တရုတ်ပြည်၏မြို့တော် ပေကျင်းလမ်းမအောက်တွင်နှစ်ထပ်တိုက်အကျယ်အ၀န်းရှိ မြေအောက်ခန်း လျှို့ဝှက်စွာ တူးဖော်ခဲ့သူ

တရုတ်ပြည်၏မြို့တော် ပေကျင်းလမ်းမအောက်တွင်နှစ်ထပ်တိုက်အကျယ်အ၀န်းရှိ မြေအောက်ခန်း လျှို့ဝှက်စွာ တူးဖော်ခဲ့သူ - Property News in Myanmar from iMyanmarHouse.com
2 Jul 2018 12:20 pm တွင် တင်ခဲ့သည်
3889 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်၏မြို့တော် ပေကျင်းတွင် လမ်းမ အောက်၌ နှစ်ထပ်တိုက်အကျယ်အ၀န်းရှိ မြေ အောက်ခန်း လျှို့ဝှက်စွာ တူးဖော်ထားမှုကို ဖော်ထုတ်တွေ့ရှိ ခဲ့ရခြင်းကြောင့် ယခုအခါ အာဏာပိုင်တို့က အဆိုပါနေရာကို ကွန်ကရစ်များဖြင့် ပြန်လည်သွန်းလောင်းမှုများ ပြုလုပ်နေကြ ရကြောင်း တရုတ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြသည်။

ပေကျင်းမြို့ရှိ လူနေအဆောက်အအုံတစ်ခုအနီး တွင် တူးဖော်ထားခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်သားတို့ က ကွန်ကရစ်ဖြင့် အရေးပေါ်သွန်းလောင်းမှုများ ပြုလုပ်ခဲ့ရသည် ဟု ဆိုသည်။

ပေကျင်းမြို့တော်အတွင်း တရားမ၀င် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုကို အပြင်းအထန် အရေးယူဖော် ထုတ်လျက်ရှိချိန်တွင် ယခုမြေအောက်ခန်းကြီးကို ရှာဖွေတွေ့ ရှိခဲ့ကြခြင်း ဖြစ်သည်။

အာဏာပိုင်တို့၏ စီမံချက်အတွင်း အဆောက်အအုံ များစွာ ဖြိုချခဲ့ပြီး စီးပွားရေးလုပ်ငန်းများစွာကိုလည်း ပိတ်သိမ်း ခဲ့သည်။

ပေကျင်းမြို့၊ ရှီချန်ခရိုင်ရှိ လမ်းတစ်ခုတွင် တရားမ၀င် ဆောက်လုပ်နေမှုများကို ဒေသခံများက တိုင်ကြားရာမှ ယခု စီမံချက်စတင်ခဲ့ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်သားများက တရားမ၀င်အဆောက် အအုံများကို မြေတူးစက်ကြီးများဖြင့် ဖြိုချနေစဉ် အဆိုပါလမ်း တွင် နေထိုင်သူ တစ်ဦးက မြေအောက်၌ လှိုဏ်ဂူတူးဖော်ထား ကြောင်း ထုတ်ဖော်ဝန်ခံလာခြင်းဖြစ်သည်ဟု ဆိုသည်။

“သူက လှမ်းအော်တယ်၊ အဲဒီကို မသွားနဲ့၊ အဲဒီကို မသွားနဲ့တဲ့။ သူ့လေသံက နောက်ပြောင်နေတဲ့ပုံမျိုး မဟုတ်ဘူး” ဟု အရာရှိတစ်ဦးက ပြောကြားသည်။

ထိုနေရာတွင် မြေအောက်လှိုဏ်ခေါင်းကြီးကို ရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် စတုရန်းမီတာ ၁၀၀ ခန့်ရှိပြီး ဂိုထောင်အဖြစ် အသုံးပြုရန် ရည်ရွယ်ကာ တူးဖော်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြေအောက်လှိုဏ်ဂူသို့ ၀င်ပေါက်မှာ အဆိုပါအမျိုးသား ၏ နေအိမ်ခန်းအတွင်းမှ စတင်ခြင်းဖြစ်ကြောင်း အရာရှိများက စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုသူက ပြောကြားရာတွင် လွန်ခဲ့သော ၅ နှစ်ခန့်က စတင်ကာ မြေအောက်လှိုဏ်ဂူကို စတင်တူးဖော်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

မြေအောက်ခန်းကို လျှို့ဝှက်စွာတူးဖော်ရန်အတွက် လူများငှားရမ်းခဲ့ပြီး မြေစာများကို အိတ်များတွင် ထည့်ကာ သယ်ထုတ်ခဲ့သည်ဟု ဆို၏။

မြေအောက်ခန်းတူးဖော်ခဲ့သူ၏ အိမ်နီးချင်းများက ပြောကြားရာတွင် ၎င်းင်းတို့၏နေအိမ်များဘေးတွင် မြေအောက် လှိုဏ်ခေါင်းကြီး တူးဖော်နေသည်ကိုပင် မသိအောင် မည်သို့တူး လိုက်သည်ကို မတွေးတတ်ကြောင်း ပြောကြားသည်။

အိမ်နီးချင်း တစ်ဦးကပြောကြားရာတွင်မူ တစ်ခါတစ်ရံ တွင် လူအချို့သည် သုံးဘီးဆိုင်ကယ်များဖြင့် မြေစာများသယ် ယူသွားသည်ကိုမူ တွေ့ရတတ်ကြောင်း ပြောပြခဲ့သည်။

“မြေပေါ်မှာပဲ အဆောက်အအုံတစ်ခုခု ဆောက်နေ တယ်ပဲ ထင်ခဲ့တာ” ဟု အဆိုပါအိမ်နီးချင်းက ဆိုသည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ရာတွင် ဥမင် လှိုဏ်ဂူ တူးခဲ့သူကို အရေးယူခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော် လည်း ၎င်းင်း၏အမည်နာမအပါအ၀င် အသေးစိတ်အချက် အလက်များကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိချေ။

လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းကလည်း ပေကျင်းတွင် ပင် နေအိမ်အောက်၌ မြေအောက်ခန်းတူးဖော်ခဲ့သူကို ထောင် ဒဏ် ၅ နှစ် ချမှတ်ခဲ့ဖူးသည်။

ထိုစဉ်က ဥမင်တူးခဲ့ပြီးနောက်ပိုင်း ၎င်းင်း၏နေအိမ်ပြို ကျခဲ့ကာ အိမ်နီးချင်းများ၏ နေအိမ်များ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။

ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
တရုတ်ပြည်၏မြို့တော် ပေကျင်းလမ်းမအောက်တွင်နှစ်ထပ်တိုက်အကျယ်အ၀န်းရှိ မြေအောက်ခန်း လျှို့ဝှက်စွာ တူးဖော်ခဲ့သူ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏မြို့တော် ပေကျင်းလမ်းမအောက်တွင်နှစ်ထပ်တိုက်အကျယ်အ၀န်းရှိ မြေအောက်ခန်း လျှို့ဝှက်စွာ တူးဖော်ခဲ့သူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service