နိုင်ငံတကာအဖွဲ့အစည်း Advans နှင့် ရိုးမဘဏ်တို့ ပူးပေါင်း၍ အသေးစားချေးငွေများ ထုတ်ချေးမည်

နိုင်ငံတကာအဖွဲ့အစည်း Advans နှင့် ရိုးမဘဏ်တို့ ပူးပေါင်း၍ အသေးစားချေးငွေများ ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
30 May 2018 10:08 am တွင် တင်ခဲ့သည်
4780 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်း Advans နှင့် ရိုးမဘဏ်တို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မိသားစုများကို အသေးစားချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

ရိုးမဘဏ်နှင့် Advans တို့ ပူးပေါင်းမှုတွင် ငွေကြေးလုပ်ဆောင်ချက် သဘောတူညီချက် ၃ ခုကို လုပ်ဆောင်ခဲ့ပြီး ယင်းသဘောတူညီမှုများမှာ အမေရိကန်ဒေါ်လာ ခုနစ်သိန်းတန်ဖိုးရှိ နိုင်ငံခြားငွေကြေးချေး ငွေဖလှယ်မှုနှင့် မြန်မာကျပ် တစ်ဘီလီယံတန် back-to-back ကာလတို ချေးငွေနှစ်ခုပါဝင်ကြောင်း ရိုးမဘဏ်ထံမှသိရသည်။

နိုင်ငံခြားငွေကြေး ချေးငွေဖလှယ်မှု သဘောတူညီချက်အရ နိုင်ငံခြားမှ ငွေချေးယူရာတွင် တွေ့ကြုံရသည့် နိုင်ငံခြားငွေလဲလှယ်မှု ဆုံးရှုံးနိုင်ခြေကို အပြည့်အဝ ရှောင်ဖယ်နိုင်မည်ဖြစ်ပြီး စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မိသားစုပေါင်း နှစ်ထောင်ကျော်ကို အသေးစားချေးငွေများ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ရိုးမဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

“ဒီငွေကြေးဝန်ဆောင်မှုတွေဟာ လူမှုအသိုင်းအဝန်းတွေအတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို အားကောင်းလာစေမှာဖြစ်ပြီး လူနေမှုအဆင့်အတန်း တိုးတက်လာစေမှာဖြစ်တဲ့အပြင် ရေရှည်အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်”ဟု Advans မြန်မာ၏ အုပ်ချုပ်မှုဒါရိုက်တာ Mrs. Jana Chmelnizki Kadian က ပြောကြားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Advans မြန်မာအဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့် အလှမ်းဝေးသော လူမှုအသိုင်းအဝန်းအတွက် သင့်တင့်မျှတ၍ လွယ်ကူစွာရယူနိုင်သော ငွေကြေးဝန်ဆောင်မှုများကို လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အသေးစားချေးငွေများ၊ တစ်ဦးချင်းချေးငွေ၊ မြို့ပြနှင့် အနီးအနားမြို့ ပြဒေသများရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အသေးစားအလတ်စား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ငွေကြေးဝန်ဆောင်မှုများ ပေးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service