ဒေါ်လာဈေး အပြောင်းအလဲ ဗဟိုဘဏ် အနီးကပ် စောင့်ကြည့်နေဟုဆို

ဒေါ်လာဈေး အပြောင်းအလဲ ဗဟိုဘဏ် အနီးကပ် စောင့်ကြည့်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Jul 2018 10:35 am တွင် တင်ခဲ့သည်
2960 ကြိမ် ကြည့်ရှု့ပြီး
ဒေါ်လာဈေးမြင့်တက် ခြင်းကို ဗဟိုဘဏ်ကစောင့်ကြည့် နေပြီး ပြည်တွင်းဘဏ်များကို လည်း အနီးကပ်ထိန်းကျောင်းနေ ကြောင်း ဗဟိုဘဏ် နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေး မှူးချုပ်ဒေါ်မေတိုးဝင်းက ပြော သည်။

‘‘ဘဏ်တွေကိုလည်း ဖုန်းနဲ့ နေ့စဉ်ဖြစ်စဉ်ကို ညွှန်ကြားပါ တယ်။ ဒေါ်လာဈေးက International (နိုင်ငံတကာ)ဈေးကွက်မှာလည်း တက်နေတာဖြစ်တာ ကြောင့်ပါ’’ ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၈ ရက်က ပြင်ပ ပေါက်ဈေးသည် တစ်ဒေါ်လာ လျှင် ၁,၄၂၈ ကျပ် အထိမြင့်တက် ပြီး ဇူလိုင် ၁၉ ရက်တွင် ၁,၄၂၅ ကျပ်သို့ပြန်ကျဆင်းခဲ့သည်။ ဗဟို ဘဏ်က ဇူလိုင် ၁၈ ရက်တွင် ရည်ညွှန်းကိန်းကို တစ်ဒေါ်လာ ၁,၄၁၅ ကျပ်သတ်မှတ်ခဲ့သည်။

ဒေါ်လာဈေးမြင့်တက်လာ ခြင်းကြောင့် ပြည်ပသွင်းကုန် ပစ္စည်းများ ဈေးမြင့်တက်လာပြီး ငွေလဲနှုန်းဆက်လက်မြင့်တက်ပါ က ဈေးနှုန်းလည်း မြင့်တက် မည်ဖြစ်ကြောင်း သွင်းကုန်လုပ် ငန်းရှင်များက ပြောသည်။

‘‘ဒေါ်လာဈေးတက်တော့ ပြည်သူပဲခံရတယ်။ လုပ်ငန်းရှင် ကတော့ တက်တဲ့ဈေးနဲ့ရောင်း တယ်။ အခုတော့ ဈေးကွက်ထဲ မှာ စတက်နေပြီ’’ ဟု မြန်မာနိုင်ငံ လျှပ်စစ်နှင့်အီလက်ထရွန်နစ်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့် ဇော်က ပြောသည်။

လက်ရှိတွင် မှာယူထား သည့်လက်ကျန်ကုန်ပစ္စည်းများ ကြောင့် ဈေးကွက်အတွင်းဈေး နှုန်း အလွန်မတက်သော်လည်း ငွေလဲနှုန်း ဆက်လက်မြင့်တက် လာပါက မဖြစ်မနေ ဈေးတက်ရ တော့မည်ဟု စားအုန်းဆီတင် သွင်းသူဦးပြည့်စုံအောင်က ပြော သည်။

ဒေါ်လာဈေးမြင့်တက်လာ ခြင်းကြောင့် ပြည်ပမှကုန်ကြမ်း သွင်း၍ ပြည်တွင်း၌ထုတ်လုပ် သောပစ္စည်းများလည်း ဈေးမြင့် တက်လာနိုင်ကြောင်း စက်မှုလုပ် ငန်းရှင်များက ဆိုသည်။

ကန်ဒေါ်လာဈေးသည် ဇွန် လ ၂၈ ရက်ကပြင်ပပေါက်ဈေး တစ်ဒေါ်လာလျှင် ၁,၄၀၇ ကျပ် ရောက်ချိန်တွင် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များနှင့် ငွေလဲကောင်တာများကို ခေါ်ယူ တွေ့ဆုံခဲ့သည်။ ထို့နောက် ဇွန်လ ၂၉ ရက်တွင် တဖြည်းဖြည်း ကျဆင်းလာသော်လည်း လက်ရှိ၌ ၁,၄၂၈ ကျပ်အထိ ပြန် လည်မြင့်တက်လာခြင်း ဖြစ် သည်။ ထိုနှုန်းမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းဖြစ် သည့် ၂၀၁၆ ဒီဇင်ဘာ ၁၆ တွင် ပေါက်ခဲ့သော ၁,၄၄၀ ကျပ်ကိုမီရန် ၁၂ ကျပ်သာလိုတော့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service