တစ်ပတ်အတွင်း အိမ်ခြံမြေသတင်းများ

တစ်ပတ်အတွင်း အိမ်ခြံမြေသတင်းများ - Property News in Myanmar from iMyanmarHouse.com
29 Jun 2018 11:40 am တွင် တင်ခဲ့သည်
2415 ကြိမ် ကြည့်ရှု့ပြီး
၁။ အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီတွင် လာမည့် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံတကာ အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြပွဲ (IREIS) ကျင်းပရန် စီစဉ်ထားပြီး တန်ဖိုးကြီး ဇိမ်ခံလူနေအိမ်ရာများပြသမည့် ကုမ္ပဏီပေါင်း ၁၂၅ ခု ဝင်ရောက်ပြသကြမည်ဟု ခန့်မှန်းထားသည်။

၂။ အာရပ်စော်ဘွားများပြည်ထောင်စုတွင် ထိပ်တန်းရင်းနှီးမြှုပ်နှံသည့် ပြည်ပကုမ္ပဏီတစ်ခုဖြစ်သော တရုတ်အိမ်ခြံမြေကုမ္ပဏီ Fidu Properties သည် ဒူဘိုင်းအိမ်ခြံမြေကဏ္ဍတွင် ယခုနှစ်ကုန်၌ အာရပ်ငွေ ၂ ဘီလီယံ (ကန်ဒေါ်လာ ၅၄၄ သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။

၃။ ကူဝိတ်ကုမ္ပဏီ (Napesco) နှင့် အမေရိကန်အခြေစိုက် Safe Ports Holdings တို့ ပူးပေါင်းကာ ဂျော်ဒန်နိုင်ငံတွင် စတုရန်းမီတာ ၄ သန်းခန့်ကျယ်ဝန်းသည့် သိုလှောင်ရုံဝန်းကြီး ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိသည်။

၎။ အီရန်နိုင်ငံရှိ မီးရထားလမ်းများ ဆောက်လုပ်ရေးနှင့် မွမ်းမံထိန်းသိမ်းရေးအတွက် အီရန်အစိုးရက ဆွစ်ဇာလန်ကုမ္ပဏီ Matisa Matériel Industrial နှင့် တစ်နှစ်စာချုပ်ချုပ်ဆိုလိုက်သည်။

၅။ အီဂျစ်နိုင်ငံ၌ ကမ္ဘာပေါ်တွင် အကြီးမားဆုံး လေအားလျှပ်စစ်ထုတ်လုပ်ရေးစခန်းကြီး ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကာ ဆောက်လုပ်ရေးအတွက် ကုန်ကျစရိတ် အီဂျစ်ငွေ ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၆၂၅ သန်း) ကုန်ကျခဲ့ပြီး လျှပ်စစ်ဓာတ်အား ၅၈၀ မဂ္ဂါဝပ်အထိ ရရှိနိုင်မည်ဟု ဆိုသည်။

၆။ ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် ယခုနှစ်အတွင်း Haramain အမည်ရှိ မြန်နှုန်းမြင့်ရထား ၃၅ စင်း ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် သန်း ၆၀ ခန့် သယ်ယူပို့ဆောင်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

၇။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာမှုနောက်တွင် ကမ္ဘာပေါ်၌ တတိယမြောက် စက်သုံးဆီသုံးစွဲမှု အများပြားဆုံး နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ရူပီးငွေမှာ ဆယ်စုနှစ်တစ်ခုတာ ကာလအတွင်း အဆိုးရွားဆုံးအခြေအနေသို့ ငွေတန်ဖိုး ထိုးကျသွားခဲ့သည်။

၂၀၁၈ ခုနှစ် နှစ်စပိုင်းမှစတင်ကာ ပြည်ပရင်းနှီးမြှုပ်နှံသူများက ရူပီးငွေဖြင့် တန်ဖိုးသတ်မှတ်ထားသော အိန္ဒိယ အစိုးရနှင့် ကော်ပိုရေးရှင်း တို့၏ ငွေချေးစာချုပ်များ ပိုင်ဆိုင်မှုကို လျှော့ချလာလျက်ရှိရာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံဖိုးရှိခဲ့ရာ အာရှတိုက်တွင် အခြေအနေအဆိုးဆုံးရင်ဆိုင်နေရသော ငွေကြေးဖြစ်လာလျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service