လက်လီရောင်းချသော ရှော့ပင်းမောပါဝင်သည့် ကွန်ဒိုများ အလားအလာ အကောင်းဆုံးဖြစ်နေ

လက်လီရောင်းချသော ရှော့ပင်းမောပါဝင်သည့် ကွန်ဒိုများ အလားအလာ အကောင်းဆုံးဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
9 Aug 2018 12:31 pm တွင် တင်ခဲ့သည်
2348 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်တွင် အလားအလာအကောင်းဆုံးမှာ လက်လီရောင်းချသော ရှော့ပင်းမောများ ပါဝင်သည့် ကွန်ဒိုများဖြစ်ကြောင်း Collier International Myanmar က ထုတ်ပြန်ထားသည်။

ယင်းကဏ္ဍသည် လက်ရှိတွင် လုပ်ကိုင်မှုနည်းသေးသည့် အခြေအနေတွင်ရှိသော်လည်း လုပ်ငန်းရှင်အများစုက စိတ်ဝင်စားမှုရရှိနေသည့် ကဏ္ဍလည်းဖြစ်ကြောင်း သိရသည်။ လက်လီရောင်းချမှုသည် လက်ရှိတွင် အလားအလာ ကောင်းနေပြီး ရန်ကုန်မြို့ရှိ လူဦးရေနှင့် ရှော့ပင်းမော အရေအတွက်အချိုးအစားကို အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက နည်းပါးနေသေးသည့်အတွက် လိုအပ်ချက် ဆက်ရှိနေမည်ဖြစ်ကြောင်း iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကိုနေမင်းသူက ပြောသည်။

''အခုနောက်ပိုင်းမှာ အပန်းဖြေလို့ရတဲ့နေရာနဲ့ တွဲထားတဲ့ ရှော့ပင်းမောတွေနဲ့ ကလေးကစားလို့ရတဲ့နေရာတွေ ပူးပေါင်းပြီးတော့ တစ်နေရာတည်းမှာ လုပ်ထားတာတွေက ပိုပြီးခေတ်စားလာတာ၊ တွင်ကျယ်လာတာတွေ့ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက တတ်နိုင်တဲ့သူတွေက ထိုင်းတို့ဘာတို့ သွားပြီးတော့ အဲဒီလိုနေရာမျိုးမှာ အပန်းဖြေတာမျိုး ဖြစ်လာတာတွေ့ရတယ်''ဟု ၄င်းက ပြောသည်။

လက်လီရောင်းဝယ်မှုကဏ္ဍတွင်၊ စတုရန်းမီတာ ၅ဝ,ဝဝဝ နှင့်အထက် ရှော့ပင်းမောများ အများအပြားလိုအပ်လျက်ရှိသည်။ မိုးရာသီတွင် မိုးရွာသွန်းမှုများပြားပြီး နွေအခါတွင် ပူပြင်းသည့် ရာသီဥတုရှိသည့်ရန်ကုန်တွင် ရှော့ပင်းမောများသည် အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများသဖွယ်ဖြစ်လာနေပြီး ယခုထက်ပို၍ အကောင်အထည်ဖော်ရန် လိုအပ်လာကြောင်း သိရသည်။

လက်ရှိတွင် ယင်းကဏ္ဍအတွက် ရယူထားနိုင်မှုအခြေအနေသည် အားကောင်းနေပြီး အကောင်အထည်ဖော်မည့် လုပ်ငန်းရှင်များသည်လည်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ရန်အတွက် ဗျူဟာများကို ပြန်လည်စဉ်းစားသင့်ကြောင်း Collier International Myanmar မှ အကြံပြုထားသည်။

'' မြန်မာနိုင်ငံက ဖွံ့ဖြိုးစနိုင်ငံဖြစ်တယ်။ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းမှာ ဆောက်လုပ်ပြီး အဆောက်အအုံ အတော်များများရှိတယ်။ လက်လီအရောင်း အဝယ်လုပ်လို့ရမယ့် ဈေးဆိုင်တွေ၊ အရောင်းပြခန်းတွေ၊ စားသောက်ဆိုင်ကဏ္ဍတွေ ဒါတွေက ပါဝင်ပြီးသားဖြစ်တယ်။ လက်ရှိမှာ စီးပွားရေးမကောင်းပေမဲ့ လက်လီရောင်းချတဲ့ဆိုင်ပါတဲ့ အဆောက်အအုံတွေ အရောင်းအဝယ်ရှိနေမယ်။ အားကောင်းလာတဲ့ အနေအထားတွေရှိတယ်'' ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဌ ဦးခင်မောင်သန်းက ပြောသည်။

''တခြားနိုင်ငံတွေမှာ ကြည့်လိုက်မယ်ဆိုရင် ရှောပင်းမော အကြီးစားကြီးတွေ အပန်းဖြေလို့ရမယ့် နေရာတွေ တွဲထားတာတွေက မြို့ပြင်မှာ ထွက်ပြီးဆောက်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကားမကြပ်အောင် လုပ်ပေးမယ်။ ခုံးကျော်တံတားတွေ ထိုးပေးမယ်ဆိုရင် မြို့တွင်းမှာတင် မဟုတ်ပါဘူး သာကေတ၊ လှိုင်သာယာတို့မှာ မြေနေရာ အကျယ်အဝန်းတော်တော်များများရှိတဲ့အတွက်ကြောင့် အောင်မြင်နိုင်စရာ ရှိပါတယ်''ဟု iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကိုနေမင်းသူက ပြောသည်။

အိမ်ခြံမြေဈေးကွက်၏ ဒုတိယအလားအလာ အကောင်းဆုံးမှာ အခန်းသန့်ရှင်းရေး၊ အားကစားခန်းမ၊ အဝတ်လျှော်သည့် ဝန်ဆောင်မှုများပါဝင်သည့် Service Apartment (အဆင့်မြင့် လူနေတိုက်ခန်းများ) ဖြစ်သည်။ အဆိုပါ အခန်းများမှာ ကာလတို၊ ကာလရှည် ငှားရမ်းနေထိုင်နိုင်ပြီး ပြည်တွင်းတွင် Micasa Marina၊ Lotte၊ ရှန်ဂရီလာ၊ ဆာကူရာစသည်တို့ ပါဝင်သည်။

လက်ရှိ ရန်ကုန်မြို့ရှိ Service Apartment များသည် ငှားရမ်းခဈေးနှုန်းကြီးမြင့်ပြီး ဈေးနှုန်းသင့်တင့်သည့် Service Apartment များ နည်းပါလျက်ရှိသည်။ အိမ်နီးနားချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပြည်တွင်းဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၃,ဝဝဝ မှ ၁ဝ,ဝဝဝ အထိရှိပြီး၊ ဘန်ကောက်တွင် သင့်တင်သည့် Service Apartment သည် အမေရိကန်ဒေါ်လာ ၁,၅ဝဝ မှ ၂,ဝဝဝ ခန့်ဖြင့် ရရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် Service Apartment ကဏ္ဍအတွက် ဈေးနှုန်းသင့်တင့်သည့် ပုံစံများ လိုအပ်လျက်ရှိကြောင်း Collier International Myanmar မှ အချက်အလက်များအရ သိရသည်။

လတ်တလောတွင် ရုံးခန်းနေရာနှင့် ပတ်သက်ပြီး ဈေးကွက်အတွင်း အများအပြား ဆောက်လုပ်ပြင်ဆင်ထားမှုများရှိနေပြီး ဈေးကွက်လိုအပ်ချက်သည်လည်း မြင့်တက်လျက်ရှိသည်။ ရုံးခန်းဈေးကွက်တွင်မူ နိုင်ငံတကာအဆင့်မီသည့် ရုံးခန်းနေရာများ အများအပြား မရှိသေးဟု ဆိုသည်။ ရန်ကုန်မြို့တစ်ခုလုံးအတိုင်းအတာဖြင့် ရုံးခန်းတည်ရှိမှုသည် စတုရန်းမီတာ ၃ဝ,ဝဝဝ မှ၊ ၄ဝ,ဝဝဝ အထိသာ ရှိသေးကြောင်း သိရသည်။

တတိယအလားအလာရှိသည်မှာ ဟိုတယ်လုပ်ငန်းဖြစ်ပြီး ဈေးနှုန်းမြင့်မားသည့် ဟိုတယ်ဈေးကွက်သည် စိန်ခေါ်မှုများစွာရှိနေကာ အကောင်အထည်ဖော်ရန် လိုအပ်နေသည်မှာ ကြယ်သုံးပွင့်အဆင့်ရှိ တန်ဖိုးသင့်ဟိုတယ်များဖြစ်သည်။ ဟိုတယ်ဈေးကွက်တွင် ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်များကို ဦးတည်လုပ်ဆောင်မည့်အစား ကြယ်သုံးပွင့်အဆင့်ရှိသည့် ဟိုတယ်များသည် စီးပွားရေးအတွက် ခရီးသွားလာကြသူများနှင့် ပိုမိုသင့်တော်သည့်အတွက်ကြောင့် အကောင်အထည်ဖော်သင့်ကြောင်း Collier က အကြံပြုထားသည်။

အိမ်ခြံမြေဈေးကွက်နှင့် အလားအလာကို ကာလတစ်ခုအထိ မျှော်မှန်းကြည့်ပါက ဈေးကွက်လိုအပ်ချက်သည် ဈေးနှုန်းအလယ်အလတ်ရှိသော ကွန်ဒို၊ ဟိုတယ်နှင့် Service Apartment များဖြစ်ကြောင်း Collier ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆောက်အအုံများ အကောင်အထည်ဖော်မှုကို ရွှေတိဂုံဘုရားဝန်းကျင်နှင့် အဓိက မိန်းလမ်းမကြီးများဖြစ်သော ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းဘေးတွင် ဆောင်ရွက်လျက်ရှိသည်။ လာမည့် နှစ်အနည်းငယ်အတွင်း ရန်ကင်းနှင့် ဗဟန်းမြို့နယ်များသည် စီးပွားရေးအချက်အချာကျသည့်နေရာများ ဖြစ်လာနိုင်သည်ဟု Collier မှသိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service