အကျိုးဆောင်လိုင်စင်ပေါ်ပေါက်လာမည့်အပေါ် အကျိုးဆောင်အများစုကြိုဆို

အကျိုးဆောင်လိုင်စင်ပေါ်ပေါက်လာမည့်အပေါ် အကျိုးဆောင်အများစုကြိုဆို - Property News in Myanmar from iMyanmarHouse.com
28 Jun 2018 12:51 pm တွင် တင်ခဲ့သည်
2748 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအကျိုးဆောင်များအား လိုင်စင်ထုတ်ပေးပြီး လိုင်စင်ဖြင့်ထိန်းကျောင်းမည့်စနစ်မျိုးကို ကြိုဆိုကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များကပြောဆိုသည်။

“ အကျိုးဆောင် လိုင်စင်စနစ်ကတော့ ရှိသင့်တဲ့စနစ်လို့ယူဆပါတယ်။အဲဒါမှလည်း စနစ်တကျဖြစ်သွားမယ်။ဥပဒေ တွေသေချာထွက်လာမယ်။ လုပ်ရ ကိုင်ရတာ ပိုလည်းကောင်းမယ်။အခုကကြတော့ တစ်ချို့နေရာတွေမှာ အကျိုးဆောင်တွေကအနစ်နာခံနေရတာတွေ အများကြီးရှိပါတယ်။အကျိုးဆောင်တွေအချင်းချင်းထဲမှာလည်း မသမာမှုတွေလျော့သွားနိုင်ပါတယ်။အိမ်တွေတာဝန်ခံပြီး အပ်တာတွေ ဘာတွေရှိလာမယ်လို့ ယူဆပါတယ်။ကြိုဆိုရမယ့် ဥပဒေပါ။ ’’ဟု မြန်မာနိုင်ငံ အိမ် ခြံ မြေ၀န်ဆောင်အသင်းမှ တာဝန်ရှိသူတစ်ဦးမှပြောသည်။

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလောကအတွက် သက်ရောက်မှု များစွာရှိမယ့် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က အများပြည်သူ လေ့လာ နိုင်ရန်ဇွန်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ ပုဂ္ဂိုလ်များနှင့် ၂ဝ၁၆ ခုနှစ် သြဂုတ်လကစတင်ကာ ဦးတည်ရေးဆွဲပြီး လွှတ်တော်ကို တင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါဥပဒေတွင်အိမ်ခြံမြေပွဲစားတွေရဲ့ အခန်းကဏ္ဍကို ပိုမိုထင်ရှားပေါ်လွင်အောင် ရေးဆွဲထားပြီး ဥပဒေအတည်ပြုပြီးပါက ပွဲစားများအနေဖြင့် လိုင်စင်မဖြစ်မနေ လျှောက်ထားရမည်ဖြစ်သည်။လိုင်စင်မရှိဘဲ ပွဲစားလုပ်ပါက ထောင်ခြောက်လ၊ သို့မဟုတ် ဒဏ်ငွေ ကျပ်သိန်း ၃ဝ ထိ၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်တယ်လို့ ဥပဒေကြမ်းတွင် တွေ့ရှိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service