက်ခြေရှိပွဲစားဟုခေါ်သော ပုဂ္ဂိုလ်များလုပ်ကွက်မပျောက်သွားရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောသည်။

''ဒီဥပဒေအတည်ပြုပြီးတဲ့ကာလမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူတွေအနေနဲ့ ပွဲစားမှတ်ပုံတင်လိုင်စင် လျှောက်ရုံနဲ့ ဆက်လုပ်ခွင့်ရှိပါတယ်။ လိုင်စင်ရဖို့ဆိုတာ သင်တန်းပေးတယ်ဆိုတာလည်း သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ တနိုင်ငံလုံး တပုံစံတည်းချမှတ်ထားတဲ့ ၇ ရက်စာလောက် သင်တန်းကိုသွားထိုင်နေရုံပဲ။ စာမေးပွဲလည်းမရှိပါဘူး။ ဒါတွေက နည်းဥပဒေမှာပါလာမှာဖြစ်ပါတယ်။ သွားပြီးတော့ သက်ဆိုင်ရာမြို့နယ်မှာ သတင်းပို့ရင်ဆက်လုပ်ခွင့်ရှိတယ်။ အဲဒါယာယီလိုင်စင်ပေါ့။ အဲဒါပြီးရင် သတ်မှတ်ထားတဲ့မြို့နယ်ဖြစ်ဖြစ်၊ ခရိုင်ဖြစ်ဖြစ် သင်တန်းဖွင့်လို့သွားတက်မယ်ဆိုရင် သတ်မှတ်တဲ့လိုင်စင်ရမှာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

အဆိုပါသင်တန်းများကို နိုင်ငံတော်မှတရားဝင်လုပ်သည်ဖြစ်သောကြောင့် သတ်မှတ်သည့် GPS ကြည့်ခြင်း၊ မြေပုံကြည့်ခြင်း၊ စာချုပ်စာတမ်းအစစ်၊ အတုခွဲခြားခြင်းတို့ကို အသိပညာပေးမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းမှာ ၇ ရက်မျှလောက်သာကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးပါက အကျိုးဆောင်လိုင်စင်ရရှိမည်ဖြစ်ကြောင်း သိရသည်။

''ဒီလိုမျိုးဥပဒေပြဋ္ဌာန်းလိုက်ရင်တော့ လုပ်ငန်းလိုင်စင်တွေဘာတွေ လျှောက်တာတို့ ဘာတို့မှာ ငွေကြေးတစုံတရာ မပေးရရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ကပွဲရှိရင် ကြားပေါက်ဝင်ငွေ ရရှိအောင်လုပ်တာ။ ခုဥပဒေပုံစံမျိုးဆိုရင် အရှုပ်အရှင်းတွေ၊ ပြဿနာတွေ မပေါ်ပေါက်နိုင်တော့ဘူးပေါ့။ ကောင်းပါတယ်'' ဟု အိမ်ခြံမြေပွဲစားလုပ်ကိုင်သူတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပါးစပ်ပါသူတိုင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နိုင်သည့်အခြေအနေဖြစ်ကြောင်း၊ ယခုဥပဒေပေါ် ပေါက်ခဲ့ပါက ပြန့်ကျဲနေသောအနေအထားမှ စုစည်းကျစ်လျစ်သွားမည်ဖြစ်ပြီး၊ မလိုလားအပ်သောပြဿနာများကို ရှောင်ရှားနိုင်မည်ဖြစ်ကာ ဖြစ်ပေါ်လာပါက ဥပဒေအရ ထိထိရောက်ရောက်အရေးယူနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးသိန်းလှညိုက ပြောသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ponnami
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service