ပင်လယ်ကွေ့နိုင်ငံများတွင် အိမ်ခြံမြေက လူကြိုက်အများဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လာ

ပင်လယ်ကွေ့နိုင်ငံများတွင် အိမ်ခြံမြေက လူကြိုက်အများဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
4 Jun 2018 10:24 am တွင် တင်ခဲ့သည်
3292 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေသည် ပင်လယ်ကွေ့ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကောင်စီ (GCC) နိုင်ငံများတွင် လူကြိုက်အများဆုံး၊ ရေပန်းအစားဆုံး ရင်းနှီးမြှုပ်နှံမှုအတန်းအစား ဖြစ်လာကြောင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Select Property Group ၏ စစ်တမ်းသစ်တစ်ရပ်အရ သိရသည်။

၎င်းစစ်တမ်းတွင် ပါဝင်ဖြေဆိုသူများ၏ ၇၅ ရာခိုင်နှုန်းက သူတို့သည် သူတို့နိုင်ငံရှိ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံထားကြကြောင်း ဖြေကြားခဲ့ကြသည်။ ၆၀ ရာခိုင်နှုန်းခန့်က သူတို့သည် အနာဂတ်တွင် နိုင်ငံတကာအိမ်ခြံမြေများကို ဝယ်ယူရန် စဉ်းစားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ကြသည်။

ငွေချေးစာချုပ်များ၊ စတော့ခ်များ၊ အစုစပ်ရန်ပုံငွေများ၊ ဘဏ်ထုတ်ကုန်များ၊ အဖိုးတန်သတ္တုများနှင့် အနုပညာလက်ရာပစ္စည်းများထက် အိမ်ခြံမြေက သူတို့အတွက် ရင်းနှီးမြှုပ်နှံရန် ထိပ်တန်းရွေးချယ်စရာဖြစ်ခဲ့သည်။

"အိမ်ခြံမြေက အာမခံချက်ရှိတဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တာကြောင့် အိမ်ခြံမြေကဏ္ဍမှာ စိတ်ဝင်စားမှုများပြားလာတာဟာ သဘာဝပါပဲ" ဟု Select Property Group ၏ မန်နေဂျင်းဒါရိုက်တာ (ဦးဆောင်ညွှန်ကြားရေးမှူး) အဒမ်ပရိုက်စ်က ပြောကြားခဲ့သည်။

ဖြေဆိုသူ ၇၁ ရာခိုင်နှုန်းက ယူအေအီးတစ်နိုင်ငံတည်း၌ပင် ခြောက်လတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုအသစ်အသစ်များ ပြုလုပ်ရန် ရှာဖွေကြပြီး ၃၂ ရာခိုင်နှုန်းက ယူအေအီးတစ်နိုင်ငံတည်း၌ပင် သုံးလတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုသစ်များ ပြုလုပ်ရန် ရှာဖွေကြသည်။

ဖြေဆိုသူ သုံးပုံနှစ်ပုံနီးပါးဖြစ်သည့် ၆၃ ရာခိုင်နှုန်းက သူတို့ကိုယ်သူတို့ ရင်းနှီးမြှုပ်နှံမှုအသိပညာအဆင့် မြင့်မားအားကောင်းသူများဟုလည်း ဖော်ညွှန်းခဲ့ကြကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service