ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတစ်ခုသာ တင်ရမည်

ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတစ်ခုသာ တင်ရမည် - Property News in Myanmar from iMyanmarHouse.com
30 Mar 2018 11:49 am တွင် တင်ခဲ့သည်
4362 ကြိမ် ကြည့်ရှု့ပြီး
ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် ကုမ္ပဏီဥပဒေသစ်အရ မှတ်ပုံတင်သည့်အခါ ယခင်ကကဲ့သို့ အကြောင်းအရာနှစ်ခု ခွဲတင်စရာမလိုဘဲ ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတစ်ခုသာ ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခုအချိန်တွင်မူ ကုမ္ပဏီဥပဒေအဟောင်းအရ မှတ်ပုံတင်သည့်အခါ ကုမ္ပဏီအသင်းအဖွဲ့မှတ်တမ်းနှင့် အသင်းအဖွဲ့စည်းမျဉ်းဟူ၍ နှစ်ခုခွဲတင်နေရကြောင်း၊ ဥပဒေသစ်စတင်ချိန်တွင် အွန်လိုင်းမှ မှတ်ပုံတင်ရမည်ဖြစ်သောကြောင့် အချိန်ကြန့်ကြာမှု မရှိစေရေးအတွက် ပေါင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပုံစံကို ဌာနကနေ ရေးဆွဲနေပါတယ်။ ဇူလိုင်လဆိုရင် ပြီးပါပြီ။ အွန်လိုင်းမှတ်ပုံတင်စတဲ့အခါ လုပ်ငန်းရှင်က ဝက်ဘ်ဆိုက်ကနေ ယူလို့ရသလို သူ့ဟာသူရေးဆွဲပြီး တင်မယ်ဆိုလည်း ရပါတယ်”ဟု ၎င်းက ဆိုသည်။

အွန်လိုင်းဖြင့်မှတ်ပုံတင် စတင်လျှင် တစ်နိုင်ငံလုံးရှိ ကုမ္ပဏီများအားလုံးမှာ မှတ်ပုံတင်လုပ်ငန်းကို ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သောကြောင့် ကုမ္ပဏီအသင်းအဖွဲ့မှတ်တမ်းနှစ်ခုကို ပေါင်းလိုက်ခြင်းဖြစ်နိုင်ကြောင်း၊ မှတ်ပုံတင်ကြေးများလည်း အပြောင်းအလဲဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ကုမ္ပဏီမှတ်ပုံတင်တာက ဥပဒေအသစ် စမယ်ဆိုရင် အသေး၊ အလတ်၊ အကြီး သုံးမျိုးခွဲထားမှာလေ။ ဒီတော့ ကုမ္ပဏီအမျိုးအစားအလိုက် ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွေက မတူနိုင်ဘူး။ ဒါကြောင့် အစိုးရပိုင်းက တစ်ခုတည်း တစုတစည်းတည်း လုပ်လိုက်တယ်လို့ထင်တယ်”ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်မြင့်က ပြောကြားသည်။

အွန်လိုင်းစနစ်စတင်သော်လည်း ရိုးရိုးစနစ်ဖြင့် မှတ်ပုံတင်ချင်လျှင် တင်ခွင့်ပြု၍ ယင်းသို့ ရိုးရိုးပုံစံဖြင့် မှတ်ပုံတင်သူများကို မှတ်ပုံတင်ကြေး ပိုကောက်ရန် စဉ်းစားထားကြောင်း၊ ဧပြီလ ၁ ရက်နေ့မှစ၍ အများနှင့်မသက်ဆိုင်သော ကုမ္ပဏီများ၏ မှတ်ပုံတင်ကြေးကို ကျပ်နှစ်သိန်းခွဲ ကောက်ခံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service