ရန်ကုန်တိုင်းအစိုးရသည် မြို့ပြင် ၁၁ မြို့နယ်တွင် စက်မှုဇုန်များ ထူထောင်မည့်အဆိုတစ်ရပ်ကို အတည်ပြုလိုက်ပြီ

ရန်ကုန်တိုင်းအစိုးရသည် မြို့ပြင် ၁၁ မြို့နယ်တွင် စက်မှုဇုန်များ ထူထောင်မည့်အဆိုတစ်ရပ်ကို အတည်ပြုလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
29 Jun 2018 9:53 am တွင် တင်ခဲ့သည်
5138 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် မြို့ပြင် ၁၁ မြို့နယ်တွင် စက်ရုံများထူထောင်မည့်အဆိုတစ်ရပ်ကို အတည်ပြုလိုက်ပြီးဖြစ်ပြီး ၎င်းတွင် မြို့သစ်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၅ မြို့နယ်ရှိရာ ၃၃ မြို့နယ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် စက်မှုဇုန် ၂၉ ခုရှိရာ လက်ရှိ မြန်မာနိုင်ငံ၏ စက်မှုဇုန် စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းကို ရန်ကုန် တိုင်းဒေသကြီးက ပိုင်ဆိုင်ထားပြီး ကုန်သွယ်မှုစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းကိုလည်းကောင်း၊အမေရိကန်ဒေါ်လာ ၂၀.၂ ဘီလီယံကို လည်းကောင်း၊ ဂျီဒီပီ၏ ၂၃ ရာခိုင်နှုန်းကိုလည်းကောင်း အသီးသီးပိုင်ဆိုင်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်ဧရိယာပြင်ပ ၁၁ မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တွေထူထောင်ခြင်းဟာ ရန်ကုန်မြို့တော်မှာလက်ရှိဖြစ်ပေါ်နေတဲ့ဆိုးကျိုးများကိုအထိုက်အလျောက်လျော့နည်းအောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောခဲ့ပါသည်။

" နိုင်ငံတကာအဆင့်မီစက်မှုဇုန်များထူထောင်ဖို့ စီမံကိန်းအစီရင်ခံစာမှာ မြို့နယ် ၁၁ မြို့နယ်လုံးအတွက် တင်ပြခဲ့ရခြင်းမှာ ပြည်ပပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံဖို့ နေရာဒေသအစုံမှာ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်စေရန်လည်းကောင်း၊ ဒေသခံပြည်သူများအနေနဲ့ဖြင့်လည်း မိမိဒေသကိုချန်လှပ်ခဲ့ခြင်းမျိုးမဖြစ်ပေါ်စေရန်လည်းကောင်း
ရည်ရွယ်ပြီးတင်ပြခဲ့ရခြင်းဖြစ်ပါတယ် "လို့ ၎င်းကပြောခဲ့ပါသည်။

ရန်ကုန်မြို့ပြင်ပ ၁၁ မြို့နယ်မှာ နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်ဖော်ခြင်းဟာ ၎င်း ၁၁ မြို့ နယ်အတွင်းမှာနေထိုင်တဲ့ ဒေသခံပြည်သူများရဲ့အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးနဲ့ဝင်ငွေတိုးတက်ရရှိလာတာနဲ့အမျှ ကျေးလက်နေပြည်သူများရဲ့ လူမှုဘဝအခက်အခဲများကို ဖြေရှင်းနိုင်အောင်ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ် ၄၅ မြို့နယ်ရှိပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန် ၄၄ မြို့နယ်ရဲ့ဧရိယာ အကျယ်အဝန်း ဟာ ၁၀,၂၃၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှုအောက်ရှိ ၃၃ မြို့နယ်ရဲ့ အကျယ်အဝန်းရဲ့ ၁၂ ဆနီးပါးခန့် ပိုမိုကျယ်ဝန်းတာကြောင့် ဒေသဖွံ့ဖြိုးရေးအတွက်များစွာလိုအပ်နေတယ်လို့ ဆိုပါတယ်။

သည် ၃၃ မြို့နယ်မှာသာစီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများကို အများစုလုပ်ကိုင်နေတဲ့အတွက် ကျန်ပြင်ပ ၁၁ မြို့နယ်နဲ့ ဖွံ့ဖြိုးမှုအပိုင်းမှာ ကွာဟနေတယ်လို့ သိရပါတယ်။

မြို့သစ်စီမံကိန်းအရ ရထားလမ်း၊ ကား လမ်းများနှင့်အခြေခံအဆောက်အဦများ တည်ဆောက်မည့် အစီအစဉ်ကောင်းများကိုလည်းရေးဆွဲလျက်ရှိကြောင်း သိရသည်။


Credit :Myanmar Industry Directory

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service