မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား - Property News in Myanmar from iMyanmarHouse.com
6 Apr 2018 11:50 am တွင် တင်ခဲ့သည်
5742 ကြိမ် ကြည့်ရှု့ပြီး
တပ်ပိုင်မြေပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ အကုန်အကျခံ တည်ဆောက်မည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းအား အနီးရှိ သက်တမ်း ၉၂ နှစ်ရှိသောရေလှောင်ကန်ကြီးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ရန်ကုန်တိုင်းအစိုးရက အတည်ပြုပြီးသည်အထိ ဆိုင်းငံ့ထားရန် ညွန်ကြားထားကြောင်း သိရသည်။

လုပ်ငန်းများ စတင်စပြုနေသော မြရိပ်ညိုစီမံကိန်းကို ဗဟန်းမြို့နယ်ရှိ ယခင်မြရိပ်ညိုဟိုတယ်ရှိရာ ၁၃ ဧက ကျယ်သောမြေတွင် ဇေကမ္ဘာ ကုမ္မဏီက အကောင်အထည်ဖေါ်နေသည်။

အမြင့် ၃၈၂ ပေမှ ၄၁၂ ပေအထိမြင့်သော အဆောက်အအုံ ၁၂ လုံးနှင့် ၃ ထပ် အဆောက်အအုံတခုကို ထိုနေရာတွင် တည်ဆောက်ရန် စီစဉ်ထားသည်။ ထိုနေရာသည်ရန်ကုန်မြို့တွင်း မြို့နယ် ၁၆ ခုကို ရေပေးဝေသည့် ရေလှောင်ကန်ကြီးအနီးတွင် တည်ရှိသည်။

ထို ဂါလန်သန်း ၂ဝ ဆံ့သော ရေလှောင်ကန်ကြီး ပျက်ဆီးပါက အနီးရှိ ရပ်ကွက်ကို ရေလွှမ်းမိုးပြီး တမြို့လုံးရေပြတ်လတ်နိုင်သောကြောင့် ရပ်ကွက်တွင်းနေထိုင်သူများက ထိုစီမံကိန်းကို ဆန့်ကျင်ကြသည်။

လုပ်ငန်းများ ဆိုင်းငံ့ထားရန် မြို့တော်စည်ပင်က မတ်လတွင် ညွှန်ကြားခဲ့သော်လည်း ထိုကုမ္ပဏီက လိုက်နာခြင်း မရှိသောကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကဧပြီလ ၂ ရက်နေ့ က လုပ်ငန်း ဆိုင်းငံရန် စာတစောင် ပေးပို့ခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် နှင့် ဝန်ကြီးအချို့အား အင်္ဂါနေ့ က တွေ့ဆုံပြီး ရေလှောင်ကန် ဘေးကင်းရေးအတွက် သူ၏ အစီအမံများအား ရှင်းပြခဲ့သည်ဟု သိရသည်။

ရေလှောင်ကန် ဘေးအန္တရာယ် ကင်းရှင်းရေးကို သေသေချာချာလုပ်ရန်နှင့် Safety ဖြစ်မှ ဆက်သွားပါ ဟု ဝန်ကြီးချုပ်က ပြောကြားထားကြောင်း သိရသည်။

ရေလှောင်ကန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဘိုးလ်ပိုင်များ၊ ရေလုံပစ္စည်းများ သုံးမည်ဟု သိရသည်။ ထို့ပြင် ပညာရှင်များနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း တရက်နှ စ်ရက်အတွင်း လုံခြုံရေးအစီအစဉ်များစည်ပင်ကို တင်ပြမည် ဟုလည်း ဆိုသည်။

ထိုစီမံကိန်းအကြောင်းသိသူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တဦးကမူ လုံခြုံရေးအစီအမံများကို ပညာရှင်များ၏ လက်မှတ်ဖြင့် တရားဝင် တင်ပြရန် ဆောက်လုပ်ရေးကုမ္ပဏီကို ညွှန်ကြားထားကြောင်း နှင့် ထိုတင်ပြချက်ကို အစိုးရအဖွဲ့ သို့ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း သိရသည်။

ရေကန်ဘေးကင်းဆိုင်ရာ အစီအမံအဆိုပြုချက်ကို အစိုးရက ခွင့်ပြုမှ ဆက်လုပ်ခွင့်ပေးမည်။လောလောဆယ်တော့ ဘာမှ ခွင့်ပြုမထားဘူးဟု ထိုကော်မတီဝင်က ပြောသည်။

ထိုစီမံကိန်းအတွက် တပ်မှ ခေါ်သည့် တင်ဒါကို ၂၀၁၄ ခုနှစ်တွင် ဇေကမ္ဘာမှ အောင်မြင်ခဲ့ကြောင်း စီမံကိန်းဒါရိုက်တာ မှ ပြောသည်။

မြေငှားစာချုပ်အရ ကျနော်တို့က ဒီနေရာကို နှစ် ၅၀ နဲ့ ၁ဝ နှစ် ၂ ကြိမ် သက်တမ်းတိုးခွင့် ရထားသည်ဟု ပြောကြားထားကြောင်းသိရသည်။

၂ဝ၂ဝ ခုနှစ်တွင် ပြီးစီးမည့် ထိုစီမံကိန်းသည် ရန်ကုန်တွင် အထင်ကရ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး ဟိုတယ်နှင့် လူနေအိမ်ခန်းများပါဝင်ကြောင်း ပြောသည်။

ထိုစီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီ တခုတည်းက အကောင်အထည်ဖေါ်ပြီး တရုတ်နိုင်ငံဆောက်လုပ်ရေးအင်ဂျင်နီယာကော်ပိုရေးရှင်းသည် ကန်ထရိုက်တာသာဖြစ်ပြီး ဖက်စပ်မဟုတ်ကြောင်း လည်း သိရသည်။

ဖက်စပ် လုပ်ချင်သော်လည်း စစ်တပ်နဲ့ ချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာက ဒီအချက်ကို ခွင့်မပြုဘူး။ အခန်းတွေရောင်းပြီး သူတို့ကိုပေးရမည် ဟုပြောပြီး ထိုတရုတ်ကုမ္ပဏီသည် အမြတ်ငွေ၏ ၆၀ ရာခိုင်နှုန်းရမည်ဖြစ်ကြောင်းသိရသည်။

ယခု သူ့ စီမံကိန်း မကြာခဏ ဆိုင်းငံ့နေရခြင်းသည် မြန်မာနိုင်ငံအတွက် အလားအလာရှိသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နိုင်သည်ဟု သူက ပြောသည်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်လို့ ထင်ခဲ့ကြတာ။ တကယ်တော့ ဝင်မလာဘူး။

ရေလွှမ်းမိုးမည်ကို ရပ်ကွက်နေသူများ ပူပန်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ရေလှောင်ကန်နှင့်ဝေးကြောင်းပြောကြားချက်အရ သိရသည်။

ပြည်သူတွေ စိတ်မပူရအောင် ဘိုးလ်ပိုင်တွေ၊ water seal တွေ သုံးပြီးကာကွယ်သွားမည်ဖြစ်ပြီး ဘာမှ ဖြစ်စရာ မရှိတော့ပါဘူးဟု ပြောသည်။

ထိုသို့ပြောသော်လည်း ရပ်ကွက်နေသူအချို့က အယုံအကြည် မရှိကြချေ။

အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ပြီးပါက သူတို့၏ ဆိတ်ငြိမ်ရပ်ကွက် ထိခိုက်မှု ရှိလာမည်ကို စိုးရိမ်ကြသည်။

ထို ရေလှောင်ကန်ကြီး ဘေးကင်းကြောင်း လွတ်လပ်တဲ့ပညာရှင်တွေဆီက ခိုင်မာတဲ့ အာမခံချက် လိုချင်တယ်။ ဒါကို ပြည်သူလူထုဆီ ချပြရမယ်။ ခုချိန်အထိတော့ ထိုစီမံကိန်းက ပွင့်လင်းမြင်သာမှု မရှိဘူးဟု ပြောကြားချက်များအရ သိရသည်။

Credit :Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service