အထပ်မြင့် အဆောက်အုံတွေ ခြိမ်းခြောက်ခံနေရတဲ့ ကလောမြို့

အထပ်မြင့် အဆောက်အုံတွေ ခြိမ်းခြောက်ခံနေရတဲ့ ကလောမြို့ - Property News in Myanmar from iMyanmarHouse.com
6 Jun 2018 12:13 pm တွင် တင်ခဲ့သည်
3487 ကြိမ် ကြည့်ရှု့ပြီး
ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတွေ၊ ထင်းရှူးတောတွေနဲ့ သဘာဝပတ်ဝန်းကျင် အလှတွေ ပိုင်ဆိုင်ထားတဲ့ တောင်စခန်းမြို့လေး ကလောဟာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အထင်ကရမြို့လေးတမြို့ဖြစ်ပါတယ်။

တနှစ်ပတ်လုံးမှာ ပျမ်းမျှအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်သာရှိတဲ့ အေးမြတဲ့ရာသီဥတု ပိုင်ဆိုင်ထားပြီး လတ်ဆတ်တဲ့ ဒေသထွက် သီးနှံအစား အစာတွေ၊ ဒီနေ့ထိ မပျက်ဆီးသေးဘဲ ကျန်ရှိနေသေးတဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေနဲ့ ထင်ရှားတဲ့ ကလောမြို့လေးဟာ ပြည်တွင်း၊ ပြည်ပ ခရီးသည်းတွေ အတွက် စိတ်ဝင်စားစရာကောင်းတဲ့မြို့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက ကလောမြို့တွင်း ဘယ်နေရာက ကြည့်ကြည့် တောင်ပတ်ဝိုင်းပြီး စိမ်းလန်းစိုပြေနေတဲ့ တောတောင် ရှုခင်းတွေကို သဘာဝ ပန်းချီကားကြီး တချပ်လို ကြည့်ရှုခံစားနိုင်ခဲ့ပေမယ့် ခုချိန်မှာတော့ ခပ်စိပ်စိပ်တိုးထွက်လာတဲ့ အထပ်မြင့် အဆောက်အအုံတွေကြောင့် ဒီမြင်ကွင်းတွေကို ဆုံးရှုံးလာရနေပါပြီ။

“ကလောဟာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအပေါ် ရပ်တည်နေတဲ့မြို့လေးပါ။ သဘာဝအလှတွေကို တန်ဖိုးထား အနားယူ လေ့လာမယ့် ခရီးသွားတွေကို အနှောက်အယှက်ဖြစ်စေမယ့် အထပ်မြင့် အဆောက် အအုံတွေကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်လာမှာ စိုးရိမ်ပါတယ်” လို့ ကလောမြို့ခံ ဦးသိန်ဇော် ကဆိုပါတယ်။

ကလောမြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ၂၀၁၂ – ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ Reinforced Concrete (RC) ၃ ထပ်ကနေ ၅ ထပ်အထိ အဆောက်အအုံ ၁၉ လုံး တည်ဆောက်ခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ် အတွင်း တင်ပြ စိစစ်ဆဲ အထပ်မြင့် အဆောက်အအုံမှာလည်း ၄ လုံးရှိနေပါတယ်။

အခုဆိုရင် ကလောမြို့ပေါ်မှာ ဟိုတယ်နဲ့ တည်းခိုခန်း အခန်းပေါင်း ၇၅၀ ခန့်ရှိပြီး နောက်ထပ်တည်ဆောက်နေဆဲ အခန်းတွေ ပြီးရင် အခန်းပေါင်း ၁၀၀၀ ခန့်အထိ ရှိလာမယ့် အခြေအနေပါ။
၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ်ခရီးသွား ၁ သောင်းဝန်းကျင် လာရောက်လေ့ရှိပြီး တနှစ်ကို ရက်ပေါင်း ၄၀ ခန့်သာ အခန်းပြည့်တဲ့ အတွက် လက်ရှိရှိနေတဲ့ ဟိုတယ်အခန်း အရေအတွက်ဟာ လိုအပ်မှုမရှိသေးဘူးလို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်လှယ် ဒေါ်ပြုံးကေသီနိုင် က ထောက်ပြပါတယ်။

တချို့ဒေသခံတွေက အထပ်မြင့်တိုက်တွေ များပြားလာတာဟာ စီးပွားရေးကောင်းမွန်မှုကြောင့်လို့ အကောင်းမြင် ပြောဆိုမှုတွေ လည်း ရှိနေပါတယ်။

ဒီတောင်စခန်းမြို့လေးမှာ ရေပြဿနာလည်းရှိပါတယ်။ မြို့မှာအခြေစိုက်ထားတဲ့ တပ်မတော် သင်တန်းကျောင်းတွေ ဖွင့်ချိန်ဆိုရင် ရေကို မြို့ခံလူထုနဲ့ သင်တန်းကျောင်းတွေ မျှဝေသုံးရပါတယ်။ ရေရရှိရေးမှာ ပြဿနာရှိနေသလို ရေဆိုး ပြန်စွန့်ထုတ်ရာမှာလည်း ပြဿနာရှိနေပြန်ပါတယ်။

အခုနှစ်ပိုင်းတွေမှာ ကလောမြို့ပေါ် ၁၅ ရပ်ကွက်ထဲမှာ မိုးရွာရင် ရေဝပ်ရေမြုပ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ဘူးလို့ ကလောမြို့ သာယာလှပရေးနဲ့ သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ရရှိစေချင်သူတွေက ဆိုကြပါတယ်။

ဒီလိုအခြေအနေမှာ အထပ်မြင့် အဆောက်အအုံတွေ များလာတာနဲ့အမျှ ရေလိုအပ်ချက် များပြားမှာဖြစ်သလို သုံးစွဲစွန့်ထုတ်မှု ကလည်း မြင့်တက်လာမှာမလွဲပါ။ လက်ရှိအခြေအနေမှာတော့ အထပ်မြင့် စီမံကိန်းတွေဟာ ကလောမြို့ရဲ့ လှပတဲ့တောတောင် ရှုခင်းတွေ အပြိုင် လုယက်ရင်း စီးပွားရေးအကျိုးအမြတ်အတွက် သူ့ထက်ငါအပြိုင် တည်ဆောက်သလိုဖြစ်နေပါတယ်။

ကလောမြို့ကို လာရောက်လည်ပတ်သူတွေဟာ ပျမ်းမျှနှစ်ရက်ခန့်သာ နေထိုင်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ ဒီအပေါ်အခြေခံပြီး ခရီးသွားတွေ ရက်ကြာကြာ နေထိုင်ချင်လာအောင် လည်ပတ်စရာတွေ လေ့လာရေး ခရီးတွေကို ရှိပြီးအရင်းအမြစ်တွေအပေါ် အခြေခံပြီး ခရီးသွားလုပ်ငန်းအပေါ်မှာသာ ပိုမိုရင်းနှီးမြုပ်နှံကြဖို့ ဒေသခံတွေ တချို့က ရှေ့ကိုမျှော်တွေးပြီး ပြောဆိုနေကြပါတယ်။

ကလောမြို့ရဲ့ ပတ်ဝန်းကျင်မှာ ငှက်မျိုးစိတ်ပေါင်း ၂၇၆ မျိုးကို မှတ်တမ်းတင်ထားနိုင်သလို စစ်ကြိုခေတ် အဆောက် အအုံပေါင်းက ၂၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် ကလော-အင်းလေး trekking ခရီးစဉ်၊ ဆင်တွေရဲ့ ဘာဝကို လေ့လာနိုင်မယ့် ဆင်စခန်း၊ သဘာဝကျောက်လိုဏ်ဂူ စတာတွေအပြင် ဒေသခံ တိုင်းရင်းသား လူမျိုးစုရွာတွေကို လည်ပတ်နိုင်ပါသေးတယ်။

သဘာဝ ခရီးသွားလုပ်ငန်း အောင်မြင်ဖို့ အတွက် ကြိုးပမ်းရာမှာလည်း ဒေသခံတွေအပေါ် အသိပညာပေး လုပ်ငန်းများ ဖြန့်ဝေမှု လက်ရှိအခြေအနေထက် အရှိန်မြင့် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကလောမြို့ခံ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်ရဲပြည့် က ဆိုပါတယ်။

အမြင်ကျယ်တဲ့ ဒေသခံတချို့က ဒီလို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမျိုးတွေကို အခြေခံပြီး အစီအစဉ် အသစ်တွေ ချဲ့ထွင်စေချင်နေကြတာပါ။

“အနာဂတ် ရင်းနှီးမြုပ်နှံမှုတွေဟာ ခရီးသွားလုပ်ငန်းအပေါ်မှာပဲ ဖြစ်စေချင်တယ်။ သဘာဝပတ်ဝန်ကျင်နဲ့ မြို့ရဲ့ အမွေအနှစ် တွေကို ထိန်းသိမ်းရာရောက်သလို အခြေခံလူထုအထိ အကျိုးသက်ရောက်မှုရှိလို့ပါပဲ” လို့ ဒေါ်ပြုံးကေသီနိုင် က ဆိုပါတယ်။

ကလောမြို့နဲ့အနီးဆုံးမှာ ရှိနေတဲ့ အောင်ပန်းနဲ့ ဟဲဟိုးတို့ဟာလည်း ရာသီဥတုကောင်းမွန်ပြီး နေချင့်စဖွယ်မြို့လေးတွေ ဖြစ်ပါတယ်။

ဟဲဟိုးမြို့ဆိုရင် စိုက်ပျိုးရေးနဲ့ ကျော်ကြားသလို ဒေသထွက် သီးနှံတွေဟာ မန္တလေးအပါအဝင် မြို့ကြီးတွေအထိ တင်ပို့လျက် ရှိပါတယ်။ အောင်ပန်းမြို့ ဆိုရင်လည်း ကုန်စည်စီးဆင်းရာ လမ်းကြောင်းပေါ်က အရေးပါတဲ့ မြို့တမြို့ဖြစ်သလို လှပတဲ့ တောင်တန်းမြို့လေးလို့လည်း ဆိုနိုင်ပါတယ်။

ဒီလ ၆ ရက်နေ့ကနေ ၈ ရက်နေ့ အထိ ပြုလုပ်မယ့် တနိုင်ငံလုံးဆိုင်ရာ ခရီးသွားဖိုရမ်ကို ကလောမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဖိုရမ်ကနေ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ အစီအစဉ်ကောင်းတွေ ထွက်ပေါ်လာဖို့လည်း မျှော်လင့်နေကြပါတယ်။

“မြို့ပြရဲ့ဖွံ့ဖြိုးမှုစီမံကိန်းမှာ ကိုလိုနီခေတ်လက်ရာ အနေအထားတွေ မပျက်စေချင်ဘူး။ ခရီးသွားလုပ်ငန်းရဲ့ လှုပ်ရှားမှုပိုင်းကို ပိုလုပ်ဖို့ လိုနေတယ်” လို့ ကလောမြို့ခံ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်ရဲပြည့် က ပြောပါတယ်။

ကလောမြို့ရဲ့ပတ်ဝန်ကျင် လေ့လာစရာတွေနဲ့ ပတ်သက်ပြီး ခရီးသွားလုပ်ငန်း အသစ်တွေဖော်ဆောင်မယ့်သူတွေ အနေနဲ့ ခွင့်ပြုချက် တင်ရမယ့်ကိစ္စတွေမှာ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိနေသေးတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကဆိုပါတယ်။

ကလောမြို့ခံတွေကတော့ အထပ်မြင့် အဆောက်အအုံတွေ များလာတဲ့အတွက်ကြောင့် မြို့အလှပျက်ပြီး ခရီးသွားလုပ်ငန်း အပေါ် ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်နေကြကြောင်းနဲ့ တလျှောက်လုံး ထိန်းသိမ်းလာခဲ့တဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေ ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

Credit: irrawaddy
အထပ်မြင့် အဆောက်အုံတွေ ခြိမ်းခြောက်ခံနေရတဲ့ ကလောမြို့ - Property News in Myanmar from iMyanmarHouse.com
အထပ်မြင့် အဆောက်အုံတွေ ခြိမ်းခြောက်ခံနေရတဲ့ ကလောမြို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

yatanar-mall
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service